Part 63

2.1K 257 27
                                    

Part 63

Kirst အိပ်ရာနိုးနိုးချင်း ရေချိုးပြီး အဝတ်အစားလဲနေသော အစ်ကို့ကိုတွေ့သည်။  ညကငိုပြီး အိပ်ပျော်သွားတာကြောင့် အစ်ကိုဘယ်ချိန်ပြန်လာလဲ မသိလိုက်ဖူးဖြစ်သည်။
အခုကျတော့လည်း အစ်ကိုက အရင်ထပြီး
ရေတောင်ချိုးနှင့်နေပြီဖြစ်သည်။

" အစ်ကို  "

" Boss နိုးနေပြီလား ရေချိုးခန်းထဲမှာ
ရေစပ်ထားတယ် ရေအရင်ချိုးလိုက်   "

"တည်တည်ကြည်ကြည်နဲ့ စကားပြောတာကလည်း ပြတ်သားတယ် မနက်စောစောစီးစီး ကြောက်အောင်လာလုပ်နေတယ် "

" အပိုမပြောပါနဲ့ Boss ကျွန်တော့်ကို ရှီတဲ့လူလို့တောင် မသတ်မှတ်ပါဘူး Boss လုပ်ချင်ရာ လုပ်နေတာ  "

" အစ်ကိုကလည်း ကျွန်တော်က ပိုက်ဆံရှာရတာ အရမ်းနှစ်သက်သာ သိရဲ့သားနဲ့   "

" Boss!   "

ခက်ထန်သောအစ်ကိုအကြည့်က
Kirstကိုဝမ်းနည်းစေသည်။

" စိတ်မဆိုးပါနဲ့ အစ်ကို "

" ရေချိုးလိုက် Boss မနက်စာစားဖို့
အားလုံးက Boss ကိုစောင့်နေကျတာ  "

"ကျွန်တော့်ကို Morning Kiss မပေးတော့ဘူးလား  "

" အင်း မပေးချင်ဘူး  "

Baby Bossက ကုတင်ပေါ်ထိုင်ပြီး ကျွန်တော့်စိတ်ကို ပျော့ပျောင်းအောင် ဆွဲဆောင်တော့မယ် ဒီ ဉာဏ်ကြီးရှင်ဆီမှာ ကျွန်တော့်ကျရှုံးလို့ မဖြစ်ဘူး အနည်းဆုံး တစ်ပတ်လောက်တော့ စိတ်ဆိုးရမယ် အဲ့ဒါမှ နောက်ဆို ကျွန်တော်ကွယ်ရာမှာ ဘာမှမလုပ်နိုင်မှာဖြစ်သည်။

" ကလေးကိုရော့ Morning Kiss မပေးချင်ဘူးလားအစ်ကို"

တစ်ခါမှ ကလေးအတွက် Kiss မတောင်းဖူးတဲ့ Baby အခုဉာဏ်ဆင်နေပါ့လား

" Boss!   "

Baby ကိုအော်လိုက်တော့ Babyလေး မျက်နှာငယ်သွားကာ သူဗိုက်ကလေးကို ပွတ်ပြီး

" ကလေးလေး မင်းကိုသနားလိုက်တာ မင်းအဖေက မင်းကို မနမ်းချင်ဘူးတဲ့ ကလေးပိစီလေး မင်းတော့ ငါဗိုက်ထဲကနေထွက်ပြီး လူလောကထဲ ရောက်လာရင် ဝမ်းနည်းတဲ့ မျက်နှာပေါက်နေမှာပဲနော်  ငါကတော့မင်းကို ချစ်လို ဆိုင်ကယ်တောင် ရောင်းလိုက်တာနော်  "

သွားပြီ ကျွန်တော် ဘယ်လိုမှ တင်းထားမနိုင်တော့ဘူး ကုတင်ပေါ်မှာ ထိုင်နေတဲ့  Babyလေးနား လာကာ  ဗိုက်ကို ငုံ့နမ်းလိုက်သည်  Baby လေး ကျွန်တော်နဖူးကို နမ်းပြီး

" အရမ်းချစ်တယ် အစ်ကို  "

" ရေချိုးတော့  "

အောင်နိုင်သူအပြုံးကဲ့သို့
ပြုံးဖြီးဖြီးဖြစ်သွားသောBabyနားခွာကာ
ကျွန်တော်အခန်းထဲက မြန်မြန်ပဲ ထွက်လာလိုက်သည် နို့မို့ဆို Babyလေးရဲ့ ဆွဲဆောင်မှုကို ခံနိုင်ရည်မရှီပဲ  Babyလေးရဲ့ ညွှန့် ကွင်းထဲ ရောက်သွားနိုင်သည်။ 

©♥®

Gun

မနက်စာစားရင်း တစ်ယောက်မှ အသံမထွက်ပဲ P'Sing နဲ့  Baby Boss လေးအရိပ်အကဲကို ကြည့်နေကျသည်

" Boss   ကွေ့ တယို ကောင်းလား  "

" P'Off ဘာBossလဲ ကျွန်တော့်ကို အဲ့လိုခေါ်ရင် ဒီအိမ်မှာ မနေတော့ဘူး ဒီအိမ်ကလူတွေ အဲ့လိုခေါ်ရင် အရမ်းမုန်းတာပဲ  "

"Pappi မနက်စောစော ပြသာနာမရှာနဲ့  "

" P'တောင်းပန်ပါတယ် Kirst
နောက်မခေါ်တော့ပါဘူး  "

" မနက်ကတည်းက အဲ့လိုခေါ်တဲ့သူကိုထားပြီး
ပစ်သွားချင်နေတာ  "

Baby ကျွန်တော့်ကို ဆိုလိုလိုက်တာလား  ချော့လို့မရလို့ အခြောက်တလှည့်ပေါ့ မလွယ်တဲ့ Baby သူကိုချစ်မှန်းသိလို့  ဆိုးနေတာ အားတင်းထား Singto  မင်းBabyကို လွယ်လွယ်နဲ့ အချော့မပေးနဲ့

" အလုပ်သွားရအောင် Gun စိတ်ချမယ်နော်. "

" စိတ်ချပါ P'Sing  "

မနက်စာ မြန်မြန်စားပြီး အလုပ်ကို မြန်မြန်ထွက်လာရသည်  P'Offကတော့  အလုပ်ကထွက်မပြေးပါဘူးကွ ဆိုပြီး လောလို့ ပြောနေသည်။

22 April 2019

Baby BossWhere stories live. Discover now