Part 91

1.8K 189 21
                                    

Part 91

Singto

ဆေးရုံမှာတစ်ပတ်လောက်နေပြီး Babyလေးကို ဆေးရုံကနေဆင်းလာလိုက်သည်။ အခုထိ အိပ်ရာပေါ်မှာ ခွေခွေလေးလှဲနေတဲ့ Babyလေး အစာကိုမနည်းဝင်အောင် ကျွေးရသည်။ ထထိုင်ရင်ကို ခေါင်းမူးတယ်ပြောပြီး သိပ်ပြီးမထထိုင်ပဲ အမြဲတမ်းလှဲနေတက်သည်။

" ကိုကို သားလေးကော  "

" Gunက နို့တိုက်နေတယ်  "

" ကျွန်တော့်နို့ ကမထွက်လို့လား  "

ကျွန်တော်ကပြုံးတော့ Babyလေးက
ထပ်ပြောသည်။

" ကျွန်တော့်နို့ လည်း တိုက်ချင်တာပေါ့ "

" အဲ့ဒါဆို Babyလေး အားရှီအောင် စားရမယ် "

" အားရှီအောင်စားရင် နို့တိုက်လို့ရပြီလား "

Singtoထပ်ရယ်မိသည်။

" ကိုကို! "

" ဟုတ်ပါပြီ ကိုကိုမရယ်တော့ပါဘူး
ကိုကိုရဲ့Babyလေးအရင်ဆုံး လုပ်ရမှာက
အစာများများစားဖို့လို့တယ် "

" ဟုတ်ကဲ့ကိုကို ပါပါးရော  "

" ဆေးသောက်ပြီး အိပ်နေတယ်  "

" ကိုကို ပါပါးကိုခွဲစိတ်ဖို့ ဘယ်လိုပြောရမလဲ
ပြီးတော့ ခွဲစိတ်ခန်းထဲဝင်သွားပြီး ပြန်မနိုးလာရင် ဘယ်လိုလုပ်မလဲ အဟင့် ..ဟင့်..အဟင့်  "

Singto လန့်သွားပြီး Babyလေးလက်ကိုကိုင်လိုက်သည်။

" မငိုရဘူး Babyလေး မငိုပါနဲ့
အခုမှကလေးလေးမွေးထားတာလေ
မငိုပါနဲ့  ခေါင်းကိုက်လာလိမ့်မယ်"

Babyလေးမျက်ရည်ကို သုတ်ပေးပြီး Baby လေးနှုတ်ခမ်းကို နမ်းလိုက်သည်။ နမ်းပြီးထိ အငိုမတိတ်သေးတဲ့ babyလေးမျက်ရည်တွေကို သုတ်ပေးရင်း

" မငိုပါနဲ့ Babyလေးတစ်ခုခုဖြစ်ရင် ကိုယ်လည်းရင်ကျိုးသလို့ Daddyလည်း ဝမ်းနည်းလိမ့်မယ်..မငိုနဲ့ ...တိတ်နော် "

Gun လက်ထဲက သားငယ် Sunnyလေးကိုပွေ့ ပြီး  Babyလေးနားချပေးလိုက်သည်

" ဘာလို့ မျက်စီမဖွင့်တာလဲ ကိုကို  "

" သားလေးကအိပ်နေတာလေ babyလေးရဲ့   "

" သားက kitနားရောက်တိုင်း အိပ်နေတာကြည့်ပဲ  "

Bas ပြုံးလိုက်ပြီး သားကြီး Sonnyကို kit နားပြလိုက်သည်

" ဟီးဟီး ဒီကောင်လေး မျက်လုံးပွင့်ပြီ  "

သားတွေကိုမြင်မှ babyလေးအငိုတိတ်ကာ ပြန်ပြုံးလာသည်။

" သားတွေက ချစ်စရာလေး babyနဲ့တူတယ်  "

" ကိုကိုဒီသားက ပါပါးနဲ့တူတယ်နော်  "

သားကြီးကိုလက်ညိုးထိုးပြီပြောနေတဲ့ Babyလေး

" အဲ့ဒါသားကြီး "

" သူကအကြီးလား  "

Babyလေးစကားကြောင့် gunရယ်ပြီး

"တခြားသူမခွဲနိုင်ရင် မိခင်က ခွဲနိုင်တယ်ဆိုတာ တို့kitနဲ့ကျမှပဲ လုံးလုံးလွှဲတော့မှာပဲ "

"ကိုကို "

Kit သူကိုပြောတော့ နှုတ်ခမ်းဆူပြီးကျွန်တော့်ကို စစ်ကူတောင်းနေသည်။

"သားကြီးကနှုတ်ခမ်းထောင့်မှာ မှဲ့နီသေးသေးလေးပါတယ် တွေ့လား baby "

"တွေ့ပြီ ကိုကို   "

" အဲ့ဒါသားကြီး Sonnyလို့ ခေါ်တယ် သားငယ်က ခြေဖဝါးမှာပါတာ  "

" ချစ်စရာလေး  နာမည်က ဘယ်သူမှည့်တာလဲ"

" ဖော့နဲ့ပေါင်းပြီး ငါ့တို့ အားလုံးပေါင်းမှည့်ထားတာလေ ဘယ်လိုလဲ ကြိုက်ရဲ့ လား  "

" ကြိုက်တယ် P'Gun. "

Baby ကခွဲခန်းထဲမှာလည်း မေ့ဆေးပေးထားရသလို့ ခွဲစိတ်ခန်းထဲကထွက်ပြီး ဆေးရုံမှာ နေရတော့လည်း ကလေးတွေကို သိပ်မကြည့်နိုင် ခွဲထားတဲ့ ဒဏ်ရာကနာတဲ့မပြင် အချိန်ပြည့် ပါပါးကို စိတ်ပူနေသည် ပါပါးရော ပါပါးဘာလုပ်နေလဲ သတိရတိုင်း အမြဲမေးနေသည်။ အဲ့ဒါကြောင့် သားတွေကို အကြီး အငယ်ကောင်းကောင်း မခွဲတက်တာ ဖြစ်သည် အခုသိသွားတော့လည်း သားငယ်ကိုအနှီးဖြည့်ခိုင်းကာ အတင်းခြေဖဝါးကို လှန့် ခိုင်းနေသည် သားတွေကို ကြည့်ပြီး ထူးဆန်းလို့မဝသေးတဲ့ Babyလေးကို ကြည့်ပြီး ပြုံးနေရသည်။

Baby BossWhere stories live. Discover now