Part 38

2.4K 269 8
                                    

Part  38

ည၁၁ထိုးကျမှ Boss က massage လှမ်းပို့သည်။ ခြံနောက်ကျောက ကြာကန်မှာ စောင့်နေမယ် ထွက်လာခဲ့ဆိုပြီး ကျွန်တော်လည်း မြန်မြန်ထွက်လာလိုက်သည်။

" Baby!  ..Baby   "

Singto လေသံတိုးတိုးလေးနဲ့ခေါ်လိုက်သည်။

" အစ်ကိုကျွန်တော်ဒီမှာ   "

ညဝတ်စုံအပြာရောင်လေးနဲ့ ကြာကန်ပေါ်က တံတားကနေ လက်လှမ်းပြနေတဲ့ baby လေး  ကျွန်တော် Baby နားသွားထိုင်လိုက်သည်။

" ဘာအရေးတကြီးပြောစရာရှီလိုလဲ  "

" မရှီပါဘူး အစ်ကို့ကိုတွေ့ချင်လို့  "

" ည၁၁နာရီထိုးကြီး အစ်ကို့ကိုတွေ့ ချင်တာ ဟုတ်လား    "

" ည၁၁ ထိုးလည်း ဘာဖြစ်လဲ
ကျွန်တော်တွေ့ ချင်ရင် အစ်ကိုက ဆင်းလာရမှာပေါ့   "

" တစ်နေကုန်လည်း P တို့ ရုံးခန်းတစ်ခန်းထဲမှာ အတူတူ ရှီနေတာပဲလေ   "

"ဒီမှာ ချမ်းစိမ့်စိမ့်လေးနဲ့ လေညင်းခံလို့ကောင်းလို့ခေါ်တာကိုး ဘာလဲ အစ်ကိုကကျွန်တော်ကို မတွေ့ချင်ဘူးလား  "

နှုတ်ခမ်းဆူသွားတဲ့ baby လေးက
ကလေးဆိုးလေးအတိုင်း ရစ်နေတာဖြစ်သည်။

" တွေ့ချင်တာပေါ့  အစ်ကိုက တွေ့ ချင်တာထက် baby လေး အိပ်ရေးပျက်ပြီး နေမကောင်းဖြစ်မှာ
ပိုစိုးရိမ်လိုပါ  "

baby လေးပြုံးသွားသည်။

" ကျွန်တော်က ဒီလိုချိန်းတွေ့ရတာ ပိုနှစ်သက်တယ် အစ်ကို ဒီလိုညမှာ တိတ်ဆိတ်နေတဲ့ ပတ်ဝန်းကျင် အမှောင်ထဲကရေကန်မှာ လမင်းရဲ့ရောင်ခြည်တွေဖြာကြာ နေတာကို အတူတူကြည့်ရတာလည်း ပျော်စရာကောင်းတယ် ကောင်းကင်က ကြယ်ကို ကြည့်ပြီး ကြယ်ကြွယ်ရင် နှစ်ယောက်အတူတူကြည့်ပြီး ကြည့်နှူးရတာလဲ ပျော်စရာပဲလေ အစ်ကိုရဲ့  "

လက်တွေ့သမားBabyလေးက အချစ်နဲ့တွေ့မှစိတ်ကူးယဉ်ဆန် ပြောနေတဲ့ပုံလေးက ကျွန်တော်နမ်းချင်စိတ်ပေါက်အောင် အသဲယားဖွယ်ကောင်းလွန်းလှသည်။

" ပိုပြီးပြည့်စုံပြီး ပျော်ရွှင်အောင်
အစ်ကိုလုပ်ပေးရမလား baby "

Baby BossWhere stories live. Discover now