Part 74

2K 263 21
                                    

Part 74

Kirst Pov

ကျွန်တော့်အိပ်ရာထထချင်း ဆိုဖာပေါ်မှာ အိပ်နေတဲ့ P'Singကို တွေ့ရသ။ည်

" ဟင် အစ်ကိုက ဘာလို့ငါနဲ့မအိပ်တာလဲ "

ကုတင်ပေါ်ကဆင်းပြီး ဆိုဖာပေါ်မှာအိပ်နေတဲ့ P'Sing ပါးနဲ့ နှုတ်ခမ်းကို နမ်းလိုက်သည်။

" အဟင့်...ဟင့်...ဟင့် "

ငိုသံကြားလို့ မျက်စီဖွင့်ကြည့်လိုက်တော့ ကျွန်တော့်ကို ကြည့်ပြီး ငိုနေတဲ့ Babyလေး ကျွန်တော့်ချက်ခြင်းထလိုက်ပြီ Babyလေးကိုပါ မချီပြီး ဆိုဖာပေါ်မှာ အတူတူထိုင်လိုက်သည်။

" ဘာလို့ငိုတာလဲ Baby "

" အစ်ကိုကဘာလို့ ကျွန်တော်နဲ့
အတူတူမအိပ်တာလဲ "

" သြော်...အဲ့တာလား ကိုယ့်ကနေမကောင်းဖြစ်နေတာ သူဌေးလာခေါ်တာနဲ့ Babyကိုတွေ့ချင်လို့ ချက်ခြင်းလိုက်လာတာ အဲ့တာကြောင့် Babyအဖျားကူးမှာဆိုးလို့ ဆိုဖာပေါ်မှာ အိပ်နေတာ မငိုပါနဲ့ ...ထက်မြတ်ပြီး အသည်းမာတဲ့ Babyလေးက အခုတော့ အငိုသန်လိုက်တာ "

Kirstမျက်နှာကမျက်ရည်တွေက်ို သုတ်ပေးလိုက်ပြီး ချော့လိုက်သည်။

" အစ်ကိုနေမကောင်းဘူးလား ကျွန်တော့်ကိုကျတော့ အသေးစိတ်ကအစ ဂရုစိုက်ပြီး ကိုယ့်ကျန်းမာရေးကျတော့ ဘာလို့ ဂရုစိုက်ဖို့ မေ့နေရတာလဲ"

နှုတ်ခမ်းဆူပြီစွာနေတဲ့ Babyလေး

" မပြောမဆိုနဲ့ ကိုယ်ကိုထားသွားတာ ဘယ်သူလဲ ကိုယ်အရမ်းလန့်သွားတာပဲ Babyလေး
ကိုယ်နဲ့နေရတာ ဆင်းရဲလို့ ငြိုငြင်ပြီး ထားသွားတာလားလို့ "

" အဲ့တာဆို အစ်ကိုက ကျွန်တော့်ကို လွမ်းလို့ဖျားတာပေါ့ ကျွန်တော့်စာရေးခဲ့တာ မတွေ့ဘူးလား "

"တွေတယ်လေ Babyလေးက စာတစ်ကြောင်းပဲ ရေးခဲ့တာ အဆောင်မှာပဲနေခဲ့ဆိုပြီး
အစ်ကိုတို့အားလုံးက ရိုးသားပြီး ဖြူစင်တဲ့သူတွေလေ Babyလေးရဲ့ စာတစ်ကြောင်း အဓီပ္ပာယ်ကို ဘယ်လိုမှန်းနိုင်မတုန်း "

Babyလေး ဘယ်ဘက်ခါးကို သူလက်တစ်ဖတ်နဲ့ ထောက်လိုက်ပြီး

" အစ်ကိုတို့ကဖြူစင်သူဆိုတော့ ကျွန်တော့်က ဉာဏ်နီဉာဏ်နက် များတဲ့သူလို့ ပြောတာပေါ့ "

Baby လေး နှုတ်ခမ်းဆူသွားပြီး မက်တပ်ရပ်လိုက်သည် ကျွန်တော့်ပါထရပ်လိုက်ပြီး Babyလေးကို ဖက်လိုက်သည်။

" ကျေးဇူးတင်ပါတယ်
ကိုယ်ရဲ့ထက်မြတ်လှတဲ့ Babyလေး "

" ကျွန်တော်ကအစ်ကိုတို့နဲ့ဆို ဘယ်လိုနေရနေရ ပျော်ရွှင်ပါတယ် ဒါပေမဲ့ အစ်ကိုတို့က ကျွန်တော့်ဗိုက်ထဲက ထူးဆန်းတဲ့ကောင်လေးကြောင့် နေ့မအားညမအား အလုပ်လုပ်နေတာကြည့်ပြီး
အစ်ကိုတို့အားလုံးကို သနားလာတယ် အဲ့ဒါကြောင့် ပါပါးကို ကျွန်တော်နေတဲ့နေရာသိအောင် Moh
ကိုတမင်ပြောခိုင်းလိုက်တာပါ "

" ကိုယ်နားလည်ပါပြီ အခု Babyလေးရဲ့ ထက်မြက်တဲ့အစီအစဉ်ကြောင့် အားလုံးပါလာတယ် P'Off တို့စုံတွဲ Gunတို့စုံတွဲ Babyလေးကို ချစ်လို့ အကုန်ပါလာတယ် "

"ကျွန်တော့်လည်း အစ်ကိုတို့အားလုံးကို
အရမ်းချစ်တယ် "

" အခု Babyလေးကို ကိုယ်ရေချိုးပေးမယ် "

" အတူတူချိုးမယ်လေ "

" အင်း သွားချိုးရအောင် "

Babyလေးနဲ့ အတူရေချိုးပြီး Babyလေးကို အဝတ်အစားဝတ်ပေးလိုက်သည်။

" အစ်ကို ကျွန်တော်ဟိုဘက်အိမ်
သွားလိုက်အုန်းမယ် "

" သူဌေးဆီ အရင်သွားမတွေ့ဘူးလား "

" ပါပါး!...ဟုတ်သားပဲ ပါပါးကိုတွေ့ချင်နေတာ "

တက်ကြွပြီး အူးမြူးနေတဲ့ Babyလေးပဲ အခန်းတံခါးကို ဖွင့်ပြီး ထွက်မသွားသေးပဲ ကျွန်တော်ဘက်လှည့်ကာ

" အစ်ကို ကျွန်တော့် အခု ချစ်ရမဲ့သူတွေ အများကြီးပဲနော် ကျွန်တော့်ဘဝက ဘယ်တော့မှ အရင်လိုအထီးကျန်တော့မှာ မဟုတ်ဘူး "

" Babyမှာ ချစ်တက်တဲ့ နှလုံးသားရှီနေသ၍ ဘယ်တော့မှ အထီးမကျန်ဘူး "

" အစ်ကိုအဲ့လိုပြောတက်လို့ ကျွန်တော့်ယောက်ကျားဖြစ်တာ ကျွန်တော့်ပါပါးကို သွားတွေ့လိုက်အုန်းမယ် ပြီးတော့ ဟိုဘက်အ်ိမ်သွားပြီး
အစ်ကိုတို့နဲ့ တစ်နေ့ ကုန်လုံး စကားပြောရမယ် "

Babyလေးပြောပြီး အခန်းပြင် ထွက်သွားသည်။ Babyလေး အရမ်းပျော်ရွှင်နေတာ ဗိုက်ထဲက ကလေးလေးအတွက် ကောင်းတဲ့ လက္ခဏာပဲ
ဟိုဘက်အိမ်က Pတို့ တော့ အငြိမ်မနေရအောင် ခိုင်းခံရတော့မှာပဲ ကုမ္ပဏီမဝင်ခင် Babyလေးဆီက အတွေ့အကြုံ ကောင်းကောင်းရတော့မှာပဲဖြစ်သည်။

Baby BossWhere stories live. Discover now