Part 79

2K 228 14
                                    

Part 79

Kade ကုမ္ပဏီမှာ အစည်းအဝေးလုပ်နေစဉ်
ခေါင်းကိုက်ပြီး အမြင်အာရုံပါ ဝေဝါးလာသည်။

" သူဌေး..သူဌေး "

Sing ကျွန်တော့်ကို လာထိန်းပေးတာ မှတ်မိပြီး
အဲ့ဒီနောက်တော့ အမြင်အာရုံတွေဝေးဝါးသွားပြီး မှောင်မိုက်သွားသည်။

" သူဌေး "

Sing သူဌေးကို ဆေးရုံမြန်မြန်ပို့လိုက်သည်။ သူဌေးကုနေကျ ဆရာဝန်က သူဌေးကို vipအခန်းထဲ ခေါ်သွားသည်။ ကျွန်တော်လည်း အခန်းထဲထိလိုက်ပြီး ဒေါက်တာကို မေးလိုက်သည်။

" ဒေါက်တာ သူဌေးဘယ်လိုနေလဲ "

" ခဏနားလိုက်ရင် သက်သာသွားမှာပါ "

" တကယ်သက်သာသွားမှာပါနော် "

" ဟုတ်ကဲ့ စိတ်မပူပါနဲ့  "

သူဌေးကို စောင့်ပေးနေစဉ် စိတ်ထဲမှာ လေးလံခြင်းနဲ့ ပူပန်မှုတွေ ဖြစ်နေသည်။ တစ်ခုခုတော့ တစ်ခုခုပဲ သူဌေးရောဒေါက်တာပါ ကျွန်တော့်ကို တစ်ခုခုဖုန်းကွယ်ထားသလို ခံစားရသည်။

" Sing! "

" သူဌေးနိုးပြီလား "

" အင်း ဘယ်နှစ်နာရီ ထိုးပြီလဲ "

" လေးနာရီထိုးပြီ သူဌေး "

" ကုမ္ပဏီကပြန်တဲ့အချိန်ရောက်တော့မှာပဲ
ပြန်ရအောင် Sing "

သူဌေးရုတ်တရက်ထလိုက်ပြီး

" အားးး "

ကျွန်တော့် သူဌေးကိုယ့်ကို ထိန်းလိုက်ရင်း

" ဖြစ်ရဲ့လား သူဌေး "

" အင်း သားလေးကို မသိပ့ါစေနဲ့ ကိုယ်ဝန်ကြောင့် စိတ်ပင်ပန်းနေရတာကိုး ငါ့ကြောင့်ပါမပင်ပန်းစေချင်ဘူး "

" သူဌေးဘာဖြစ်တာလဲ ကျွန်တော့်ကိုပြောပြပါ့လား "

" ဘာမှမဖြစ်ပါဘူး Sing...ပြန်ရအောင် "

" တစ်ခုခုများအားနည်းနေတာလား
သူဌေး ကျွန်တော်ကိုပြောပြပါ "

သူဌေးက သူ့ပုံခုံးကိုပုတ်ကာဆို၏ ။

" ဘာမှမဖြစ်ပါဘူး ပြန်ရအောင် "

" ဟုတ်ကဲ့ "

ကျွန်တော့်က သူဌေးအတွက် သားမက်ကောင်းမဟုတ်ဘူးထင်တယ် သူဌေးကျွန်တော့်ကို မယုံကြည့်လို့ မပြောပြတာပဲဖြစ်မည်။

Baby BossWhere stories live. Discover now