Part 54

2.4K 269 25
                                    

Part 54

မနက်စာကို Godက Babyလေးအကြိုက် ထမင်းကြော် ကျော်ပေးပေမဲ့

" ထမင်းကြော်က သိုးနေသလို့ပဲ  "

" မသိုးပါဘူး Kirst! Pအခုမှကြော်ထားတာ "

" မသိုးပါဘူး Baby   "

" ဟုတ်လား အနံကတစ်မျိုးကြီးပဲ "

Baby လေးထမင်းစားနေရင်း အနံမခံနိုင်တာကြောင့် သွားအန်နေသည်။ ကျွန်တော်လိုက်သွားပြီး Babyလေး ကျောကို နှိပ်ပေးလိုက်သည် ။
Gun တို့ပါ ထမင်းမစားတော့ပဲ Babyလေးနားလာကာ

" ရေသောက်လိုက် Kirst  "

ကျွန်တော် Babyလေးနဖူးကိုစမ်းတော့ ပူမနေပဲ အေးနေသည်။ အဲ့ဒါကြောင့် Babyလေးဗိုက်ကို စမ်းကြည့်တော့

" ဘာလုပ်တာလဲ လူတွေရှီတယ်လေ အစ်ကိုရဲ့  "

" မဟုတ်ပါဘူး Babyလေး အစာအိမ်များ
တစ်ခုခုဖြစ်လားလို့ ပါ  "

" ကျွန်တော်ဘာမှမဖြစ်ပါဘူး ဒါပေမဲ့
အခုခဏနားချင်တယ် "

ကျွန်တော် Babyလေးကို အခန်းထဲလိုက်ပို့လိုက်သည်။

Kirst အိပ်ရာပေါ်လှဲလိုက်သည်။ အစ်ကိုက
စောင်ခြုံပေးရင်း စိတ်ပူသောမျက်လုံးနဲ့
ကြည့်နေသည်။ တခြားအစ်ကိုတွေလည်း
ထူးထူးဆန်းဆန်းအခန်းထဲထိလိုက်ဝင်ကာ
သူကိုကြည့်နေကြသည်။

"  အစ်ကိုတို့ အလုပ်သွားကျတော့လေ  "

" Kirstမှနေမကောင်းတာ  "

" ကျွန်တော်ကို စိတ်မပူပါနဲ့ အစ်ကိုတို့
ကျွန်တော်ဘာမှ မဖြစ်ပါဘူး
အစ်ကိုတို့ အတွက် အလုပ်မရှီရင်မဖြစ်ဘူးလေ "

Baby လေးစကားကြောင့် Off
သက်ပျင်းချကာ Singပုခုံးကိုပုတ်ကာ
စကားဆိုလိုက်သည်။

" Sing မင်းကြည့်ရတာ အရမ်းစိတ်ပူနေသလိုပဲ
မင်းနေခဲ့လိုက် ငါမန်နေဂျာကို ပြောပြလိုက်မယ်  "

" ကျွန်တော်ဘာမှမဖြစ်ဘူး အစ်ကို "

"Babyလေးမျက်နှာဖြူဖတ်နေတယ်လေ  "

" ဘာမှမဖြစ်ဘူးပါဘူးဆို အစ်ကိုက
ဝန်ထမ်းအသစ်လေ အလုပ်ပျက်ရင် ဘယ်ကောင်းမလဲ သွားပါ  "

Baby BossWhere stories live. Discover now