Part 40

2.2K 244 6
                                    

Part 40

Singto အလုပ်ကပြန်ရောက်ရောက်ချင်း သူဌေးခေါ်တယ်ဆိုလို့  သူဌေးကြီးရှီနေတဲ့ စာကြည့်ခန်းကို ရောက်လာခဲ့သည်။ 

" မင်္ဂလာပါ  သူဌေး   "

" အင်း ထိုင်ပါ Singto  "

ဆိုဖာပေါ်မှာထိုင်ခိုင်းတဲ့ သူဌေးအမိန့်ကြောင့် ထိုင်လိုက်တုန်းရှီသေး ကျွန်တော်ရှေ့ထိရောက်အောင်
လှမ်းပစ်လိုက်တဲ့ စာအိတ်က စားပွဲပေါ်မှာ အထင်းသား

" ဖွင့်ကြည့်လိုက်ပါ Singto "

ဖွင့်ကြည့်လိုက်တော့ ပိုက်ဆံနဲ့ အလုပ်ခန့်စာဖြစ်သည်။

" သူဌေး  ဒါက..  "

" မင်းရဲ့ဇာတိက ချင်းမိုင်မှာဆို ချင်းမိုင်မှာ Diamond Royal ကုမ္ပဏီက ဖွင့်လှစ်ထားတဲ့ ဟိုတယ်ရှီတယ်  အဲ့ဒီဟိုတယ်မှာ မန်နေဂျာအဖြစ်အလုပ်သွားလုပ်ပေးပါ မင်းမိသားစုနဲ့ လည်းမခွဲရတော့ဘူး အကောင်းဆုံးကတော့ အခုညချက်ခြင်း ခရီးထွက်ပေးရင် ကောင်းမယ် "

" သူဌေးက ကျွန်တော်နဲ့ Boss'Kitကိုခွဲ ဖို့ ဒီလိုစီစဉ်လိုက်တယ်ဆိုတာ နားလည်ပါတယ်  ဒါပေမဲ့   ကျွန်တော် ဒီလိုမနှုတ်ဆတ်ပဲ ထွက်မသွားချင်ဘူး ဒီညတော့ ကျွန်တော်ကို Boss နဲ့အချိန်ပေးပါ   ကျွန်တော် Bossနဲ့  စကားပြောချင်တယ်  "

" ဘာလဲ မင်းထွက်သွားဖို့ သူကို
အသိပေးစေချင်တာလား  "

" အသိပေးလို့ဘယ်ဖြစ်မလဲ ကျွန်တော်အသိပေးရင် Boss  လိုက်လာမှာပေါ့ ကျွန်တော်အသိမပေးသလို တခြားသူတွေလည်း ကျွန်တော်ချင်းမိုင်ပြန်သွားတဲ့ ကိစ္စကို အသိမပေးပါဘူး ဒီအတိုင်း တိတ်တဆတ်ထွက်သွားမှာပါ ကျွန်တော်က Boss  နဲ့မထိုက်တန်သူဆိုတာ သိပါတယ် "

Kade အတန်ကြာအောင် စဥ်းစားပြီး
ခေါင်းညိတ်လိုက်သည်။

" ကောင်းပြီလေ Singto  မင်းရဲ့
ကတိစကားကိုယုံပြီး တွေ့ခွင့်ပေးပါမယ်  "

" ကျေးဇူးတင်ပါတယ် သူဌေး ပြီးတော့
ကျွန်တော် သူဌေးကို မှာခဲ့ချင်တာလေး ရှီပါတယ်   "

" ဘာများလဲ  "

" Boss က သူ့ပါပါးရဲ့မေတ္တာကို အရမ်းလိုချင်ခဲ့တာပါ  အဲ့ဒါကြောင့် သူဌေးက Bossနားမှာနေပြီး ဂရုစိုက်ပေးစေချင်ပါတယ်။ Boss နေမကောင်းရင်  အကြိုက်ဆုံးဆန်ပြူတ်က ငါးဆန်ပြုတ်ပါ သူဌေး Boss နည်းနည်းလောက် မျက်နှာမကောင်းရင် သူဗိုက်နာနေလို့ပါ သူကိုချက်ခြင်း ဆေးထိုးပြီး အိပ်ခိုင်းပါ အဲ့ဒါဆို Boss နိုးလာရင်  မျက်နှာလေးလန်းဆန်းပြီး နေကောင်းသွားတာများပါတယ်  ကျေးဇူးပြူပြီး တရုတ်ကိုမပြန်တော့ပဲ Boss ဘေးနားမှာ နေပေးပါ Bossက ဘယ်လိုပဲ အရမ်းတော်တဲ့  ထက်မြက်တဲ့ စီးပွားရေးသမားဖြစ်နေပါစေ ဖခင်မေတ္တာ လိုအပ်နေတဲ့ ကလေးပ ရှီပါသေးတယ်  "

Baby BossWhere stories live. Discover now