Part 52

2.1K 246 21
                                    

Part 52

Lotus ကပြန်လာပြီး ကျွန်တော်တို့ အားလုံး
ရေချိုးပြီး ထမင်းချက်နေစဥ် Offက
အံအားသင့်စွာဆိုသည်။

"Singto  ငါတို့ မင်းBabyလေးအတွက်
နေ့လည်စာ ချက်ထားတာ ထမင်းနဲ့ ကြက်သားကြော် လျော့လည်းမလျော့ဘူး  "

" ဗျာ!  "

" နေ့လည်စာ မစားတာ သုံးရက်ရှီပြီနော် Singto ငါသိပေမဲ့မပြောတာ ကြာရင် အစာအိမ်ရောဂါ ဖြစ်လိမ့်မယ်နော်  "

" Baby လေးက အစာခံလိုမရဘူး
နဂိုထဲက အစာအိမ်ရောဂါရှီနေတာ  "

" အဲ့တာဆို ငါတို့ချက်တာ မကြိုက်လို့
အပြင်ထွက်ဝယ်စားတာနေမှာ "

ကျွန်တော်တို့ ဘာမှမပြောတော့ပဲ ညစာချက်ပြီး ပြင်ဆင်နေလိုက်သည်။ ပြင်ဆင်ပြီးတော့ အားလုံးကို ထမင်းစားဖို့  ခေါ်လိုက်သည်။ Godက Babyလေးပန်းကန်ထဲ ဝက်ချိုချည် ထည့်ပေးလိုက်သည်။

" များများစားနော် Kirst!  "

" ဟုတ်ကဲ့   "

" Kirst ကြည့်ရတာ ညစာတော့ စားပါတယ်
နေ့လည်စာကျတော့ ဘာလို့မစားတာလဲ အိမ်မှာတစ်ယောက်တည်း မို့လို့လား "

" ကျွန်တော်နေ့လည်စာ မစားတာ ဘယ်လိုသိလဲ "

Off စကားကြောင့် Babyလေးပြန်ဖြေပုံက ကျွန်တော်ကို လန့်စေသည်a။

" တကယ်နေ့လယ်စာမစားတာလား Baby 
ဗိုက်မဆာဘူးလား  "

" အစ်ကို အဲ့ဒါက  "

" အစ်ကိုတို့က နေ့လည်စာ
ချက်ပေးသွားတယ်လေ  "

P'Gun စကားကြောင့် kitအံသြသွားသည်။

" ဗျာ!  ကျွန်တော်တစ်ယောက်တည်းအတွက်
ချက်ပေးသွားတယ်ပေါ့  "

" အင်းလေး Kirstမသိဘူးလား
မီးဖိုချောင်ဝင်မကြည့်ဘူးလား   "

ဒီလူတွေက ဘယ်လိုလူမျိုးပါလိမ့် သူတို့အလုပ်နဲ့ သူတို့တောင်မအားတာကိုး အိမ်မှာ သက်သောင့်သက်သာနေရတဲ့ ကျွန်တော်အတွက် နေ့လယ်စာတောင် ချက်ပေးတယ်တဲ့ 
သူတို့နဲ့ ကျွန်တော်နဲ့က မရင်းနှီးတဲ့ သူစိမ်းပဲကိုး

" ကျွန်တော်မသိဘူး အပြင်မှာထွက်ဝယ်စား
လိုက်တာ "

Kirst စကားကြောင့် Singtoစိတ်ပူတာ
ရပ်သွားသည်။

Baby BossWhere stories live. Discover now