Part 93

1.7K 168 15
                                    

Part 93

Kirst

အစ်ကိုတို့အားလုံးအပေါ်တက်လိုက်အောက်ဆင်းလိုက်ဖြစ်နေသည်။ ဘာဖြစ်လို့လဲ
ပါပါးလည်း ဒီနေ့အောက်ဆင်းမလာသေးဘူး
ပါပါး တစ်ခုခုဖြစ်လို့လား 

"ကိုကို ....ကိုကို   "

Kirst အောက်ထပ်ကနေ အပေါ်ထပ် လှေကားပေါ်တက်တော့မဲ့ ကိုကို့ကိုအော်လိုက်သည်  ကိုကိုပြေးဆင်းလာပြီ

" ဘာဖြစ်လို့လဲ baby   "

" ပါပါးဘာဖြစ်လို့လဲဟင်   "

" ဘာမှမဖြစ်ပါဘူး kit  "

" မယုံဘူး kitအပေါ်ထပ်သွားကြည့်မယ်  "

" အောက်မှာပဲနေပါ ၄၅ရက်မတိုင်ခင် kitအောက်မှာပဲ နားရမှာ အပေါ်ထပ်တက်ရင် kitချုပ်ရိုးက ပြန်နာလိမ့်မယ် တစ်ပတ်ပဲ ကျန်တော့တာ တစ်ပတ်ပဲ သည်းခံလိုက်ပါနော် "

" အဟင့်..ဟင့်  "

" ဘာလို့ ငိုပြန်တာလဲ Babyလေးရယ်  "

" ပါပါးကိုတွေ့ချင်ပါတယ်ဆို ဒီနေ့
ပါပါးအောက်ဆင်းမလာသေးဘူး ..အဟင့်..ဟင့် ကိုကိုပွေ့ခေါ်ပေး  "

"ဟုတ်ပါပြီ မငိုနဲ့တော့ ကိုကိုပွေ့မယ်နော်  "

Mohကို သားတွေကို ကြည့်ခိုင်းပြီး Baby လေးကို ပွေ့လိုက်သည်။ Gunက နောက်ကလိုက်ထိန်းပေးသည် Babyလေးပြုတ်ကျမှာ ဆိုးလို့ဖြစ်သည်။

" ပါပါး..  "

ဦးဦးဆရာဝန်က ပါပါးကိုဆေးသွင်းနေသည်a။

" ဘာလို့တက်လာတာလဲ သားလေး  "

ကျွန်တော့် ပါပါူလက်ကိုကိုင်ပြီး မျက်ရည်ကျလာသည်

" မငိုပါနဲ့ ကလေးရယ်
ပါပါးရောဂါခံစားရတာထက် ပိုနာကျင်လို့ပါ    "

" ပါပါးကျွန်တော့်တို့ မျှော်လင့်ချက်ထားရအောင် ခွဲစိတ်ရအောင်နော် ပါပါး"

" တကယ်လား သားလေး ခွဲခန်းထဲက အသက်ရှင်ရက် ပြန်မထွက်နိုင်ရင်လည်း သားလေးခံနိုင်ရည်ရှီမှာလား ပါပါးသားလေးဆုံးဖြတ်တာကိုး လိုက်နာပါမယ်   "

Daddyပြောပြီး မောလို့အိပ်ပျော်သွားသည်  kitကအရမ်းငိုနေသည်။
kitဆုံးဖြတ်ချက်အတိုင်း ပါပါးလိုက်နာမည်ဆိုတဲ့
စကားက kitအတွက်မပြင်းထန်ဘူးလား
ပါပါးတစ်ခုခုဖြစ်ရင် kitက သူဆုံးဖြတ်ချက်အမှားကြောင့် တသက်လုံးနောင်တနဲ့ နေသွားရမှာ

" အဟင့်..ဟင့်   "

" kit မငိုရဘူးလေး တစ်ခုခုဖြစ်လိမ့်မယ်  "

ကျွန်တော့် Babyလေးကို ပွေ့ပြီး အောက်ထပ်ခေါ်လာပြီ အခန်းထဲဝင်လာလိုက်သည်

" အဟင့်..ဟင့်. ပါပါးနားနေပါမယ်ဆို   "

" မငိုပါနဲ့ Baby "

" အူဝဲ ...အူဝဲ    "

Baby Kitလေး ငိုသံကြောင့် သားတွေပါ ထငိုနေသည်။

" မငိုနဲ့တော့ တိတ်တော့နော်   "

Moh နဲ့  Gun သားတွေကို တစ်ယောက်ဆီ ပွေ့လာပြီး Babyနားထိုင်လိုက်သည်။ သားတွေငိုတော့ Babyလေး အငိုရပ်သွားပြီး သားငယ်ကို ပွေ့ချီသည်။

" မငိုတော့ဘူး တိတ်တော့..အဟင့်...ဟင့် ...တိတ်ပါတော့ နို့ဆာလို့လားဟင်  "

" သားတွေတောင်ဝမ်းနည်းသွားပြီ
Babyလေး မငိုနဲ့တော့နော်   "

" ဟုတ်ကဲ့ ကိုကို  "

အငိုသိပ်သွားတဲ့ သားငယ်ကို ကြည့်ရင်း

" ပါပါးကြောင့် မငိုနဲ့နော် ကလေးလေး  "

သားငယ်လေးနှုတ်ခမ်းကို နမ်းရင်း ပြန်ချော့နေတဲ့ Babyလေးကို ကြည့်ရင် ကျွန်တော့်တောင် အသဲယားလာသည်   Moh နဲ့ Gunကို Babyလေးကို ကြည့်ခိုင်းပြီး အပေါ်ထပ် ပြန်တက်လာလိုက်သည် P'Off နဲ့ Gxxodက ဆရာဝန်နဲ့ စကားပြောနေသည် 

" ဖော့က ခွဲစိတ်ဖို့ သဘောတူထားပြီးပြီ   "

" ဟင်တကယ်လား ဆရာ  "

" ဟုတ်တယ် kitမွေးပြီးကာစမို့လို့ အချိန်နောက်
ဆုတ်ထားတာ သူဌေးက သူမြေးလေးတွေ မြင်ပြီးတဲ့နောက်ပိုင်းမှာ ခွဲစိတ်ဖို့ သဘောတူလိုက်တာပါ kit ၄၅ရက်ပြည့်ရင်တော့ ခွဲစိတ်ဖို့ ဆေးရုံတက်မယ်ပြောတယ်  "

" အဲ့ဒါကြောင့် ဖော့က ဖိုးဖိုးကို တရုတ်ပြည့်သွားခိုင်းခဲ့တာကိုး  "

Off မျက်ရည်ကျရင်းပြောနေသည် မျှော်လင့်ချက်က ၃၀ရာခိုင်နှုန်း ဆိုပေမဲ့ Daddy ဒီလိုဆုံးဖြတ်ပေးတာက အသက်ရှင်ဖို့ မျှော်လင့်ချက်ရှီနေလို့ ပဲ

" ဟုတ်ကဲ့ ဒေါက်တာ အကောင်းဆုံး ကြိုးစားပေးပါ   "

"အကောင်းဆုံး အစွမ်းကုန် ကြိုးစားပေးပါ့မယ် သခင်လေး Sing  "

" ဟုတ်ကဲ့  "

Daddyအသက်ရှင်နိုင်မှာပါ ဒီမိသားစုကို ခွဲပြီး Daddyထွက်မသွားလောက်ပါဘူး  ကျေးဇူးပြု၍ Daddy အသက်ရှင်ခွင့်ရရပါစေ Singစိတ်ပူပြီး ညတိုင်း ဘုရားရှိခိုး တိုင်း ဆုတောင်းနေမိတာက Daddy အမြန်ဆုံး ကျန်းမာလာဖို့ပါ

Baby BossWhere stories live. Discover now