Part 56

1.8K 198 7
                                    

Part 56

" အော့....အော့. "

မနက်စာထမင်းကြော်စားရင် အန်နေပြန်ပြီဖြစ်တဲ့ Babyလေး ကျွန်တော်တို့အားလုံး Babyလေးကို စိတ်ပူပြီး တစ်ယောက်မှ ထမင်းဆက်မစားတော့ပဲ Babyလေးကို ရေခပ်ပေးသူက ရေခပ်ပေး ကျောကုန်းနှိပ်ပေးတဲ့သူ နှိပ်ပေးနဲ့ စိုးရိမ်နေကျသည်။ အစာတွေအကုန်အန်ပြီး ပျော့ခွေသွားတဲ့ Babyလေး ခန္ဓာကိုယ်ကို ပွေ့ပြီး အိပ်ရာပေါ်လှဲစေလိုက်သည်။ 

" ဆရာဝန်ခေါ်လိုက်မယ် Singto. "

God  စိတ်ပူပြီး ဆရာဝန်ခေါ်ဖို့ ပြောနေသည် Babyလေးက ချက်ခြင်းပဲ တုန့်ပြန့်စကားဆိုသည်။

" ဆရာဝန်ခေါ်ရအောင် ကျွန်တော်တို့က
ချမ်းသာနေတာမှ မဟုတ်တာ. "

" Babyကပ်စီးကုတ်လေး P တို့
ပိုက်ဆံရှင်းပေးမှာပါ "

Off စကားကြောင့် Baby လေးပြုံးသွားသည်။

"အစ်ကိုတို့ကလဲ ကျွန်တော်ဘာမှမဖြစ်ပါဘူး  "

" Baby လေး အဲ့လိုပြောလို့ Pတို့စိတ်ချပြီး နေနေတာ သုံးလေးရက်ရှီပြီ အခုထိ အန်နေတုန်းလေ. "

" ကျွန်တော်ဘာမှမဖြစ်ပါဘူး P'Gun  "

အစ်ကိုတွေ ကျွန်တော့်ကို စိတ်ပူပြီး တစ်ယောက်တစ်ခွန်းပြောနေပေမဲ့ P'Singကတော့ ကျွန်တော့်ကို ဘာစကားမှ မပြောနိုင်ပဲ စိတ်ပူတဲ့ မျက်ဝန်းအကြည့်နဲ့ ကြည့်နေသည်။

" တကယ်ပါအစ်ကိုကျွန်တော်ဘာမှ မဖြစ်ပါဘူး
ကျွန်တော့်အကြောင်း အစ်ကိုအသိဆုံးပါ
အစာအိမ်နာတယ်ဆို ဒီလို ပြုံးမနေနိုင်ဘူးလေ  "

" Kirst က အစာအိမ်ရောဂါရှီတာလား  "

" အင်း Bas "

Bas အမေးကို Singပြန်ဖြေလိုက်ပြီး Baby ဗိုက်ကိုလှန်ကာ လက်နဲ့ကိုင်ကြည့်လိုက်သည်။

"ဗိုက်က သိပ်မတင်းဘူးပဲ တကယ်မနာဘူးလား Baby  "

" တကယ်မနာပါဘူးဆို အစ်ကိုကလည်း ထပြီး
ကပြရအုန်းမှာလား "

Baby စကားကြောင့် အားလုံးပြုံးနေသည်။

" မကပါနဲ့ Babyပေါက်စလေး နားနားနေနေနေပါ  "

"P'Off ကျွန်တော့်ကို Baby  ပေါက်စလို့ မခေါ်ပါနဲ့ဆို "

" ဟော့ Gunကျတော့ခေါ်လိုရပြီး Pကျတော့ခေါ်လို့မရဘူးပေါ့. "

" ဟုတ်တယ် အဲ့ဒါသိချင်နေတာ ဘာလို Gun ကျတော့ခေါ်လို့ရတာလဲ. "

Off နဲ့ God စကားကို Bas ကပါ ထောက်ခံကာ

" ဟုတ်တယ်ငါလည်း သိချင်တယ်  "

" မင်းတို့ကလဲ မနာလိုဖြစ်မနေနဲ့ အလုပ်သွားဖို့
နောက်ကျနေပြီ သွားရအောင်. "

Gun ပြောဆိုပြီး အားလုံးကို အခန်းပြင်ခေါ်ထုတ်သွားကျသည်။

" အစ်ကိုသွားတော့လေ  "

ကျန်ခဲ့တဲ့P'Singtoကို Kirstပြုံးပြကာ
ဆိုလိုက်သည်။

"အစ်ကို့ကိုမလိမ်နဲ့ Baby တကယ်
အဆင်ပြေရဲ့လား "

" ဘယ်တုန်းက ကျွန်တော်ညာဖူးလို့ လဲ တကယ်အဆင်ပြေပါတယ်ဆို  တကယ်လို့ တစ်ခုခုဖြစ်ရင် ကိုယ့်ဘာသာ ဆေးခန်းသွားပြလိုက်မယ်လေ အိမ်ခေါ်ပင့်ရင် ဈေးကြီးတယ် "

"Baby လည်း ကိုယ့်ကြောင့် ပိုက်ဆံအတွက်
ပူပန်နေရပြီ ကိုယ်တောင်းပန်ပါတယ်  "

ကျွန်တော်ထထိုင်ပြီး အစ်ကို့ကိုဖက်ထားလိုက်သည်။

" အခု ကျွန်တော့် အရမ်းပျော်တယ်
တကယ်ပြောတာပါ အစ်ကို "

ကျွန်တော် Baby လေးကို ပြန်ဖက်လိုက်သည်
အချိန်ကြာတဲ့ထိ ဖက်ထားမိတော့
Babyလေးစကားဆိုလာသည်။

" အစ်ကို "

Singtoသဘောပေါက်ကာ
ဖက်ထားရာကနေခွာကာ Baby လေးနှုတ်ခမ်းကို နမ်းဖို့အလုပ်

"အဟမ်း..အဟမ်း Singto သွားမယ်လေကွာ  "

"ဟုတ်ကဲ့ P'Off. "

P'Off ကိုပြောပြီး Baby လေး နဖူးကို
နမ်းလိုက်သည်။

" နေ့ခင်းခွင့်တိုင်ပြီး P ပြန်လာခဲ့မယ် "

"ဘာလို့လာမှာလဲ မလာပါနဲ့  "

"Babyလေးအတွက် Lotusက စားစရာဝယ်လာပြီး ကျွေးဖို့လေ. "

"ဟာ အစ်ကိုကလဲ နေ့ခင်းတစ်ဝက်ပျက်ရင်
လစာထဲကအဖြတ်ခံရမှာပေါ့ ပြန်မလာပါနဲ့

" Babyလေး အဆင်ပြေတာ သေချာပါတယ်နော် "

"ဟုတ်ကဲ့ အစ်ကို "

Baby လေးပြုံးပြပြီး ကျွန်တော့်ကို အလုပ်သွားခိုင်းပေမဲ့ ကျွန်တော် အလုပ်သာ သွားရတာ စိတ်တော့ အရမ်းပူပန်မိသည်။ ဒါပေမဲ့ ကျွန်တော်တို့ဘဝက ပိုက်ဆံရှာဖို့ အလုပ်ပျက်လို့ မဖြစ်ဘူး  ဒီလိုဘဝကို Babyလေးကို ဆွဲသွင်းမိတဲ့ ကျွန်တော့်က
မိုက်ရူးရဲ ဆန်လွန်းတဲ့သူပဲ။

9 April 2019

Baby BossWhere stories live. Discover now