21 😋

11.7K 1.2K 195
                                    

[ Zawgyi ]

ဂျစ်တူးကို ဆေးကုပေးပြီး
အောက်ရောက်တော့ မေမေရော
ကိုကြီးရောက အခြေအနေဘယ်လိုရှိလဲဟု
ဝိုင်းမေးကြလေသည်....

" ကောက်တာမှ ချိတ်နေတာပဲ...
ကိုကြီးကိစ္စ ကိုကြီးရှင်းတော့...."

ဆိုပြီး ပြောလိုက်တော့ ကိုကြီးက

" တော်တော် ကောက်နေတာလား..."

ဟုမေးလာသည်...
သူလောက် ငယ်လေးကို
တုန်နေအောင်ချစ်တာ သူပဲရှိသည်ကိုး...
အခု ငယ်လေးက သူ့ကို
စိတ်ကောက်သွားတော့
နေမထိ ထိုင်မသာတွေကို ဖြစ်လို့...

" ကိုယ့်ညီအကြောင်းလည်း မသိတာ
မဟုတ်ဘဲနဲ့ သွားစတယ်...
စိတ်ဘယ်လောက်တောင်
ကောက်နေတယ်မှတ်လဲ...
စကားတောင် တစ်ခွန်းပြန်မပြောဘူး...

သားတက်သွားတော့ Baekလေးက
ခုတင်ပေါ်မှာ ထိုင်ပြီး ငယ်လေးရဲ့
လက်ကို လက်ကိုင်ပုဝါလေးနဲ့
သုတ်ပေးနေတာ...ငယ်လေးကို
တော်တော် ချစ်ပုံရတယ်..."

ဟု ကျွန်တော် မြင်တာကို ပြောပြတော့
ကိုကြီးက

" အဲ့လိုဆိုတော့ ငယ်လေးကျတော့ရော
ဘာထူးလို့လဲ...ထုတ်သာမပြတာ
ကလေးကို သူဘယ်လောက်ချစ်လဲ
သိသာနေတာပဲကို..."

ဟု ပြောလာသည်...

" အဲ့ဒါ Baek လေးက
သားထိုင်ဖို့နေရာဖယ်ပေးတာကို
ကလေးရဲ့ လက်ကောက်ဝတ်ကို
ညှစ်ထားတာမှ နီရဲတွတ်နေတာပဲ...
ကလေးကလည်း ကြောက်ပြီး
ဘာမှပြန်မပြောရဲဘဲ ငြိမ်ခံနေရတယ်..."

" အယ်...ကလေးနဲ့ ဘာဆိုင်လို့လဲ..."

"အဲ့ဒါပြောတာ...
လွှတ်မပေးဘဲ အတင်းဆုပ်ကိုင်ထားတာ...
ကြာရင် ကလေးရဲ့လက်ပါ
တစ်ခုခုဖြစ်မှာစိုးလို့
လွှတ်ပေးလိုက်ပါလို့ ပြောတော့
ကိုကြီး ညီကတုပ်တုပ်တောင်မလှုပ်ဘူး...
ဘာမှ မကြားသလိုပဲ....

အဲ့ဒါနဲ့ ကလေးတော်တော်နာနေပြီလို့လည်း
ပြောလိုက်ရော ချက်ချင်းကို
လွှတ်ပေးလိုက်တာဗျာ...
ကလေးနာမှာကျတော့ ကြောက်တယ်...
သူလုပ်လိုက်တဲ့ပုံကို
သားမှာ သဘောကျလို့...
မေမေ မေမေ...ငယ်လေးလေ
Baek လေးအပေါ်မှာများ
စိတ်ရှိနေလားမရှိဘူး...."

ကိုကိုလူဆိုး ( Z + U ) 🍀 Complete 🍀Where stories live. Discover now