73 😔

7.8K 1K 121
                                    

( Zawgyi )

အခုဆို နှစ်ယောက်စလုံး သတိမရလာတာ
တစ်ပတ်ကျော်နေပြီ...
ခန္ဓာကိုယ်မှာ ထူးထူးခြားခြား
Sign ပြတာမျိုးလည်း မရှိကြပါဘဲ
နှစ်ယောက်စလုံး နိုးမလာခဲ့ကြပေ....

ငယ်လေးခန္ဓာကိုယ်ကို MRI ရိုက်ကြည့်တော့
ခွဲစိတ်ထားသည့်နေရာကလည်း
အဆင်ပြေသည်...ခန္ဓာကိုယ်ထဲမှာလည်း
ဘာမှမဖြစ်ပါဘဲ ဘာလို့ သတိမရလာမှန်း
မသိပေ....

ကလေးလေးကျတော့လည်း
ဘာမှကြီးကြီးမားမားမဖြစ်ဘဲ
Shock ရသွားပြီး မေ့လဲသွားရုံလေးတင်ကို
နှလုံးခုန်သံတွေပါ မူမမှန်တော့ဘဲ
သတိပါ ပြန်လည် မလာတော့ပေ...

ဆရာဝန်တွေလည်း ခေါင်းတွေ
စားကုန်ကြပြီ...ပုံမှန်ဆို
ဒီလိုအခြေအနေမျိုး လူနာတွေအကုန်
သူနိုးရမည့်အချိန်တွင် နိုးရမည်ကို
အခု သူတို့နှစ်ယောက်ကတော့
တုပ်တုပ်မှမလှုပ်ပေ....

ငယ်လေးကို ခွဲစိတ်တုန်းက
မေ့ဆေးဆရာဝန်ကလည်း
ခေါင်းကြိမ်းနေပြီ... သူမေ့ဆေးပေးတာများ
မှားသွားလားဆိုပြီးတော့....

“ ဦးနှောက်လှိုင်း စမ်းသပ်မလား....”

ဟု မေမေကပြောတော့

“ အခုတော့စမ်းရတော့မှာပေါ့....
ဦးနှောက်နဲ့ပတ်သတ်ပြီးတော့
ဘာမှတော့ မဖြစ်လောက်ပါဘူး....”

ဟု ကျွန်တော်တို့ သားအမိနှစ်ယောက်
ပြောနေသည်ကို ကိုကြီးက
ဝင်မေးလေသည်...

“ ဦးနှောက်က ဘာကိုပြောတာလဲ....
ဘာဖြစ်နိုင်လို့လဲ...”

“ Coma ဖြစ်သွားမှာစိုးလို့...
ငယ်လေးက ခေါင်းကိုလည်း
အရိုက်ခံလိုက်ရတော့ တစ်ခုခုဖြစ်မှာစိုးလို့
စစ်ကြည့်မလို့...”

ဟု ကျွန်တော်က ပြောလိုက်တော့
အားလုံး မျက်နှာမကောင်းကြပေ....

ငယ်လေး၏ သူငယ်ချင်းနှစ်ယောက်လည်း
ရောက်နေကြသည်....
Sehun ကတော့ ငယ်လေးဘေးနားတွင်
ထိုင်ကာ Jongin ကတော့ ဖေဖေ့ဘေးတွင်
ထိုင်နေသည်...

“ တကယ် အဲ့လိုဖြစ်နိုင်လား....”

ဟု ကိုကြီးက မေမေ့ဘေးနားတွင်
ထိုင်နေရင်းနှင့်မေးလေသည်....

ကိုကိုလူဆိုး ( Z + U ) 🍀 Complete 🍀Where stories live. Discover now