Part 48

2.3K 253 26
                                    

Part 48

တီ...တီ..တီ

နှိုးစက်သံမြည်သံကြောင့် Singtoထလိုက်သည်။ မနက်ခင်း ခြောက်နာရီ အမြဲတမ်း ကျွန်တော်ထနေကျအချိန်ပါ  Babyလေးကတော့ အိပ်ပျော်နေတုန်း နေရာပြောင်း အိပ်ရာပြောင်းသွားပေမဲ့ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်လို့ တော်သေးသည်။ ကျွန်တော် ရေချိုးဖို့ နောက်ဖေးက ရေချိုးခန်းထဲ ထွက်လာခဲ့လိုက်သည်။ ဒီအိမ်မှာ ရေချိုးခန်း အိမ်သာခန်းက တစ်ခန်းပဲရှီလို့ အဆောင်မှာနေတဲ့သူ အားလုံး မျှသုံးရမည်ဖြစ်သည်။ ခြောက်နာရီထိုး ဘယ်သူမှ မထသေးတာနဲ့ ကျွန်တော် ရေမြန်မြန်ဝင်ချိုးလိုက်သည်။ ရေချိုးပြီးတော့ ညကဝယ်လာတဲ့ အိုးခွက်ပန်ကန် အစုံယူလာကာ မီးဖိုချောင်ထဲဝင်တော့ သန့်ရှင်းသပ်ရပ်တဲ့အခန်းအပြင်အဆင်
ကြောင့် အံသြရသည်။ မီးဖိုချောင် အခန်း
သန့်ရပ်တာကို ကျေနပ်မိသည်။
အဲ့ဒါမှ အစားအသောက် ဂျီးများတဲ့ ကျွန်တော့် Baby လေး စိတ်ချမ်းသာမှာဖြစ်သည်။

" ဘာတွေငေးနေတာလဲ Singto  "

ထမင်းကြော်ရင်း လှမ်းမေးတဲ့ God ကြောင့်

" ကျွန်တော်ကစောလှပြီ မှတ်နေတာ
  Godက ကျွန်တော်ထက် စောတာပဲ  "

" Lotus ကို ရှစ်နာရီ အရောက်သွားရမယ်လေ  "

" အဲ့ဒါဆို  God တို့ က Tesco Lotus ကုန်တိုက်ကြီးမှာ လုပ်တာပေါ့  "

" ဟုတ်တယ် Singto  ကျွန်တော်တို့
လေးယောက်လုံးပဲ အရောင်းဝန်ထမ်းတွေ
ဆိုပါတော့  "

" ကျွန်တော်လည်း အလုပ်မရှီဘူးဗျ အလုပ်လုပ်ချင်တယ် ပြောပေးပါလား God ကျွန်တော်က စီးပွားရေးနဲ့ ဘွဲ့ရထားတာပါ   "

" Singtoက စီးပွါးရေးဘွဲ့ဆိုတော့ တော်တာပဲ  ဘာလို့ ကုန်တိုက်မှာ အရောင်းဝန်ထမ်း လုပ်ချင်တာလဲ  "

" ကျွန်တော်နဲ့ Bossက မိဘတွေသဘော မတူတဲ့အပြင် Boss ရဲ့အဖေက လိုက်လံရှာဖွေနေလို့ ပါ
အဲ့ဒါကြောင့် ကုမ္ပဏီကြီးတွေမှာ အလုပ်လုပ်ဖို့ မဖြစ်နိုင်ဘူး "

" Bossက ဘယ်သူလဲ ဟိုကလေးကBossလား "

ဒုက္ခပဲ ကျွန်တော်ဘာတွေပြောမိပါ့လိမ့် Bossရဲ့ ဘဝအမှန်ကို ဖုန်းကွယ်ထားသင့်တာကိုး

Baby BossWhere stories live. Discover now