Part 29

2.4K 243 18
                                    

Part 29

စာရေးဆရာYorchကိုမြင်တာနဲ့ Sing
လန့်သွားသလို စိတ်မလုံစွာခံစားရသည်။
ဘာကြောင့် ဒီလိုအချိန်မှာမှ တံခါးမခေါက်ပဲ
ဝင်လာရတာလဲ

" Yorch! အဲ့ဒါက..ဟို   "

" Singလည်း Kirstကို ချစ်နေတာမဟုတ်လား  "

စာရေးဆရာ ထိုင်ခုံမှာထိုင်ရင်း ကျွန်တော်ကို
အေးဆေးမေးနေသည်။

" မဟုတ်ပါဘူး... အထင်မလွှဲပါနဲ့   "

" ဘာလဲ ကျွန်တော်နဲ့စေ့စပ်တော့မဲ့ ကောင်လေးမို့ လို့ အကြောက်အကန်ငြင်းနေတာလား   "

" ဗျာ စေ့စပ်တော့မယ် ဟုတ်လား  "

"မသိသေးဘူးလား Kirstအကြောင်းအကုန်သိနေတဲ့သူက  "

" ကျွန်တော်...."

" Kirst မပြောပြဘူးထင်တယ်
အဲ့ဒါဆို Kirstလည်း Singကိုချစ်နေတယ်. "

Bossချစ်နေတဲ့သူက P'Yorchပါ
ကျွန်တော်လိုကောင်မျိုးကို
မဟုတ်ဘူး

" အထင်မလွှဲလိုက်ပါနဲ့ Yorch ကျွန်တော်တောင်းပန်ပါတယ် အစောန အပြုအမှုအတွက် တကယ်တော့ Bossက စာရေးဆရာကို ချစ်နေတာကြာပါပြီ ကျွန်တော်ကြောင့် ဒီစေ့စပ်ပွဲကို မဖျက်လိုက်ပါနဲ့နော် ကျွန်တော် တောင်းပန်ပါတယ် "

" Singက Kirstစိတ်ကိုမသိသေးဘူးပဲ Kirstရင်ထဲမှာ အမှန်တကယ်ရှီနေတာ Singကိုပါ ကျွန်တော်လည်း Kirstနဲ့ အရမ်းလက်ထပ်ချင်ပါတယ် Kirst ရင်ထဲမှာ ကျွန်တော်ရှီရင်ပေါ့ ဒါပေမဲ့ အခု Kirstရင်ထဲမှာရှီနေတာ ကျွန်တော်မဟုတ်ဘူး ခင်ဗျားပဲSing   အဲ့ဒါကြောင့် ကျွန်တော်ကိုအားမနာပါနဲ့ ကျွန်တော်ကို ရင်ထဲမရှီတဲ့သူကို ကျွန်တော်လက်မထပ်ရဲဘူး "

Yorch စကားကို ကျွန်တော်ဘာပြန်ဖြေရမလဲ မသိတော့ဘူး babyလေးရင်ထဲမှာ အမှန်တကယ်ရှီနေတာ Yorchပဲ မဟုတ်လား အဲ့ဒါကြောင့် ကျွန်တော်နမ်းတာကို လန့်ပြီး ပြေးသွားလို့ ဒီလို accidents ဖြစ်ခဲ့တာပဲ

" ကျွန်တော်ပြန်လိုက်ပါအုန်းမယ် Sing "

" ဟုတ်ကဲ့  "

Yorch ပြန်သွားတော့ Moh ကော်ဖီဗူးဝယ်ပြီး  ပြန်လာသည်။ ကျွန်တော် Mohပေးတဲ့ ကော်ဖီကိုသောက်ပြီး baby နားမှာပဲ babyလေးကို ကြည့်နေမိသည် တကယ်ဆို  ကျွန်တော်ကိုပြောသင့်တာပေါ့ အဲ့ဒါဆို ဒီလိုအမှားတွေမမှားဘူး ဘာလို့ ကျွန်တော်ကို မပြောခဲ့တာလဲ Boss

🏥

Kirst ခေါင်းကိုက်တဲ့ဝေဒနာခံစားရင် နိုးလာသည်။ ကျွန်တော်လက်ကိုကိုင်ပြီး ထိုင်လျက်အိပ်နေတဲ့  ဂျိုကာနဲ့ ဆိုဖာပေါ်မှာ လှဲအိပ်နေတဲ့ Moh တို့ကို
တွေ့ရသည်။

တော်တော် တော်တဲ့လူနာစောင့်တွေပဲ 

" မီးဗျို့  ...မီး  "

ကျွန်တော်လည်း မီးအချက်ပေးသံ ခလုပ်ထဖွင့်ပြီး  ပြန်အိပ်ချင်ယောင်ဆောင်လိုက်သည်။ ဂျိုကာနဲ့ Moh နိုးလာပြီး

" မီးလောင်နေတယ်တဲ့ ဘယ်နားမှာလောင်နေလဲမသိဘူး ဟဲ့
လူကြီး ခင်ဗျား Kirst ကိုပွေ့ပြီး ဒီဆေးရုံက အမြန်ထွက်မှရမယ် တခြားသူတွေလည်း ပြေးထွက်ကုန်ပြီ  "

ဂျိုကာ ကျွန်တော်ကို ပွေ့ပြီး တခြားလူတွေကြားထဲကတိုးဝှေ့ ပြီး ဆေးရုံအပြင်သို့ ရအောင်ထွက်သည်။ ကျွန်တော်လည်း မျက်စီဖွင့်ပြီး ကြည့်လိုက်တော့ အခန်းအသီးသီးက  လူနာကို တွဲပြီး ထွက်လာတဲ့ လူများ ဒုက္ခပဲ ကျွန်တော် ဂျိုကာနဲ့ Mohကို စချင်တာနဲ့ မီးအချက်ပေး ခလုပ်ကို သွားနှိပ်တာ တခြားသူတွေပါ ဒုက္ခရောက်နေပါလား  ဆေးရုံအပြင် မြက်ခင်းပြင်ရောက်မှ ဂျိုကာ ကျွန်တော်ကို့ ပွေ့ရင် မြက်ခင်းပြင်ပေါ် ထိုင်ချရင်း အမောဖြေနေသည်။  တခြားသူတွေလည်း အပြင်ရောက်တဲ့ထိ တိုးထွက်ပြီးမှ အမောဖြေနေကျသည်။

Baby BossWhere stories live. Discover now