Part 10
" ပါပါး!..ပါပါး "
အိပ်နေရင်းယောင်နေတဲ့ babyလေးကြောင့် ကျွန်တော် စာရင်းလုပ်ရင်းကနေ မြန်မြန်သွားလိုက်ပြီး သူလက်လေးကိုကိုင်ပြီး နှိုးလိုက်သည်။
" Boss..Boss ! "
ငုံပြီး နှိုးနေတဲ့ ကျွန်တော်ပုခုံးကို Bossဖက်တွယ်ပြီး
" ပါပါးကျွန်တော်ဆီ ပြန်လာခဲ့ပါ "
" ပြန်လာမှာပေါ့ "
ကျွန်တော်အလိုက်သင့်ပဲ ပြန်ဖြေလိုက်သည်။
" မားမရှီပေမဲ့ ကျွန်တော်ရှီတယ် ကျွန်တော်ဆီ ပြန်လာပါ ကျွန်တော်နောက် ဘာမှ မစူးစမ်းတော့ပါဘူး "
ကျွန်တော် သူဘေးနားနားမှာ လှဲပြီး baby လေး ကျောကုန်းကို ပွတ်ပေးလိုက်သည်။ ယောင်နေတာ ရပ်ပြီး အိပ်ပျော်သွားသည် ဒီအိမ်မှာ ဝန်ထမ်းတွေ အိမ်ဖော်တွေသာ များပေမဲ့ babyလေး၏မိသားစု တစ်ယောက်မှမရှီပေ။ ဘယ်ချိန်ကတည်းက မိသားစု မရှီပဲ တစ်ယောက်တည်း နေနေရတာလဲ ဘာလို့ မိသားစုတွေကလည်း Boss ကိုတစ်ယောက်တည်း ပစ်ထားရတာလဲ
ကျွန်တော်လည်း ပြန်အိပ်သင့်ပြီမို့ baby boss လေးကို စောင်သေချ ခြူံပေးပြီး အခန်းကိုပြန်အိပ်လိုက်သည် မနက်မိုးလင်းတော့ ဦးလေးကျွေးတဲ့ မနက်စာကိုမြန်မြန်စားပြီး ကားဆီထွက်လာလိုက်သည်။ baby boss ထွက်လာတော့ ကားတံခါးကို
အဆင့်သင့် ဖွင့်ပေးလိုက်သည်။" ကုမ္ပဏီပဲ မောင်းရမှာလား Boss "
" အင်း "
" နေကောင်းလား Boss "
"ငါနေမကောင်းဖူးလို့ ဘာကြောင့်ထင်နေရတာလဲ "
" Boss ညကပဲ ကျွန်တော်ပြောထားတယ်လေ "
ရိုင်းစိုင်းစွာပြောတာကြောင့် ထပ်မံသတိပေးလိုက်သည်။
" P'Yorch ရှေ့မှာ စကားဆင်ခြင်ပြီး သတိထားပြီး ပြောရင်ရတာပဲ "
" Boss က လည်း ကျင့်သားရပြီး အမြဲပြောတော့
ပိုကောင်းတာပေါ့ "" အင်းပါ "
ကျွန်တော် ကုမ္ပဏီရောက်ရောက်ချင်း Bossအတွက်
အသေးအဖွဲ့အလုပ်ကိစ္စတွေကို ကျွန်တော်ကိုယ့်တိုင်ပဲ လမ်းညွှန်လိုက်သည်။ Boss ပင်ပန်းမှာ ဆိုးလို့ပါ နေလည်စာကို ကျွန်တော်ကိုယ့်တိုင်ပဲ ဖုန်းဆက်မှာလိုက်သည်။ နေ့လယ်စာ လာပို့မှပဲ ကျွန်တော် Boss အခန်းထဲဝင်ကာ ပြင်ခိုင်းလိုက်သည်။