Part 76

2.2K 244 24
                                    

Part 76

Kade Pov

Kadeအခန်းထဲဝင်ဝင်ချင်း  ကုတင်ပေါ်မှာ ထိုင်နေတဲ့ သားလေးကို မကြည့်ပဲ မနက်စာကို စားပွဲပေါ်မှာ တင်ကာ အခန်းထဲဝေ့ပတ်ကြည့်လိုက်သည်။

" ပါပါး!   "

သားလေးခေါ်တာ ဂရုမစိုက်ပဲ ရေချိုးခန်းထဲ ဝင်ကြည့် ဝရန်တာဘက်ကို ကြည့်ပြီး အခန်းဖွဲ့စည်းပုံကိုပဲ ကြည့်နေလိုက်သည်။

" ပါပါးဘာကြည့်နေတာလဲဟင်   "

" သားလေး အခန်းကိုကြည့်နေတာပါ
နည်းနည်းကျဉ်းပြီး စိတ်ကျဉ်းကျပ်စေတယ်  "

"ကျယ်ပါတယ်ပါပါး အခန်းကအကျယ်ကြီးပဲကိုး  "

"ပုံမှန်ဆို ဒီအခန်းကကျယ်ပါတယ် နေ့စဉ်ရက်ဆက် အခန်းပြင်မထွက်ပဲ နေရင်တော့ ကျဉ်းနေသလားလို့   "

" ပါပါး!..ပါပါး  "

သားလေး ကျွန်တော့်ကို လာဖက်သည်။
သားလေးကို ပြန်ဖက်ထားလိုက်သည်

" ဟင့်...အဟင့်...ဟင့်   "

ဖတ်ထားရင်း သားလေးဆီက ငိုသံကိုကြားရသည် သားလေးလက်ကို ဆွဲပြီး အခန်းထဲဆိုဖာပေါ်မှာ အတူတူထိုင်လိုက်သည်။

" ပါပါးနားလည်ပါတယ် တစ်နေ့နေ့ သားလေးကိုယ်ဝန်ကြောင့် စိတ်ပင်ပန်းလာမယ်ဆိုတာ
ပါပါးသိနေတယ်  "

"ကျွန်တော့်ကို စိတ်ဆိုးနေတာလား ပါပါး "

" သားလေးကို ဘာလို့ စိတ်ဆိုးရမှာလဲ သားလေးက အခုမှ ၁၇နှစ်ပဲ ရှီသေးတာလေ သားလေးဘယ်လိုပဲ ထက်မြက်ပြီးတော်နေပေမဲ့ သားလေးက အလုံးစုံ ရင့်ကျက်သေးတဲ့သူမှ မဟုတ်တာ အဲ့ဒါကြောင့်
ပါပါးက ကုမ္ပဏီမှာ ကြည့်နေတဲ့မျက်လုံးတွေ အများကြီးရှီတာမို့လို့  သားလေးကို အိမ်မှာပဲ ဖိုးဖိုးနဲ့နေခိုင်းခဲ့တာမဟုတ်လား "

" ကျွန်တော့် P'Singကို အရမ်းချစ်လို့ ဒီလိုထူးဆန်းတဲ့ကောင်လေးကို လွယ်ထားရလို့ ဘာမှမဖြစ်ပေမဲ့ သူကကြီးလာပြီး ကျွန်တော့်ဗိုက်ကြီးပူလာတာ ရုပ်ဆိုးတယ် မကြိုက်ဘူးပါပါး
အနေအထိုင်လည်းခက်တယ်   "

Kade သက်ပြင်းချပြီး သားလေးကိုမေးလိုက်သည်။

" ကိုယ်ရဲ့ဖြစ်တည်မှုကို ဘာကြောင့်
ရှက်နေရတာလဲ သားလေးရဲ့ "

Baby BossWhere stories live. Discover now