Part 66

1.8K 222 18
                                    

Part 66

"Baby!...Baby!  "

အခန်းထဲကိုအလောတကြီးဝင်လာတဲ့ အစ်ကိုကြောင့် Kit အင်တာနက်ကြည့်နေရာကနေ ဖုန်းကိုဘေးနားမှာချလိုက်သည်။

" Baby ဘာလို့ ဘာမှမစားရတာလဲ  "

Singtoသည်Babyနားမှာထိုင်လိုက်ရင်း
Babyလက်ကိုကိုင်ရင်း မေးလိုက်၏

" စားပါတယ် ဂျိုကာ အစောနကပဲ စားထားတာ  "

တကယ်လည်းကျွန်တော့် အခုနကမှ ဖက်ထုပ်တစ်ပွဲ စားထားတာ ဖြစ်သည်။

" မလိမ်ပါနဲ့ ကိုယ်သိပြီးပြီ Babyလေးအစာမစားပဲ မနေရဘူးလေ ဗိုက်ထဲက ကလေးအတွက် တွေးပြီး စားပေးရမယ်လေ  "

"ဂျိုကာက ကျွန်တော့်ကိုကျတော့ စိတ်မပူပဲ ဗိုက်ထဲက ကလေးကို စိတ်ပူလို့စားခိုင်းတာပေါ့  "

" ကိုယ်က Babyလေးကိုစိတ်ပူလို့ပါ Babyက အစာအိမ်ရောဂါရှီတယ်လေ ကိုယ့်ဝန်ရှီတော့ ပိုဆာမှာပေါ့ ပြီးတော့ Babyကို ကိုယ်တောင်းပန်ပါတယ်  "

" ဟုတ်တယ် ဂျိုကာ ကျွန်တော့်ကို တောင်းပန်ရမယ် ကျွန်တော့်အလုပ်လုပ်တာ အပြစ်လား ပြီးတော့ ဂျိုကာရဲ့ရင်သွေးလေးလွယ်ထားရတော့ ကျွန်တော်ဆိုင်ကယ်ကို ရောင်းပစ်တာပဲ မဟုတ်လား  အဲ့တာကို ဘာလို့ ကျွန်တော့်ကို စိမ်းစိမ်းကားကား Boss လို့ခေါ်တာလဲ  ဂျိုကာမကောင်းဘူး  "

Babyလေး ကျွန်တော့်ရင်ဘတ်ကိုထုရင်း ပြောနေသည် ကျွန်တော် Babyလေးကို ဖက်ထားလိုက်သည်။

" တောင်းပန်ပါတယ် ကိုယ်တောင်းပန်ပါတယ် Baby ကို ကိုယ်အရမ်းချစ်တယ်
က်ုယ်က Babyကို တစ်သတ်လုံးစောင့်ရှောက်သွား စေချင်တာပါ  ကိုယ်တစ်ယောက်တည်းရဲ့ အင်အားနဲ့ Babyလေးကို စောင့်ရှောက်ချင်တာပါ  "

" ကျွန်တော့်လည်း တောင်းပန်ပါတယ်အစ်ကို
ကျွန်တော့်က အစ်ကိုရဲ့ကောင်လေးပဲ
အစ်ကိုရဲ့ Bossမှ မဟုတ်တာ  ကျွန်တော့်ဘာလုပ်လုပ် အစ်ကို့ကို အသိပေးသင့်တာ  "

"  Babyကိုအရမ်းချစ်တယ်  "

ကျွန်တော့် Baby လေးနှုတ်ခမ်းကို နမ်းလိုက်သည်။

" Kirst!!  "

Bas ခေါ်သံကြောင့် နှစ်ယောက်သား နမ်းနေရာကနေ ခွာလိုက်သည်။

" Kirst ဧည့်သည်လာတယ်  "

" Babyလေးရဲ့ ဧည့်သည်ဟုတ်လား Bas  "

" ဟုတ်တယ် P'Sing ဧည့်ခန်းထဲမှာ ရောက်နေတယ်  "

ကျွန်တော့်နဲ့ Baby တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်သည်  Kirst နဲ့ အတူ ဧည့်ခန်းထဲ လိုက်ကြည့်တော့

" သားလေး!  "

" ပါပါး!  "

Kirst ပါပါးကိုမြင်မြင်ခြငကိုပြေးဖက်လိုက်သည်။
ပါပါးကိုဆန့်ကျင်ခဲ့ပေမဲ့ ပါပါးက
Kirstအချစ်ဆုံးဖြစ်သည်။

" ပိန်သွားလိုက်တာသားလေးရယ် ဒီလိုအိမ်သေးသေးလေးမှာ လူအများကြီးနဲ့ နေနေရတာလား
ပါပါးစိတ်မကောင်းလိုက်တာ အခု ပါပါးနဲ့ ပြန်လိုက်ခဲ့တော့  "

" P'Singရော ပါပါး!  "

" သူအကြောင်းမပြောနဲ့ သားလေးသာ
ပါပါးနဲ့ ပြန်လိုက်ခဲ့ "

" သူဌေး!  "

" မင်းအသံမကြားချင်ဘူး Singto မင်းကိုတော့ ချီးကျူးပါတယ် ငါလွယ်လွယ်နဲ့ ရှာမတွေ့နိုင်တဲ့နေရာမှာ ငါ့သားလေးကို မင်းထားတယ် ဒီလိုဆင်းဆင်းရဲရဲနေရာမှာ "

"ပါပါး!  "

" သူဌေး အဲ့လိုမပြောပါနဲ့ P'Singက Kit ကို ဘာမှမလုပ်ခိုင်းပဲ kit ပျော်ရွှင်အောင်ပဲ ထားတာပါ P'Singကသာ နေ့ရောညရောအလုပ်လုပ်နေတာပါ "

" ဟုတ်တယ်  "

ရဲတင်းတဲ Gun အပြောကြောင့် Off တို့ပါ ထောက်ခံလိုက်သည်။

" သားလေး Kirst!...သားပြောတော့ ပါပါးကို အရမ်းချစ်တာပဲဆို ပါပါးရဲ့ ဥပေက္ခာပြုမှုကို သားမခံနိုင်ဘူးဆို အခု ပါပါးက သားကို ချစ်လို သားနားမှာ ပြန်လာနေတယ်  သားလေးSingနောက်လိုက် သွားတော့လည်း ပါပါးမှာ သားကိုမတွေ့တွေ့အောင် လိုက်ရှာနေရတယ် အခု ပါပါးနောက် သားပြန်လိုက်ခဲ့ပါ "

" ဟုတ်ကဲ့ ပါပါးကျွန်တော့်ပြန်လိုက်ခဲ့ပါမယ်  "

Kirst စကားကြောင့် ကျွန်တော့်တို့
အားလုံးဘာဆက်ပြောရမှန်းမသိအောင်
အံအားသင့်သွားကြသည်။

" Kirst!! "

" ကျွန်တော် ပါပါးနဲ့ ပြန်လိုက်သွားမယ် P'Sing "

" Babyလေး မင်းဘယ်လိုပြောလိုက်တာ  "

" ကျွန်တော် ပါပါး နဲ့ ပြန်လိုက်သွားမယ်လို့ ပြောလိုက်တာပါ အစ်ကို "

Baby ကျွန်တော့်ကို နောက်နေတာမဟုတ်ပဲ တကယ်ပြတ်သားစွာ ပြောလိုက်ခြင်းဖြစ်သည်။

26 April 2019

Baby BossWhere stories live. Discover now