69 😊

9.3K 1K 169
                                    


( Zawgyi )

ကျွန်တော်အလုပ်လုပ်နေသည့်
စားပွဲဘေးနားက ကြမ်းပြင်ပေါ်တွင်
ငုတ်တုပ်ထိုင်နေကာ ကျွန်တော့ ဒူးပေါ်ကို
မေးစိလေးတင်ပြီး သူခေါင်းထဲပေါ်လာသမျှ
အစားအစာတွေကို ရေရွတ်နေလေသည်...

ဟိုတစ်ပတ်က သူဆိုးချင်ရင်
ကျွန်တော့ကိုဆိုး ဆိုပြီး ပြောလိုက်သည်ကို မှတ်ထားပြီး အလုပ်လုပ်နေသည့်
ကျွန်တော့ကိုလာပြီး ချွဲနေခြင်း
နောက်တစ်နည်းပြောရရင်တော့
နှောင့်ယှက်နေခြင်း ဖြစ်သည်....

“ ကိုကို့...Baek ရေခဲမုန့်စားချင်တယ်...”

“ အင်းးးး....”

“ Hot Dog လည်း စားချင်တယ်....”

“ အွန်း....”

“ Burger ရောပဲ...
Burger ကို အသားပြားကြီး မထည့်ဘူး...
ဝါးရတာ ပါးညောင်းလို့...”

“ အင်း ရမယ်...”

“ နောက်ပြီးတော့ ကန်စွန်းဥပြုတ်လည်း
စားချင်တယ်....ကင်ချီလေးနဲ့....”

“ အိုကေ....”

“ အင်းးးးးပြီးတော့....
တော့ပိုကီလည်းစားချင်တယ်....”

“ ဟင်...ဟို တစ်ပတ်ကတင်
တော့ပိုကီ စားထားတာကို
စားချင်သေးတာလား....”

စားထားတာမှ မကြာသေးဘူး...
ထပ်စားချင်သေးတာလားဟု မေးလိုက်တော့

“ ဟုတ်.... Baek ဘာလို့
စားချင်တာလဲ သိလား..."

ဟု ကျွန်တော့အား မေးခွန်းထုတ်လာသည်...

“ ဟင့်အင်း...”

ဟု Lap top နှိပ်နေရင်း ဖြေလိုက်တော့

“ ကိုကို့ကို အာဘွားပေးချင်လို့...”

ဟု တိုးတိုးလေး ပြောလာသည့် သူ့ကို
ရူးများသွားပြီလားဆိုသည့်
အကြည့်ဖြင့် ငုံ့ကြည့်လိုက်တော့
ကျွန်တော့ကို မော့ကြည့်ကာ

“ မွ.... မွမွ.... အဟိ....”

ဆိုပြီး နှုတ်ခမ်းလေးကို ချွန်ပြီး
နမ်းသည့်ပုံစံလုပ်ပြကာ လှမ်းစနေသည့်
သူ့နဖူးလေးအား တောက်လိုက်တော့

“ အ... နာဝါးဘီ...”

“ အယ် ကလေးက စကားတွေတောင်
မပီတော့ဘူး ကြည့်စမ်း....”

ကိုကိုလူဆိုး ( Z + U ) 🍀 Complete 🍀Where stories live. Discover now