Part 1

14.5K 469 11
                                    

Part 1

ကျွန်တော်နာမည် Singto Prachaya
အခုထိမယ်မယ်ရရ အလုပ်အကိုင်မရှီသေးဘူး ကျွန်တော်အလုပ်မရှီလို့မဖြစ်ဘူး
အိမ်ကဆင်းရဲတယ် ကျပ်တည်းတယ် ကျွန်တော်အောက်က ညီလေး ညီမလေး နှစ်ယောက်ရှီတယ် သူတို့ကျောင်းစရိတ်ကို ထောက်ပံပေးရမယ် အဲ့ဒါကြောင့် ကျွန်တော်ရဲ့ အားကိုးရာဖြစ်တဲ့ ဦးလေးဆီရောက်လာပြီး အကူအညီတောင်းတော့

" ဘယ်လို ဦးလေး diamond royal မှာ
အလုပ်ရမယ် ဟုတ်လား "

" ဟုတ်တယ် မင်းသိတဲ့အတိုင်း diamond royal hotel ၊ diamond royal plaza hoa တွေက နာမည်အကြီးဆုံးနဲ့ အချမ်းသာဆုံးဆိုတာ "

" ကျွန်တော်လုပ်မယ် ဦးလေး ဘာရာထူးနဲ့လဲ "

" Baby Boss ရဲ့ အတွင်းရေးမှူး "

" ဗျာ Baby Boss ဟုတ်လား "

"အေး သူရှေ့မှာတော့ Bay Boss လို့သွားမခေါ်နဲ့နော် နားကားသွားမယ် "

" အဲ့ဒါဆို ဦးလေးက ဘာလို့ Baby Boss လို့ခေါ်တာလဲ "

" အသက်က ၁၅ နှစ်ကျော်ကျော်ပဲ ရှီသေးတယ် ဒါပေမဲ့မင်းအထင်မသေးနဲ့နော် ကုမ္ပဏီ တစ်ခုလုံး Royal လုပ်ငန်းစု တစ်ခုလုံးကို ဦးစီးနေတာ အကုန်သိ အကုန်တက်တယ် ဒါပေမဲ့ ဇီဇာကြောင်တယ် စိတ်တိုလွယ်တယ် ဒေါသအရမ်းကြီးတယ် အဲ့ဒါကြောင့် အတွင်းရေးမှူး ပေါင်း ၄၈ ယောက်ကို ငါအလုပ်ထုတ်လာတာ "

" ၄၉ယောက်မြောက်က
ကျွန်တော် ဖြစ်နေပါအုန်းမယ် "

" အဲ့လောက်လဲ စိတ်ဓာတ် မကျပါနဲ့ လစာက
ဘတ်သုံးသောင်းတောင်နော် "

" ဗျာ တကယ် ဘတ်သုံးသောင်းတောင်ရတာလား "

Singto မျက်လုံးပြူးသွားသည်။
လစကောင်းလွန်းလို့ အသက်ရှုရပ်မတက်
ဖြစ်သွားသည်။

" ဘာလဲ မင်းစိတ်ဝင်စားသွားပြီလား "

" ဒီလောက်လစာများတာ ကျွန်တော်စိတ်ဝင်စားယုံမကဘူး လုပ်ကိုးလုပ်မယ်ဗျာ သည်းခံပါမယ် ဘယ်လောက် ဆိုးဆိုးသည်းခံပါ့မယ် "

" အဲ့ဒါဆို အဝတ်အစား သွားဝယ်ပေးမယ်
အခုတော့ ငါဝယ်ပေးမယ် လစာရမှ ပြန်ဆပ်ပေါ့ကွာ "

" ဗျာ ဦးလေးကလည်း ကိုယ့်တူကို
အလကားဝယ်ပေးပြီးရော့ "

" ရိုးရိုးအဝတ်အစားဆို ငါအလကားဝယ်ပေးတာပေါ့ကွာ အခုမင်းက ဘတ်၃၀၀၀ကျော် အနောက်အတိုင်းဝတ်စုံ ဝတ်ရမှာ "

" ဗျာ အဲ့လောက်ဈေးကြီးတဲ့ အဝတ်အစားတွေ
ဝယ်ဝတ်ရမယ် ဟုတ်လား "

" ဟုတ်တယ် အဝတ်အစား သုံးလေးစုံလောက်ဝယ်ရမယ် ဆံပင်ညှပ်ဆိုင် ဝင်ပြီးဆံပင်ညှပ်ရမယ် "

" ဟုတ်ကဲ့ ဦးလေး "

ကျွန်တော်က အသက်နှစ်ဆယ်ကျော်ပြီး 15နှစ် baby လေးအလိုက် လိုက်နေရတာ ဘာခက်လို့တုန်း ဘာဘဲဖြစ်ဖြစ် လစာကတော့အများကြီးပဲ Singto မင်းတော်တော်ကံကောင်းပါ့လား

Baby BossWhere stories live. Discover now