Part 34

2.3K 258 8
                                    

Part  34

Singto

Bossက Centre ပြုပြင်ရေးအတွက် လိုအပ်တဲ့ အချက်အလက်တွေ ထပ်ဖြည့်ရမဲ့ အခန်းအဖွဲ့ အစည်းပုံစံ လုပ်ငန်းအစီအစဉ်များကို ကျွန်တော်ကို  လုပ်ခိုင်းနေသည်။ ကျွန်တော်လုပ်ငန်းနေရာမှာ
မဟုတ်ပဲ Boss အခန်းထဲမှာဖြစ်သည်။  Bossအခန်းအတွင်းမှာ စားပွဲတစ်လုံးအပိုထားကာ ကျွန်တော်ကို အလုပ်လုပ်ခိုင်းပြီး Boss ကတော့ ကျွန်တော်ကို ထိုင်ကြည့်နေသည်။   ပထမတစ်ရက်တော့ ကျွန်တော်ကို ကြည့်နေမှန်း မသိသာပေမဲ့  အခု Boss အခန်းမှာ အလုပ်လုပ်တာ  သုံးရက်ရှီနေပြီဖြစ်သည်။
အကြည့်တွေက ပိုတောင်ရဲတင်းလာသည်။
baby boss  ဆေးစားမှားနေသလား မသိဘူး 

" Boss  Shopping Centre အောက်ထပ်မှာ ကလေးပစ္စည်းတွေ အပြင် ကစားကွင်းထားရင်ရော အပေါ်ဆုံးထပ်မှာတော့ ရုပ်ရှင်ရုံဆောက်မယ်  "

Boss  ကျွန်တော်ကို ကြည့်ရင်း ခေါင်းညိတ်သည်။

"  Boss  အဲ့ဒါဆို  ကျွန်တော်နေရာကြည့်ပြီး
စီစဉ်လိုက်တော့မယ်နော်  "

Boss ခေါင်းညိတ်သည် ကျွန်တော်လည်း ဒဇိုင်းတာဝန်ခံ အဆောက်အဦးပညာရှင်တွေနဲ့ တွေ့ဖို့ ပစ္စည်းတွေယူပြီး မက်တပ်ထအရပ်

" ဘယ်သွားမလို့လဲ  ဂျိုကာ  "

" အလုပ်စတော့မယ်လေ  Boss Centre အသစ်အတွက် စီစဉ်ညွှန်ကြားရမယ်လေ သွားတွေ့ရမဲ့ ပညာရှင်တွေက ဒဇိုင်းတာဝန်ခံရယ် အဆောက်အဦး ပညာရှင်Jecker ရယ်ဆိုတော့ ကျွန်တော် ဒီနေ့တစ်နေ့လုံးကုန်မယ် Boss အလုပ်ဆင်းနှင့်တော့နော်   "

" ကျွန်တော်လည်း လိုက်မယ်လေ. "

" Boss လိုက်ဖို့ မလိုသေးဘူးလေ အားလုံးပြီးစီးတဲ့ အချိန်ကျမှပဲ  စစ်ဆေးဖို့ပဲ Boss လိုက်ရမှာ "

" အဲ့ဒါဆို ဂျိုကာလည်းမသွားနဲ့ တခြားလူခိုင်း "

" ကျွန်တော်က Boss အတွင်းရေးမှူးလေ Bossဖြစ်ချင်တာကို ကျွန်တော်တင်ပြမှဖြစ်မှာလေ တခြားသူခိုင်းရင် သူတို့အလုပ်ပေါ့လိမ့်မယ်  "

ကျွန်တော် Bossကိုပြောပြီး
မြန်မြန်ထွက်ဖို့လုပ်လိုက်သည်။

"ဂျိုကာ  "

" ဘာဖြစ်ပြန်ပြီလဲ  Boss
ကျွန်တော် နောက်ကျတော့မယ် "

Baby BossWhere stories live. Discover now