Part 72

2K 264 26
                                    

Part 72

Singto နိုးနိုးချင်း ရေဆာတာနဲ့ ထမင်းစားခန်းထဲလျှောက်လာလာသည် ထမင်းစားခန်းမှာ ကျွန်တော့် သူငယ်ချင်းတွေအကုန် ထမင်းစားနေသည်။

" P'Sing နိုးလာပြီလား "

Gunပြောတာ ပြန်မပြောနိုင်ပဲ Singtoက ရေခဲသေတ္တာဖွင့်ကာ ရေဗူးယူသောက်နေသေးသည်။
သူကိုကျောပေးထိုင်ထားတဲ့ သူဌေးကို အခုထိမမြင်သေးဘူး ဖြစ်နေသည်

" Singto သက်သာလား "

" ကျွန်တော့်ကသက်သာပါတယ် P'Off..ဒါနဲ့
အစ်ကိုတို့အားလုံး အလုပ်မသွားကျဘူးလား
ကျွန်တော့်တို့အားလုံး အလုပ်ပြုတ်တော့မှာပဲ "

" အင်း Sing..ငါတို့ အဲ့အလုပ်က ထွက်လိုက်ပြီ "

God စကားကြောင့် Sing ထမင်းစားဝိုင်းဘက်လျှောက်လာပြီး

" ဗျာ!..ဘာလို့လဲ "

" Singက Kirst ကိုလွမ်းနေတာမဟုတ်လား Kirstကိုသွားတွေ့ရအောင်လို့ "

" ကျွန်တော့် .."

ထမင်းစားဝိုင်းက သူဌေးကို တွေ့သွားတာနဲ့ Singစကားဆက်မပြောတော့ပဲ ကြောင်ကြည့်နေသည်။ ဒါအိမ်မက်လား သူဌေးက ကျွန်တော့်သူငယ်ချင်းတွေနဲ့ ထမင်းအတူစားနေသည်။

" သက်သာပြီလား Sing "

ကျွန်တော့်က Singကိုနှုတ်ဆက်တော့ Singသူမျက်လုံးကို ပွတ်ပြီး ကျွန်တော့်ကို ပြန်ကြည့်နေသည်။

" သူဌေး!...သူဌေးဒီကိုဘယ်လိုရောက်လာတာလဲ "

" Kirstက သူအတွင်းရေးမှူးကို လွမ်းလို့ပြောလို့ အဖေတစ်ယောက်အနေနဲ့ လာခေါ်ပေးတာပါ "

"ဗျာ!... "

သူဌေးပြောတဲ့ စကားကြောင့် ကိုယ့်နားကိုယ့်တောင် မယုံနိုင်ဖြစ်သွားရသည် သူငယ်ချင်းတွေကြည့်တော့လည်း သူငယ်ချင်းတွေက ပြုံးနေသည်

" တကယ်လား သူဌေး "

" တကယ်ပါ သားလေးကို သူအစ်ကိုတွေကိုး ဒီနေ့ခေါ်လာမယ်ပြောခဲ့တာ အခုSingက နေမကောင်းတော့ မနက်ဖြန်မှ ပြန်ကျတာပေါ့ "

" ကျွန်တော့်နေကောင်းပါပြီ သူဌေး ကျွန်တော့်အဆင်ပြေပါတယ် "

Baby BossWhere stories live. Discover now