Part 46

2.5K 265 54
                                    

Part 46

Singto

Newက Bossကိုခေါ်လာလို့ ကြောက်နေသည်။ Newကြောက်တာလည်း မမှားဘူး သူဌေးကြီးက Newအိမ်မှာ Bossကိုမိရင် New အလုပ်ပြုတ်သွားမှာ သေချာသည်။ ကျွန်တော် ခရီးဆောင်အိတ်ထဲ အဝတ်တွေထည့် လိုအပ်တဲ့ ပစ္စည်းတွေ အဆင့်သင့်ထည့်ထားလိုက်သည်။ Newက သူစုထားတဲ့ ပိုက်ဆံကို ကျွန်တော်ကိုပေးသည်။ ကျွန်တော်လည်း မယူချင်ပေမဲ့ လိုအပ်တာမို့ အားနာနာနဲ့
ယူထားလိုက်သည်။

" ကျေးဇူးတင်ပါတယ် New "

" မလိုပါဘူး P'Sing ကျွန်တော်က P'Sing ကိုစိတ်ပူတာ Pတို့ ဘယ်သွားမှာလဲ Pရဲ့ဇာတီ ချင်းမိုင်ကိုပဲပြန်မှာလား "

"ချင်းမိုင်ပြန်ရင် တန်းမိမှာပေါ့ ငါBossကို အဆုံးအရှုံးမခံနိုင်ဘူး ပြီးတော့ သူဌေးကြီး လက်ထဲလည်း ပြန်မထည့်နိုင်ဘူး ငါ မယ်ဆိုင်ထိ သွားမယ် "

"မယ်ဆိုင်ဆိုတော့ ထိုင်းနယ်စပ်ထိပဲ အဲ့လောက်အဝေးကြီး သွားဖို့ လိုလို့ လား "

"Diamond Royal Company လုပ်ငန်းစုနဲ့ လွှတ်အောင်ဆို အဲ့အထိသွားမှရမှာ သူဌေးအကြောင်း
ငါသိတယ် Boss ကို မတွေ့တွေ့အောင်ရှာမှာပဲ "

" P'Sing နေရာအတည်တကျ ဖြစ်သွားရင် ကျွန်တော်ကို ဖုန်းဆက်ပါ အကူအညီလိုရင် ကျွန်တော်လှမ်းကူညီရအောင်လို့ "

" အင်း ကျေးဇူးတင်ပါတယ် New "

"ဒါနဲ့ P'Singကသာ စီစဉ်နေတာ Bossက လိုက်မှာရောဟုတ်ရဲ့ လား အမြဲတမ်း ချမ်းချမ်းသာသာနဲ့ နေလာရတဲ့သူဆိုတော့ "

"လိုက်မှာပါ New မင်းတို့Boss အကြောင်းမသိသေးတာက Boss က ငွေကြေးချမ်းသာ ဂုဏ်ပကာသနထက် ချစ်ခြင်းမေတ္တာတရားကို
ပိုတန်ဖိုးထားတယ်သူပါ "

" P'Singအတွက် ကျွန်တော်ဝမ်းသာဂုဏ်ပြုပါတယ် "

New နဲ့ စကားပြောပြီး ကျွန်တော် အခန်းထဲပြန်ဝင်လာခဲ့သည်။ Baby လေးကတော့ ကုတင်ပေါ်မှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသည်။ အိပ်မပျော်နိုင်တာက ကျွန်တော့် .. ကျွန်တော့်အိပ်မရသလို New လည်း စိတ်ပူလို့ အိပ်ပျော်သေးမှာ မဟုတ်ဘူး။ အပူအပင်မရှီ အိပ်ပျော်နေတာ ကျွန်တော့်ရဲ့
အမူးသမားBabyလေးပဲ ဖြစ်သည်။

Baby BossWhere stories live. Discover now