Part 3

3.6K 320 10
                                    

Part 3

Singto pov

သုံးနာရီအတွင်း ယာဉ်မောင်းရှာခိုင်းတယ်
လွယ့်ပါ့မလား ဒီကလေးပေါက်စတော
ပိုက်ဆံရှီတယ်ဆိုပြီး ခိုင်းချင်သလို ခိုင်းနေတယ် ဒါပေမဲ့ ကျွန်တော်က Singto ပါ အထဲက ဝန်ထမ်းကို Fb မှာ ကြော်ငြာခိုင်းလိုက်သည်။ ယာဉ်မောင်း
အလိုရှီသည် လစာကောင်းမယ် အခုချက်ခြင်း လာလျှောက်တဲ့သူကို အမေးအမြန်းမရှီ အလုပ်တန်းခန့် မယ် ဘာဘဲဖြစ်ဖြစ် အနည်းဆုံး တစ်ယောက်ကတော့ ပြေးလာမှာပဲ Singtoလေ ဘယ်ရမလဲ ကျွန်တော်တွက်ချက်ထားတဲ့ အတိုင်း သုံးနာရီပြည့်ဖို့ ၁၅ မိနစ်အလိုမှာ ကောင်လေးတစ်ယောက်ရောက်လာသည်။

" ကျွန်တော်ကို ချက်ခြင်းအလုပ်ခန့်မှာဆိုတာ တကယ်လား "

အမောတကောနဲ့ကောင်လေးကမေးသည်။

" အင်း တကယ် မင်းချက်ခြင်း ကားမောင်းရတော့မှာ "

ပြောလို့မှမဆုံးသေးBaby Boss ထွက်လာသည် ကောင်လေးက အလိုက်တသိ ကားဖွင့်ပေးတော့

" သူက "

" ကားမောင်းသမားအသစ်ပါ "

" ဂျိုကာ တွေ့ကရလူကို ငါကားမောင်းခိုင်းတာလား "

" သူဌေး ကျွန်တော် အထက်တန်းအောင်ပြီးပါပြီ "

" ဟုတ်ပါတယ် Boss ကားလည်း ကောင်းကောင်းမောင်းတက်တယ်ပြောတယ် "

"ဂျိုကာ မင်းငါအတွေးရေးမှူးဖြစ်ပြီး ငါအကြောင်းမသိတာလား "

" ဗျာ "

ကျွန်တော်ကောင်လေးကို ကြည့်လိုက်တော့
ဟုတ်သား အင်္ကျီ
ကောင်လေးက ရိုးရိုးရှက်ကွက်နဲ့ ဂျင်းဘောင်းဘီကို
ဝတ်ဆင်လာသည်။

" Boss ဒါက ပထမဆုံးရက်မို့လို့ပါ "

" မလိုချင်ဘူး ဂျိုကာ မင်းကားမောင်းတက်တယ် မဟုတ်လား "

" ဟုတ်ကဲ့ Boss ဒါပေမဲ့ "

" ဘာ ဒါပေမဲ့လည်း ငါအချိန်မရှီဘူး မြန်မြန်သွားမယ် "

ကျွန်တော် ကောင်လေးကို တောင်းပန်ပြီး ပြန်လွှတ်လိုက်ရသည်။
ပြီးတော့ ကိုယ့်ကိုယ်တိုင် ကားမောင်းပြီး ဟိုတယ် လိုက်ပို့လိုက်ရသည်။ ဟိုတယ်ရောက်တော့ ဝန်ထမ်းတွေက Baby Boss အကြိုက်ကို ပြာသလဲလဲ လုပ်ပေးသည်။

" ဘာလို့ ဘေးမှာရပ်နေတာလဲ ဂျိုကာ ထိုင်လေ "

" ဒီဝိုင်းမှာ Boss နဲ့အတူထိုင်ရမှာလား "

" အင်း ထိုင်လေ မင်းကထမင်းမစားဘူးလား "

"စားမှာပေါ့ ကျေးဇူးတင်ပါတယ် Boss "

ကျွန်တော်လည်း ဗိုက်ဆာဆာနဲ့ Boss မှာထားတွေ အကုန်စားပစ်လိုက်သည်။

" စားလို့ဝပြီလား "

" ဟုတ်ကဲ့ Boss "

" နေ့ခင်း ဘာအစီစဉ်ရှီလဲ "

" အပန်းဖြေစခန်းတွေ လိုက်စစ်မယ်ဆိုတာ
သိထားပါတယ် "

" ကောင်းပြီ ဆယ်မိနစ်နဲ့ အရောက်မောင်း "

" အန္တာရယ်ကင်းကင်းနဲ့  Bossလည်း သရုပ်မပျက် အဆင်ပြေစွာရောက်ဖို့ဆို့ ၁၅မီနစ်တော့ မောင်းရပါမယ် "

" ဂျိုကာ "

" Boss အတွက် အန္တရာယ်ကင်းစေချင်လို့ ပြောတာပါ "

Bass Boss ဘာမှမပြောတော့ပဲ ကားပေါ်တက်ထိုင်သည်။ ကျွန်တော်လည်း ၁၅ မီနစ်နဲ့အရောက် Diamond Royal အပန်းဖြေစခန်းကို ရောက်အောင်ပို့လိုက်သည်။ ဝန်ထမ်းတွေ Baby Boss လာတာနဲ့ ရုံးခန်းမှာ နားဖို့ပြောသည်

" နားဖို့ အချိန်မရှီဘူး လူအဝင်အထွက်စာရင်းနဲ့ အပန်းဖြေစခန်းဇုံမှာ ဘာလိုအပ်လဲ သိချင်တယ် ဂျိုကာ ဖြစ်တယ် မဟုတ်လား "

" ဗျာ အခုချက်ခြင်းလား "

" အင်းချက်ခြင်း တစ်နာရီအတွင်း ငါသိချင်တယ် ဖြစ်တယ် မဟုတ်လား "

" yes Boss "

ပထမဆုံး အလုပ်ဝင်တဲ့ရက်ဆိုတာတောင်
ကိုယ့်ဘာသာမေ့နေပြီဖြစ်သည်။ ခိုင်းတဲ အလုပ်က တစ်လစာ ဝန်ထမ်းအတွေ့အကြုံနဲ့ ခိုင်းနေတာ ဟူး တော်သေးတာပေါ့ အစာတော့ ဝအောင်ကြွေးလို့

Baby BossWhere stories live. Discover now