Part 44

2.2K 239 21
                                    

Part 44

Singto

Bossက သူရုံးခန်းထဲမှာ သူရှီနေစဉ် သန့် ရှင်းရေး လုပ်တာ လုံးဝမကြိုက်တဲ့အတွက် ကျွန်တော် Boss အခန်းကို မနက်စောစော သန့်ရှင်းရေး အရင်လုပ်ပေးရသည်။ Bossအခန်းထဲဝင်တိုင်း Boss  ကိုလွမ်းတဲ့စိတ်က နည်းနည်းသက်သာ သလိုလိုရှီသည်။   ကျွန်တော် Boss ခန်းမှာ ကြမ်းတိုက်နေတုန်း ဝင်လာတဲ့ Boss နဲ့ Moh  Bossနေရာမှာထိုင်ပြီး  ကျွန်တော်ကို 

"သန့်ရှင်းရေးသမား ငါရှီနေတုန်း ငါအခန်းထဲဝင်တာ မကြိုက်ဘူးလို့  ပြောထားတာ မကြားဘူးလား  "

"ကျွန်တော်ကအစကတည်းက
အရင်ရောက်နေတာပါ   "

" ဘာ! မင်းကငါကို ပြန်ပြောနေတာလား "

ကုမ္ပဏီရောက်လို့မှ တစ်မိနစ်မပြည့်သေးဘူး သန့်ရှင်းရေးသမားကို ပြသာနာရှာနေတဲ့ Kirst ကို Mohက P'Singto လေသံနဲ့ပြောလိုက်သည်။

" အဆင့်တန်း ခွဲခြားတာ P မကြိုက်ဘူးဆိုတာ မသိဘူးလား ကိုယ့်ထက်နိမ့်တဲ့သူကို အရမ်းအနိူင်ကျင့်တာပဲ   "

" အဟင့်...ဟင့်...ဟင့် . "

Moh စကားကြောင့်  Baby  Boss လေးငိုသွားသည်

" ငိုပြန်ပြီလား  Kirst  အရင်လုံးဝမငိုတက်တဲ့သူက အခုတလော အရမ်းငိုတာပဲ  "

" မင်းက ဟိုလူဆိုးကိုသတိရအောင်
လာပြောတာကိုး အဟင့်...ဟင့်   "

"မငိုနဲ့တော့လေ Kirst သန့်ရှင်းရေးသမားရှေ့ မှာ
မရှက်ဘူးလား  "

Moh က နေရာမှထပြီး Kirst  ကိုမျက်ရည်သုတ်ပေးရင်း ကျွန်တော်ရှီနေကြောင်းပြောတော့ Baby Boss ကျွန်တော်ကို ကြည့်ပြီး

"မင်းကငါငိုနေတာ ကြည့်ကောင်းနေလို့ ရပ်နေတာလား ထွက်မသွားသေးဘူးလား  "

"ဟုတ်ကဲ့  အခုထွက်သွားပါမယ်  "

ကျွန်တော် ဗုန်းနဲ့ ကြမ်းတိုက်တံကိုယူပြီး ထွက်သွားဖို့ တံခါးကို အဖွင့်

"နေအုန်း  "

" ဘာလုပ်ဖို့ လဲ Kirst   "

ကျွန်တော် Boss ကို ပြန်လှည့်ကြည့်တော့

" ငါငိုတာကို လျှောက်ပြောရဲပြောကြည့် အလုပ်ထုတ်ပစ်မယ်  "

Boss စကားကြောင့် Moh ရယ်ချသွားသလို့ ကျွန်တော်လည်း ရယ်ချင်သွားသည်။ ရယ်လည်းမရယ်ရဲဘူး တော်ကြာ ဒေါသအိုးလေး Baby Kirstက ပေါက်ကွဲပြီး အလုပ်ထုတ်မှာ ကြောက်ရသည်

" ဟုတ်ကဲ့ ကျွန်တော်
ဘယ်သူမှပြန်မပြောရဲပါဘူး  "

ကျွန်တော် Boss အခန်းထဲက  ထွက်လာပြီး သက်ပြင်းချမိသည်  ငိုတက်ရယ်တက်သွားပြီလား ကလေးရယ် ပထမဆုံး Boss ငိုတာကို မြင်ရတာ
ဝမိးနည်းသလိုလို ဖြစ်ပေမဲ့ ကျေနပ်ပါတယ် ဒါပေမဲ့ ကျွန်တော်အကြောင်းပြောတိုင်း ငိုမိလို့ ကျွန်တော်အကြောင်းကို မပြောပါနဲ့လား

©♥®

Singto Pov

Newဆီက Boss သတင်းကြားပြီး Bossကုမ္ပဏီက ပြန်တဲ့အချိန် New ဆိုင်ကယ်ငှားကာ Boss နောက်
နောက်ယောင်ခံ လိုက်လိုက်သည်။ အရင်ဆုံး စားနေကျ စားသောက်ဆိုင်မှာ  ကောာင်မလေးကအရင် စောင့်နေပြီး Bossနဲ့ ညစာအတူ စားနေကျသည်။ Drive Ken နဲ့  Mohက တစ်ခြားဝိုင်းမှာ ထိုင်ပြီးစားနေသည်။ ကောင်မလေးက Boss ကို ဟင်းထည့်ပေးပြီး ဂရုစိုက်နေသလို Bossကလည်း ကောင်မလေး လက်ကိုကိုင်ပြီး သာယာနေသည်။ စားသောက်ပြီးတော့ ကောင်မလေးပါးကို နမ်းကာ ကောင်မလေးနဲ့ Boss လမ်းခွဲခဲ့သည်။ ကျွန်တော်လည်း Boss နောက်ဆက်လိုက်တော့  Boss သွားတဲ့ နောက်တစ်နေရာက Night Club

" တောက်! Baby လေး မဟုတ်တာလုပ်နေတာကိုး
ဒီအရူး Moh ကမတားဘူးလား "

ကျွန်တော်လည်း Night Club ထဲလိုက်ဝင်သွားတော့    Bossကို အဆင့်သင့်စောင့်နေတဲ့ ကောင်မလေး နောက်တစ်ယောက်နဲ့  Bossတွဲ ကနေသည်။  ကောင်မလေးတိုက်တဲ့ ဝိုင်ကို Boss ကပါ မငြင်းပဲ သောက်နေသည်  Moh နဲ့ Ken ကို ကြည့်လိုက်တော့  ဘားဝိုင်းမှာထိုင်ပြီး Bossကို ကြည့်နေယုံပဲ ကြည့်နေသည် ဝင်မတားကျဘူး ဒီမြင်ကွင်းမျိုးကို ကျွန်တော် ဘယ်လိုမှ ကြည့်မနေနိုင်တော့ဘူးဖြစ်သည်။

Baby BossWhere stories live. Discover now