Part 51

2.1K 228 10
                                    

Part  51

Singto Pov

Baby လေးငြိမ်နေသည်။ အလုပ်လုပ်ဖို့လည်းမပြောတော့ပေ။ ညစာကိုလည်း ဂျီမများပဲ စားနေသည်။ ကျွန်တော်ဝယ်လာတဲ့ ဖုန်းကိုလည်း P'Singပဲသုံး ကျွန်တော် မသုံးတော့ဘူးတဲ့ ကျွန်တော်က ဒီဖုန်းရဖို့ကို ဘယ်လိုကြိုးစားခဲ့ရလဲ ဒီကလေး မသိဘူး  Offတို့ အားလုံးဝိုင်းပေးမဲ့ ပိုက်ဆံတောင် မယူပဲ ကျွန်တော် မွေးနေ့မှာ ဦးလေးပေးထားတဲ့ လက်ပတ်နာရီကို ရောင်းစားခဲ့ရပြီး ဝယ်ခဲ့တာဖြစ်သည်။ အခုလည်း ကျွန်တော်ဘက်လှည့်မအိပ်ပဲ တဖတ်လှည့်ပြီး ပြတင်းပေါက်ဘက်ငေးကာ လှဲအိပ်နေသည်။

" Baby!... Baby!  "

P'Sing ခေါ်တာကိုမကြားချင်အောင် ဆောင်ပြီး မျက်စီမှိတ်ထားလိုက်သည်။

" Baby မအိပ်သေးမှန်း ကိုယ့်သိပါတယ် "

ကျွန်တော် Babyလေးနားကပ်ပြီး Baby
ခန္ဓာကိုယ်ကို ကျွန်တော်ဘက်လှည့်လိုက်ပြီး ကျွန်တော့်ရင်ခွင်ထဲ ဆွဲသွင်းလိုက်သည်။  ဒါတောင် အိပ်ချင်ယောင်ဆောင်နေတဲ့ Babyလေး၏နဖူးကို မြတ်မြတ်နိူးနိုး နမ်းလိုက်သည်။  ပြီးတော့ Babyလေး နှာခေါင်းကို နမ်းပြီးကိုက်လိုက်တော့

"ဟီးဟီး.. ခစ်ခစ်.. အစ်ကိုယားတယ် "

မနေနိုင်တော့ပဲ စကားပြောလာတဲ့ Babyလေး

" ချစ်ဆုံးBabyလေး ကိုယ့်ကိုစကားမပြောချင်လို့ အိပ်ချင်ယောင်ဆောင်နေတယ်ပေါ့   "

"ကျွန်တော်တကယ်အိပ်ချင်လို့ပါဆို "

"ကိုယ့်ကို စိတ်မကောက်ပါနဲ့ Baby!..ကိုယ်တို့လုပ်ရတဲ့ အလုပ်က အောက်ခြေဝန်ထမ်းအလုပ်တွေ အဲ့လိုအလုပ်တွေကို Baby လေးကိုမခိုင်းရက်ဘူး Babyလေးက အလုပ်လုပ်တာတော်တဲ့ စီးပွားရေးပညာရှင် တစ်ယောက်လေ ဒီလိုအလုပ်တွေ မလုပ်ချင်ပါနဲ့နော်  "

"ဟုတ်ကဲ့ "

ကျွန်တော်ပြောတာကိုး အတွန့်မတက်ပဲ အေးဆေးနားထောင်နေတဲ့ Babyလေးက
ကျွန်တော်ခါးကိုဖက်ကာ ကျွန်တော်ရင်ခွင်ထဲ တိုးဝင်လာသည်။ ကျွန်တော်သီချင်းဆိုလိုက်ပြီး Babyလေးကျောကို ပွတ်ပေးကာ  သိပ်ပေးလိုက်သည်။ သီချင်းတစ်ပုင်္ဒမဆုံးခင် Babyလေး အိပ်ပျော်သွားသည်။ အိပ်ပျော်နေတဲ့ Babyပါးကို ထပ်နမ်းလိုက်သည်။

" Good Night Baby!  "

©♥®

Kirst Pov

အစ်ကိုတို့မနက်စာစားပြီး ကုန်တိုက်ကိုထွက်သွားကျသည်။ ကျွန်တော်လည်း ဦးထုပ်ဆောင်းကာ အိမ်တံခါးတွေ အကုန်ပိတ်ခဲ့လိုက်ပြီး ဦးလေး Thorn ဆီက ဆိုင်ကယ်ယူလိုက်သည်။

" ကလေးရော ဒီအင်္ကျီပါဝတ်မှရမှာ ပြီးတော့
ဆိုင်ကယ်ဆီးဦးထုပ်ဆောင်းဖို့ မမေ့နဲ့ "

"ဟင် ဟုတ်လား စတိုင်ပဲ့လိုက်တာ  "

ဦးလေးကပြုံးပြီး Taxi. သမားတွေဝတ်တဲ့ အပေါ်ဝတ်ကို ကျွန်တော်ကို ဝတ်ပေးသည်။ ပြီးတော့ ကျွန်တော်ဦးထုပ်ကို ချွတ်ပြီး ဆိုင်ကယ်ဦးထုပ်ပါဆောင်းပေးသည်။

" ဦးလေး ညနေကျရင် ကျွန်တော်
ဘာဝယ်ပေးရမလဲ ဦးလေး ဘာစားမလဲပြော "

"ရပါတယ် ကလေးရယ် ကလေးက ဦးလေးဆီမှာ ဆိုင်ကယ် အပြတ်ဝယ်ထားတာပဲ ဒါတွေမလိုပါဘူး "

"စားချင်တာကိုးပြောလိုက် ကျွန်တော် ဝယ်ခဲ့မယ် ဒါပေမဲ့ ကျွန်တော့်အဆောင်က လူတွေမသိစေနဲ့နော် ဦးလေး  "

"စိတ်ချပါကလေး  ဦးလေးကတိတည်ပါတယ်
ဆိုင်ကယ်ဖြေးဖြေးမောင်းနော် ကလေး  "

"ဟုတ်ကဲ့ ဦးလေးThorn  "

ဦလေး Thornက အသက်ကြီးကြီး ဦးလေးကြီး မဟုတ်ပါဘူး။ အသက်သုံးဆယ်အရွယ် ဦးလေးဖြစ်သည်  ကျွန်တော်အပေါ် သဘောလည်းကောင်းပြီး ကျွန်တော်ဆိုင်ကယ်ကိုလည်း သေချာထိန်းသိမ်းထားမည်ပြောသည်။ ဆိုင်ကယ်ဆီးမဲ့ ခရီးသည် ဖောက်သည်တွေလည်း ရှာပေးမယ်ပြောသည်။ ပထမရက်ကို မယ်ဆိုင် ဈေးနားမှာ သွားဆွဲလိုက်သည်။ တနေ့ကုန်မနားရပဲ အလုပ်ဖြစ်သည် ပထမရက်တင် ဘတ်လေးရာရသည်။ နာရီကြည့်လိုက်တော့ ငါးနာရီထိုးတော့မှာမို့ အိမ်မြန်မြန်မောင်း လာခဲ့လိုက်သည်။ အစ်ကိုတို့ထက် အရင် အိမ်မှာရောက်နေမှ ဖြစ်မည်။

Baby BossWhere stories live. Discover now