Part 20

2.3K 249 5
                                    

Part 20

P'Yorchက လက်ဆောင်ဗူးကို ကမ်းပေးကာ
ဂုဏ်ပြုစကားဆိုသည်။

" Happy Birthday Kirst "

" P ကျွန်တော်မွေးနေ့ သိနေတယ်  "

" သိတာပေါ့ ထိုင်လေ Singလဲထိုင်  "

ညစာအတူစားမယ်ဆိုပြီး လာလိုက်တာ P က ကျွန်တော်မွေးနေ့ ကိုသိနေတယ်  ပြီးတော့ မွေးနေ့လက်ဆောင် ပါပြင်ထားပေးတယ်။

" ဖွင့်ကြည့် Kirst ကြိုက်မကြိုက်သိချင်လို့  "

ကျွန်တော် အပြာရောင် ကတ္တီပါဗူးကို ဖွင့်ကြည့်တော့ ဆွဲကြိုးဖြစ်နေတယ်။ တိုက်တိုက်ဆိုင်ဆိုင်ဆွဲကြိုးပဲလား

" Pပေးတဲ့လက်ဆောင်ကို သဘောကျလား Kirst  "

" ဟုတ်ကဲ့   "

" အဲ့ဒါဆို P  ကိုယ့်တိုင်ဆွဲပေးမယ်  "

P ဆွဲကြိုးယူပြီ ကျွန်တော် လည်ပင်နား
ဆွဲကြိုးကို ကပ်တော့

" Kirst မှာဆွဲကြိုးရှီတာပဲ ခါတိုင်း P မမြင်မိပါဘူး  "

" ဟုတ်တယ် P ကျွန်တော်မွေးနေ့ လက်ဆောင်ရတာ "

" အဲ့ဒါဆို Kirst ဘယ်ဟာ ဝတ်ထားမှာလဲ
ဆွဲကြိုး ၂ ကုံးကြီးကျတော့ ကြည့်မကောင်းဘူး   "

Kirstဖြေရခက်သွားသည်။ ဒီနှစ်ကျမှ ပါပါးနဲ့
P'Yorchက မွေးနေ့လက်ဆောင်တစ်မျိုးတည်းကို
ပြိုင်တူပေးတာကြောင့်ဖြစ်သည်။

" ကျွန်တော် ... ကျွန်တော် .... "

" Boss စာရေးဆရာပေးတဲ့ဆွဲကြိုးက
Boss နဲ့ ပိုလိုက်တယ် "

ဂျိုကာက ဝငိပြောလိုက်ပေမဲ့

" ကျွန်တော် P'Yorch ဆွဲကြိုးကို
သိမ်းထားလိုက်ပါမယ်  "

" ကောင်းပါပြီ Kirst သဘောပါ  "

P'Yorchကဆွဲကြိုးကို ဗူးထဲပြန်ထည့်ပြီး
နေရာမှာပြန်ထိုင်သည်။ 

" P စားချင်တာစား ကျွန်တော် ကျွေးမယ်
ဒီဆိုင်က ဝိုင်လည်းကောင်းတယ်  "

" အင်းပါ Kirst   "

" Boss ဝိုင်သောက်အုန်းမလို့လား  "

Boss ကျွန်တော်ကို ရယ်ပြပြီး

" နည်းနည်းပါ ဂျိုကာ  "

Baby BossWhere stories live. Discover now