Part 65

1.9K 228 26
                                    

Part 65

" Baby!..ကိုယ်အလုပ်သွားတော့မယ်နော်  "

" ဟုတ်ကဲ့ ဂျိုကာ  "

မနက်စာစားပြီး အလုပ်သွားဖို့  Babyကိုနှုတ်ဆက်လိုက်ပေမဲ့ Babyက ကျွန်တော့်ကို မကြည့်ပဲ ဂျိုကာလို့ခေါ်လိုက်တာကြောင့် ကျန်တဲ့သူတွေအကုန်
ကျွန်တော့်ကို ကြည့်နေကြသည်။ 

" ဂျိုကာ ဟုတ်လား  "

Offကထူးဆန်းစွာမေး၏

" pappi  သွားတော့   "

Offလည်း ပါးစပ်ပိတ်ကာBabyလေးတွေကို ကြောက်လို့ အိမ်ထဲက မြန်မြန်ထွက်လာခဲ့ရသည်

" ဟီးဟီး  Pအကြံပိုင်တယ် မဟုတ်လား Baby! "

Gunအမေးကြောင့်Kirst ရယ်လိုက်သည်။

" ဟုတ် P'Gunကအရမ်းတော်တာပဲ ဒါပေမဲ့ ကျွန်တော့်က စိတ်ကောက်ချင်ယောင် ပြန်မဆောင်ချင်တော့ဘူး P'Singလည်း ကျွန်တော့်ကို စိတ်ဆိုးပြေနေပြီပဲ  "

" P'Singက စိတ်ဆိုးပြေတာပဲရှီသေးတာလေ Babyကို ချော့မှမချော့သေးတာ  "

"P'Gun! အမှားလုပ်တာက ကျွန်တော်လေ P'Singက ဘယ်လိုလုပ်ချော့မှာလဲ  "

" Babyလေးအမှားက သိပ်မှမကြီးတာ ပြီးတော့ P'Singက Babyလေးကို ချော့ကိုချော့လာစေရမယ် Baby ဆက်ပြီး ဟန်ဆောင်ထား  "

" ဟုတ်ကဲ့ P'Gunရောအမှားလုပ်ရင်
P'Offက စိတ်မဆိုးဘူးလား "

" Pက အမှားလုပ်ပြီးလူတက်ကြီးလုပ်ပြီး သူကိုပြန်အော်လိုက်တော့ pappiက အမြဲတမ်း Pကို ပြန်ချော့တာ အဲ့ဒါကြောင့် Babyလေးလည်း  P'Sing ပြန်ချော့တဲ့ထိစောင့် P ကူညီပေးမယ်  "

" OK P' "

Kirstနဲ့ Gun လက်ဝါးချင်းရိုက်လိုက်သည်။  P'Sing ကျွန်တော့်ကို မြန်မြန်ချော့ပါတော့ ကျွန်တော့် Pရင်ခွင်ထဲမှာ နေချင်နေပြီ။

©♥®

Singto Pov

ကုန်တိုက်ကနေ အလုပ်ဆင်းတာနဲ့ Baby လေးအတွက် ကြက်ကြော်ကို ကုန်တိုက်ကနေပဲ ဝယ်လိုက်သည်။ ပြီးတော့ သူငယ်ချင်းတွေအားလုံးနဲ့အတူလိုင်းကားပေါ်တက်လိုက်သည်။
ကားပေါ်ရောက်တော့ P'Offက စကားစသည်။

" Gunကပြောတယ် Sing!..Kirstက တစ်နေ့ကုန် အစာမစားပဲ ငိုနေတာတဲ့   "

" ဗျာ!...ဟုတ်လို့လား  Babyက တော်ရုံတန်ရုံငိုတက်တဲ့ သူမဟုတ်ပါဘူး  "

Bas က ဆက်၍ပြောသည်။

" တော်ရုံတန်ရုံမငိုတက်ပေမဲ့  အခုဟာက သူချစ်တဲ့သူက သူကိုပစ်ထားတာကိုး ငိုမှာပေါ့ ပြီးတော့ ကိုယ်ဝန်ဆောင်ဆိုတာ စိတ်နုမှာပေါ့   "

" ကျွန်တော်  Baby ကို ပစ်မထားပါဘူး  "

Godကဆို၏။

" စကားမှမပြောတော့တော်ကြာ Singကို Baby က ပစ်သွားလိမ့်မယ်နော် Babyက အရွယ်သာငယ်တာ သူမလုပ်ရဲတာ ဘာမှမရှီဘူး  "

P'Off တို့ ဝိုင်းပြောနေတာနဲ့ ကျွန်တော် Babyကို အရမ်းစိတ်ပူသွားသည်။ ဒီနေ့မှ ကားကလဲနှေးလိုက်တာ အိမ်မရောက်နိုင်သေးဘူး  လမ်းထပ်မှာ ကားရပ်တာနဲ့ အိမ်ကို လမ်းမြန်မြန်လျှောက်လာလိုက်သည် အိမ်ရောက်တော့ P'Offက

" Gun ဒီနေ့ရော Babyလေးအစာစားလား "

" တစ်နေ့ကုန် မစားဘူး မနက်ကစားထားတဲ့
မနက်စာပဲရှီတယ် "

Gun ပြောတာနဲ့ Singto အခန်းထဲ ပြေးဝင်သွားသည်  Gunနဲ့ Bas တို့ရယ်လိုက်သည်။

" Singto ကတော့ တကယ်လူရိုးပဲ သူရင်ထဲမှာ Kirstကအဓီကပဲ  Kirst ကိုအချစ်နိုင်ဆုံး လူသားပဲ Kirstကိုသာစကားမပြောပဲနေတာ kirst ကိုအမြဲတမ်း အရိပ်တကြည့်ကြည့်နဲ့ ကြည့်ပြီး ဂရုစိုက်တာ သိသာတယ် "

လေးနတ်စွာပြောနေတဲ့ Godကြောင့် Basမနေနိုင်တော့ပဲ God ပါးကို နမ်းလိုက်သည်

"  ရိုမနေနဲ့ Baby Bas နောက်ကလိုက်ချောင်းရအောင်  "

ကျွန်တော့်တို့ အားလုံး  သဘောတူညီစွာ
လိုက်ချောင်းဖို့ တွေးနေစဉ်

" ဒီအဆောင်မှာ Kirst ရှီလား "

အသံလာရာကြောင့် ကျွန်တော့်တို့ အားလုံး နောက်လှည့်ကြည့်လိုက်တော့  အလွန်ခန့်ညားတဲ့ အသွင်အပြင်နဲ့ လူကြီးတစ်ယောက် အိမ်ပေါက်ဝကနေ မေးနေသည် ထိုလူကြီးက ဘယ်သူပါလိမ့်။

25 April 2019

Baby BossWhere stories live. Discover now