Part 41

2.1K 250 13
                                    

Part 41

Kirst ကုမ္ပဏီရောက်လာလာချင်း
ရုံးခန်းထဲမှာ အစ်ကို့ကိုမတွေ့တာနဲ့ ဘယ်သွားလဲဆိုပြီး မန်နေဂျာ Fewကိုမေးကြည့်တော့
အစ်ကိုကုမ္ပဏီကို မလာသေးဘူးလို့ပြန်ဖြေသည်။ မနက်ဆယ်နာရီတောင်ထိုးပြီ ကုမ္ပဏီ မလာသေးဘူး ဆိုတော့ အစ်ကိုဘာများဖြစ်နေတာလဲ နေမကောင်းဘူးလား.. ကျွန်တော်စိုးရိမ်ပြီး Driver Ken ကို ကားမောင်းခိုင်းပြီး အိမ်ပြန်လာခဲ့လိုက်သည်။ အိမ်ရောက်ရောက်ချင်း အစ်ကိုနေတဲ့ အလုပ်သမားအဆောင်ဘက် မြန်မြန်ပြေးသွားပြီး အစ်ကိုအခန်းကို ဖွင့်ကြည့်လိုက်ပေမဲ့ တွေ့ချင်တဲ့သူ
အရိပ်အယောင်တောင် မတွေ့ရပေ။

" Ken!..အစ်ကိုဘယ်ရောက်သွားတာလဲ  "

" ကျွန်တော်လည်း မသိဘူး Boss  "

ဟာလာဟင်းလင်းဖြစ်နေတဲ့ အခန်းကြောင့် ကျွန်တော်စိတ်တွေ မွန်းကျပ်လာသည်။

" ဘာလို့ အစ်ကိုအခန်းမှာ ဘာမှမရှီရတာလဲ
ဘာလို့လဲ.. ဘာလို့ လဲ. "

ကျွန်တော်ရူးသွပ်စွာအော်မေးမိသည်။ 

" Boss စိတ်ထိန်းပါနော် ကျွန်တော်
အိမ်တော်ထိန်းကို သွားမေးပေးပါမယ်.  "

ဘာလုပ်တာလဲအစ်ကို
ဒါဘာလုပ်လိုက်တာလဲ အစ်ကိုအပေါ်ချစ်တဲ့ ကျွန်တော်ရဲ့အချစ်တွေကို ဘာလုပ်ပစ်လိုက်တာလဲ  

" သားလေး  "

အသက်မဲ့စွာလမ်းလျှောက်ရင်း အိမ်ထဲဝင်လာတဲ့ သားလေးကို လှမ်းခေါ်လိုက်သည်။

" ပါပါး! "

မျက်ရည်တွေဝဲနေတဲ့ သားလေးကို
Kadeဖက်ထားပေးလိုက်သည်။ 

" ဘာဖြစ်လို့လဲ  သားလေး   "

" အစ်ကိုမရှီတော့ဘူး
ပါပါးနှင်ထုတ်လိုက်တာလား  "

" Singto  မရှီတော့ဘူးလား သူသားကို နောက်ဆုံးတော့ ထားပစ်ခဲ့ပြီမဟုတ်လား ဘာလို့ မူမမှန်တဲ့အချစ်ကို အထင်ကြီးနေရတာလဲ သားလေး "

" မသိတော့ဘူး  အစ်ကို့ကို ကျွန်တော်အရမ်းချစ်ခဲ့တာ အစ်ကိုဘက်ကနေပြီး ရပ်တည်ပေးမယ်လို့ပြောခဲ့တာကိုး ကျွန်တော်ကို ထားသွားတာ ဘာအတွက်လဲ  ပါပါးနှင်မထုတ်ရင် ဘာအတွက်ကြောင့် ကျွန်တော်ကို အဲ့လိုလုပ်သွားရတာလဲ   "

Baby BossWhere stories live. Discover now