Part 43

2K 228 12
                                    

Part  43

Kade Pov

သားလေး အခုတလောအိမ်ပြန် အရမ်းနောက်ကျသည်။ သားလေး ကုမ္ပဏီကအပြန် ဘယ်ဝင်နေလဲလို့  သားလေးအတွင်းရေးမှူး လုပ်ပေးနေတဲ့ သားလေးရဲ့အရင်းအနှီးဆုံး Moh ကိုမေးတော့  ညတိုင်းကလပ်တက်နေတယ်တဲ့ ရည်းစားလည်း ထားတာ သုံးယောက်ရှီသွားပြီတဲ့  သားလေး မိန်ကလေးတွေနဲ့ တွဲတာ ကျေနပ်ပေမဲ့ သားလေးက ချစ်လို့ မဟုတ်ပဲ အပျော်တွဲနေတာပဲ သားလေးအတွက် ဘဝလက်တွဲဖော် မိန်းကလေး တစ်ယောက်မြန်မြန်ရှာပေးမှဖြစ်မယ်။ သူငယ်ချင်း သမီး Angelမိတ်ဆက်ပေးရမယ်။

" သားလေး  လာထိုင်ပါအုန်း "

ကုမ္ပဏီကပြန်လာတဲ့ သားကို  ဧည့်ခန်းမှာ လာထိုင်းခိုင်းလိုက်သည်

" ပါပါး သူက"

ဧည့်ခန်းမှာထိုင်နေတဲ့ ကောင်မလေးက ကျွန်တော်ကို ပြုံးပြနေတာကြောင့်ပါပါးကိုမေးလိုက်သည်

" သူက ပါပါးသူငယ်ချင်းရဲ့ သမီး ဂျပန်ကနေ
အခုမှပြန်လာတာ နာမည်က Angelတဲ့ "

" မင်္ဂလာပါ P'Kirst  "

"Kirst  လိုပဲခေါ်ပါ အသက်အတူတူပဲလေ   "

" Kit လို့ ခေါ်မယ်နော်  "

" အင်း  "

" သားလေး ကုမ္ပဏီမှာ သမီးလေးက Super Market Centre အကြောင်း ဟိုတယ်ဇုံ အကြောင်းတွေ  လေ့လာချင်လို့တဲ့ ကူညီပေးလိုက်ပါ  "

" ဟုတ်ကဲ့ပါပါး
အခုတော့ကျွန်တော်ပင်ပန်းလာတယ် နားချင်ပြီ   "

" သွားနားလေသားလေး နေရောကောင်းရဲ့လား "

" ဟုတ်ကဲ့ ပါပါး!  "

ကျွန်တော် အခန်းထဲရောက်တော့ ကုတင်ပေါ်မှာ ပစ်လှဲလိုက်သည်  Mohက ကျွန်တော်ဖိနပ် ချွတ်ပေးပြီး 

" အဝတ်အစားလဲရအုန်းမယ်လေ Kirst "

" မထချင်ဘူး လဲပေး  "

Kirst ကို အဝတ်အစားလဲပေးလိုက်သည်။ Kirstက ကျွန်တော်အပေါ်တော့ မရှက်ပေ။
ငယ်ငယ်ကတည်းက အတူတူနေလာတာကြောင့်ဖြစ်သည်။ အခုတလော Kirst  အရင်လို တက်ကြွခြင်းမရှီတော့ပေ ကုမ္ပဏီမှာလည်း အလုပ်ကောင်းကောင်းမလုပ်ပေ စိတ်အမြဲတမ်းတိုပြီး ဒေါသထွက်နေတက်သည်။ ဒါတွေအကုန်လုံး P'Sing ကြောင့်ပဲ အစကတည်းက ထွက်သွားမယ်ဆို Boss နားမှာ အနီးကပ်နေပြီး ဘာကြောင့် ဂရုစိုက်ခဲ့ရတာလဲ

" Kirst ဆေးသောက်ရအောင်  "

Kirst ကိုဆေးလုံးနဲ့ရေပေးလိုက်သည်

" အင်း "

Kirst ဆေးသောက်ပြီး  ကုတင်ပေါ်မှာ လှဲအိပ်သွားသည် ကျွန်တော် Kirst ကို စောင်ခြုံပေးလိုက်သည်။

🏡

Singto Pov

သန့်ရှင်းရေးလုပ်ရတဲ့ အလုပ်ကတော်တော် ပင်ပန်းတာပဲ ကုမ္ပဏီကနေ အိမ်ရောက်တာနဲ့ New က နောက်ကျောတွေ ခြေသလုံးတွေ ဆေးလ်ိမ်းပေးသည်။

"အဆင်ပြေလား P'Sing  "

" အင်း New ကျေးဇူးအများကြီးတင်ပါတယ်ကွာ "

"  ကျွန်တော်လည်း သန့် ရှင်းရေးတောင်
ပြေးလုပ်ချင်စိတ်ပေါက်တယ် ကုမ္ပဏီမှာ Boss ဒေါသအိုးကြောင့် နေ့တိုင်းနေ့ အဆူခံအဆဲ
အထောင်းခံနေရတယ်  "

" ဘယ်သူထောင်းတာလဲ New  "

" မန်နေဂျာ Few နဲ့ သူရဲ့လက်ထောက် Job.တို့လေ Boss က မန်နေဂျာကို ပြောရင် မန်နေဂျာရဲ့ဒေါသက ကျွန်တော်တို့ အပေါ်ရောက်လာတာ အဲ့ဒါကြောင့် ကုမ္ပဏီမှာ အကုန်လုံးက P'Sing. အကြောင်းပဲပြောပြီး P'Sing ကိုလွမ်းနေကျတယ် "

" အင်း  ငါလည်း Boss ဒေါသကို ကြားသိရပါတယ် "

"အဲ့ထက်ဆိုးတဲ့ သတင်းရှီတယ် ကျွန်တော်မသေချာသေးလို့  P'Sing ကိုမပြောသေးတာ  "

" ဘာသတင်းလဲ  "

" Boss Nightclub တက်တဲ့ကိစ္စ ညတိုင်းလိုလိုပဲတဲ့  ကောင်မလေးတွေ နဲ့ တွဲပြီး ကာရာအိုကေဆိုင်တွေကိုလည်း အမြဲ သွားတယ်တဲ့  "

"Boss က ကောင်မလေးချစ်သူရနေပြီပေါ့  "

" အဲ့လိုမဟုတ်ဘူး P'Sing အပျော်တွဲတာ ထင်တယ် ကောင်မလေးတစ်ယောက်ထဲကို စွဲစွဲမြဲမြဲချစ်တာ မဟုတ်ဘူး  အခု တွဲနေတာတောင် သုံးလေးယောက် ရှီပြီ ကြားတယ်  "

New စကားကြောင့် ကျွန်တော်ဘာမှ ပြန်မပြောနိုင်တော့ပဲ အခန်းထဲပဲ ဝင်လာလိုက်သည်။
ဖုန်းကိုဖွင့်ပြီး ဖုန်းထဲက  Baby Boss ပုံလေးကိုကြည့်ပြီး မျက်ရည်ကျနေမိသည်။

Baby BossWhere stories live. Discover now