Part 62

2.1K 244 25
                                    

Part 62

Singto

Babyလေးက ဘယ်ကပိုက်ဆံရပြီး ဆိုင်ကယ်ဝယ်ထားပါလိမ့် ကျွန်တော့်ချက်ခြင်းပဲ အခန်းထဲဝင်ပြီး ဗီရိုတွေ အကုန်လှပ်ကြည့်လိုက်တော့ အံဆွဲတစ်ခုကသော့ခတ်ထားသည်။  ခရီးဆောင်အိတ်ထဲကသော့ကိုရှာပြီး တွေ့တာနဲ့ အံဆွဲကိုဖွင့်လိုက်တော့ ပိုက်ဆံကဒ်နဲ့ ပိုက်ဆံမြောက်မြားစွာကို တွေ့သည်။

" အစ်ကို! "

ကျွန်တော်နောက်လိုက်လာပြီး ကျွန်တော့်ကို လှမ်းခေါ်တဲ့ Babyလေးကို ကြည့်လိုက်သည်။

" အခုမှ သဘောပေါက်တယ် အဲ့တာကြောင့် Bossက အမြဲပင်ပန်းပြီး အမြဲအိပ်ချင်နေတာကိုး  ပိုက်ဆံက ဘယ်ကရတာလဲ Mohဆီက လှမ်းတောင်းတာမဟုတ်လား. "

Bossတဲ့လား ဘယ်လိုတောင်စိတ်ဆိုးသွားလို့
ဒီလိုခေါ်ရတာလဲ
Kirstဝမ်းနည်းမှုကို ထိန်းရင်းပြောလိုက်သည်။

"ကျွန်တော့်ကို Boss လို့မခေါ်ပါနဲ့ 
ကျွန်တော့်က အစ်ကိုလက်ထပ်ထားတဲ့
အစ်ကိုရဲ့ကောင်လေးပါ  "

"ကျွန်တော့်ကောင်လေးဆို ကျွန်တော့်ရှာကျွေးတာ လုပ်ကျွေးတာကို အခန့်သားထိုင်စားပါ့လား ဘာလဲ Bossက ကျွန်တော့်ထက် ပိုက်ဆံရှာနိုင်ကြောင်း နေရာတကာတော်ကြောင်းတက်ကြောင်း ပြချင်နေတာလား  "

"မဟုတ်ဘူးအစ်ကို မဟုတ်ပါဘူး ကျွန်တော့်မှားပါတယ် ကျွန်တော့်ကို စိတ်မဆိုးပါနဲ့  "

Kirst အစ်ကိုလက်ကိုကိုင်ဖို့ကြိုးစားလိုက်ပေမဲ့
အစ်ကိုရှောင်ဖယ်သွားသည်။

" ကျွန်တော့်အလုပ်သွားတော့မယ် Boss "

P' Singto အခန်းပြင်ထွက်သွားသည်။ အခန်းတံခါးက ဖွင့်ထားတာကြောင့် အိမ်မှာရှီနေတဲ့
အစ်ကိူတို့အကုန်လုံးကြားပြီး ကျွန်တော့်ကို အံသြစွာကြည့်နေသည်။

" ပိ...ပိစီ အလုပ်သွားပြီနော်.. "

" ဟုတ်ကဲ့ Pappi. "

P'Off တို့အလုပ်သွားတာနဲ့ Gun ဆိုင်ကယ်အရောင်းအဝယ် စာချုပ်ချူပ်ပြီး ရောင်းရတဲ့ ပိုက်ဆံတွေကို Kit ဆီပေးလိုက်သည် အခန်းထဲတွင် ကျောက်ရုပ်လို နည်းနည်းမှမလှုပ်ပဲ ထိုင်နေတဲ့ Kit က ကျွန်တော်ပေးတဲ့ ပိုက်ဆံကို လှမ်းမယူဘူး ကျွန်တော့် Kitဘေးမှာ ဝင်ထိုင်လိုက်ပြီး

Baby BossWhere stories live. Discover now