Part 24

2.9K 268 16
                                    

Part 24

Kirst ကုမ္ပဏီသွားခံနီးတွေ့လိုက်ရတော့
လူကြောင့် စိတ်ပျက်သွားသည်။
ဂျိုကာမဟုတ်ပဲ တခြား ဝန်ထမ်းတစ်ယောက်က ကားတံခါးလာဖွင့်ပေးတာကြောင့်ဖြစ်သည်။

"မင်းကဘယ်သူလဲ ဂျိုကာရော့  "

" ကျွန်တော်နာမည် Kenပါ အတွင်းရေးမှုးအလုပ်ကို Star ကုမ္ပဏီမှာသုံးနှစ်၊  Life ကုမ္ပဏီမှာသုံးနှစ်ကျော်လုပ်ဖူးပါတယ် အဲ့ဒီမတိုင်ခင် ကားမောင်း
ဒါရိုက်ဘာအဖြစ် ၂နှစ်လုပ်ဖူးပါတယ်Boss၊ ကျွန်တော် Boss ကို ကုမ္ပဏီကို အမြန်ဆုံးနည်းနဲ့ အန္တရာယ် ကင်းကင်းနဲ့ရောက်အောင် မောင်းပို့ပေးမှာပါ  "

တရပ်စပ်ကိုယ်ရေသွေးနေသောကောင်လေးကြောင်kirstလက်ခုပ်တီးပြီး ဂုဏ်ပြုလိုက်သည်။

" Ken မင်းရဲ့ အရည်အချင်းနဲ့ အတွေ့အကြုံကတော့ ငါရှာနေတဲ့ ဝန်ထမ်းကောင်းစိတ်ဓာတ်နဲ့ ညီမျှပါတယ် ဒါပေမဲ့ ငါအခုလိုတာက မင်းလို့အတွေ့အကြုံမရှီ၊ အရည်အချင်းသိပ်မရှီပေမဲ့ ငါကို စာနာဂရုစိုက်တက်တဲ့ ဂျိုကာကိုပဲလိုချင်တယ်။ တစ်ခါတလေ ကြီးကြီးကျယ်ကျယ်ဆုံးမတက်တာကလွှဲပြီး သူက အကုန်ကောင်းတယ် ကဲ့ ပြော သူဘယ်မှာလဲ  "

" သူဘယ်မှာလဲဆိုတော့ Boss ကျွန်တော်ပြောရင် ကျွန်တော်ကို အလုပ်ခန့်မှလား. "

" လျှာရှည်လိုက်တာ မြန်မြန်ပြောပါ
ငါရဲ့အပျင်းကြီးတဲ့ဂျိုကာ
ဘယ်မှာသွားအပါးခိုနေလဲ  "

"  အပါးခိုနေတာမဟုတ်ပါဘူး နေမကောင်းလို့ အဆောင်မှာ အိပ်နေတာပါ ကျွန်တော်ကို အိမ်တော်ထိန်းက Boss အတွက် အဆင်ပြေအောင် အလုပ်ခန့်ထားတာပါ  "

" Shit!  အရေးကြီးကိစ္စကို အခုမှပြောတယ်
မလိုအပ်ပဲ သူကိုယ့်သူ  မိတ်ဆက်နေတာက အကြာကြီး မင်းတော့ ငါအရင်စိတ်နဲ့ဆို ပထမရက်တင် အလုပ်ပြုတ်တယ် ဂျိုကာငါကို ဆုံးမထားလို့
မင်းသက်သာသွားတယ်မှတ်  "

" ဟုတ်....ဟုတ်ကဲ့  "

" ဘာကြောင့်ကြည့်နေတာလဲ ငါကိုလိုက်ပို့လေ ဂျိုကာအဆောင်ကို  "

" ဗျာ  "

" အဆောင်ကိုသိပေမဲ့ ဂျိုကာအခန်းမသိလို့
လိုက်ပြလို့ပြောနေတယ် "

" ဟုတ်ကဲ့ Boss ကျွန်တော်နောက်က လိုက်ခဲ့ပါ "

စံအိမ်ဘေးနားက အလုပ်သမားဆောင် သုံးထပ်တိုက်ရှီပေမဲ့ ဘယ်အလုပ်သမားနဲ့လည်း ရောရောနှောနှော မနေဖူးသလို့  အဲ့ဒီတိုက်ခန်းတွေဘက် ခြေဦးတောင်မလှည့်ဖူးပေ။ အခုမှ ဂျိုကာကို စိုးရိမ်လို့သာ တိုက်ခန်းဖတ် ရောက်ခဲ့ပြီး

"ဒီအခန်း ဂျိုကာအခန်းပါ 
ကျွန်တော်တံခါးခေါက်လိုက်မယ်  "

" မခေါက်နဲ့! တိုက်ခန်းသော့သွားယူ
ကိုယ့်ဘာသာ ဖွင့်ဝင်မယ် "

" ဗျာ "

"ဘာဗျာလဲ နေမကောင်းတဲ့သူကို တံခါးလာဖွင့်ခိုင်းမလို့ လာ့းအိပ်ပျော်နေရင် နိုးသွားမှာပေါ့  "

" ဟုတ် ...ဟုတ်ကဲ့ Boss က စာနာစိတ်အရမ်းရှီတာပဲနော်   "

" လျှာမရှည်ပဲ မြန်မြန်သော့သွားယူKen "

Ken သော့သွားယူပြီး ဖွင့်လိုက်မှ တံခါးပွင့်သွားသည် အခန်းထဲရောက်တာနဲ့ ကုတင်ပေါ်မှာ အိပ်နေတဲ့ ဂျိုကာကို တန်းမြင်ရသည်။

" အခန်းက ကျဉ်းလိုက်တာ  "

အခန်းကိုကြည့်ပြီး Bossစိတ်ပျက်စွာဆိုသည်။

" ကျွန်တော်တို့အတွက်တော့
ဒီလိုအခန်းမှာနေရဖို့ Boss အလုပ်ခန့်မှဖြစ်မယ်  "

အရေးထဲ ဒီKenကတမှောက်

" စိတ်ချပါ ငါမင်းကို အလုပ်ခန့်မှာပါ
ငါဂျိုကာကအလုပ်နှစ်ခု တပြိုင်နက်ထဲလုပ်ရတော့ ပင်ပန်းနေပြီ  "

" တကယ်လား Boss ကျေးဇူးတင်ပါတယ်  "

" အင်း မင်းကို driver အဖြင့်ခန့်မယ် အခုတော့ မင်းအလုပ်မင်းသွားလုပ်တော့  "

" Boss ကရော့ "

" လျှာရှည်လိုက်တာ အခန်းက ကျဉ်းပါတယ်ဆို
မင်းကိုငါ ဒီအခန်းထဲမှာ တွေ့နေရအုန်းမှာလား. "

" ဟုတ်ကဲ့ Boss  "

Kenကြောက်ကြောက်နဲ့ ထွက်သွားသည်။ အလုပ်ပြုတ်မှာကြောက်သား  ကုတင်ဘေးနားက စားပွဲခုံပေါ်မှာ ဆေးတွေတွေ့တာကြောင့် ဂျိုကာကို ဆရာဝန် လာကြည့်ပြီးသွားပြီပဲ   ကျွန်တော် ဂျိုကာလက်ကို ကိုင်ကြည့်တော့ အေးစက်နေသည်။

" ဘာလို့နေမကောင်းဖြစ်တာလဲ ဂျိုကာ ကျွန်တော် ဘာမှမလုပ်တက်မှန်းသိရဲ့သားနဲ့  ဂျိုကာသက်သာအောင် ကျွန်တော်ဘာလုပ်ပေးရမလဲဟင်   "

" ဒီအတိုင်းလက်ကို ကိုင်ပေးတာတင်
ကျေးဇူးတင်ပါတယ် Boss   "

ကျွန်တော်ပြောတာ ကြားသွားတာလား မျက်စီမဖွင့်ပဲ ပြန်ဖြေတဲ့ ဂျိုကောင်ကြောင့် ကျွန်တော်လန့် သွားပြီး

" ဂျိုကာ နိုးနေတာလား   "

Baby BossWhere stories live. Discover now