Part 25

2.4K 240 26
                                    

Parg 25

Singto Pov;

မနက်ကတည်းကနေလို့မကောင်း ထဖို့တောင် အားမရှီတာကြောင့် ဦးလေးက ဆရာဝန်ခေါ်ပေးပြီး
" Boss အတွက်စိတ်မပူနဲ့ ဦးစီမံလိုက်မယ် "လို့ ပြောပြီး ကျွန်တော်ကိုနားခိုင်းသည်။ ကျွန်တော်အိပ်နေတုန်း အိပ်မက်လိုလို အပြင်မှာလိုလို  Boss အသံကို ကြားနေရသည်။  အသံတင်မကပဲ ကျွန်တော်လက်ကို နွေးထွေးသော လက်တစ်စုံက အုပ်မိုးပြီးကိုင်ထားပေးသည်။ သေချာပါပြီ ကျွန်တော်နားမှာ ကျွန်တော်အရမ်း တွေ့ချင်တဲ့ကလေးလေး ရောက်နေတယ်

" ဂျိုကာနိုးနေတာလား  "

ကျွန်တော်အားယူပြီး မျက်စီကိုဖွင့်ကြည့်လိုက်သည်။ အရမ်းချစ်စရာကောင်းတဲ့ babyလေးကို တွေ့ရသည်။

"မေးနေတယ်လေ ဂျိုကာ ဘာလို့ကြောင်ကြည့်နေတာလဲ  အဖျားလဲမကျသေးဘူး "

Boss ကျွန်တော်နဖူးကိုစမ်းသပ်ပြီး စိတ်ပူစွာထပ်မေး နေသည်။ Baby Bossလေးက ကျွန်တော်ကို စိုးရိမ်နေတာပဲ ဒီနေ့ကျမှ Bossရဲ့
ကျွန်တော်အပေါ် ဂရုဏာသက်တဲ့မျက်နှာကို ကြည့်ရတာ အရမ်းချစ်စရာကောင်းနေသည်။

" ဂျိုကာ  ဘာလိုလို့လဲဘာလုပ်ပေးရမလဲဟင်  "

Bossအမေးကိုနားထောင်ရတာ ကျွန်တော်အပေါ်
စိတ်ပူနေသလိုပဲ

" ပြောပြီးပြီလေ ကျွန်တော်လက်ကို
ကိုင်ထားပေးပါလို့  "

"ဟင်!..ဟုတ်လား နေမကောင်းရင် အမေလက်က ဆေးပဲတဲ့ ဂျိုကာလဲ အမေကိုလွမ်းလို့လားဟင်  အဲ့ဒါဆို ကိုင်ထားပေးမယ်နော် အိပ်...ထပ်အိပ်လိုက်  ကျွန်တော်လက်ကိုင်ပေးထားမယ်   "

ကလေးအတွေးတွေးပြီး စိုးရိမ်နေတဲ့ babyလေးကို ကျွန်တော် ဒီအတိုင်း ကျွန်တော်နားမှာ အကြာကြီး မထိုင်ခိုင်းရက်ပေ

" ကျွန်တော်ကရပါတယ် Boss ညောင်းနေအုန်းမယ်. "

" မညောင်းပါဘူ ဂျိုကာက ကျွန်တော်ဖျားတုန်းကလဲ ကျွန်တော်ကို စောင့်ရှောက်ပေးတာပဲ 
ဘာစားပြီးပြီလဲဟင် ကျွန်တော်ဘာလုပ်ပေးရမလဲ   "

" ရပါတယ် Boss. ကျွန်တော်ထပ်အိပ်ချင်တယ် ကျွန်တော်အိပ်ပျော်သွားရင် Boss လက်လွှတ်ပြီး ပြန်လို့ရတယ်နော်   "

" အင်းပါ  ဂျိုကာ အိပ်တော့နော်   "

ကျွန်တော် Baby လေးကို အားနာပေမဲ့Baby ကျွန်တော်နားမှာရှီတာကို လိုချင်မိတယ် အဲ့ဒါကြောင့် အိပ်ပျော်တဲ့အချိန်ထိ စောင့်ပေးဖို့
ပြောလိုက်သည်။

🏫

နိုးလာလာချင်း ကျွန်တော်လက်ကို babyလေးထိတွေ့ထားသလိုခံစားရသည်။ ဘေးကိုစောင်းကြည့်တော့ baby ကျွန်တော်လက်ကို ကိုင်ပြီးကုတင်ပေါ် မှောက်ရပ်အိပ်နေသည်။  သေချာပြူးပြဲကြည့်မိတော့ လည်း baby လေးမှန်တယ် အခုချိန်ထိ ကျွန်တော်နားကနေ ထွက်မသွားသေးဘူးပဲ  ကျွန်တော် baby ဆုပ်ကိုင်ထားတဲ့ လက်ကိုရုန်းလိုက်ပြီး အိပ်ရာပေါ်က ဆင်းပြီး baby လေးကို  ကုတင်ပေါ်တင်လိုက်သည်။  အဲ့ဒါမှ ကလေးလေး သက်သောင့်သက်သာ ဖြစ်မှာ  baby လေးမျက်နှာကို ငေးကြည့်နေမိသည်။  ကျွန်တော်ဒီကလေးကို သံယောဇဉ်တွယ်တာထက် ပိုနေပြီလား စားဝတ်နေရေးအတွက် ပိုက်ဆံတစ်ခုပဲ သိတဲ့ ကျွန်တော်က ဒီကလေးကို အားကိုးနေရတာလေ ဒီကလေးကို ကာကွယ်စောက်ရှောက်ပေးဖို့ အရည်အချင်းရှီပါ့မလား 

" ဂျိုကာ...ဂျိုကာ  "

အိပ်နေရင်းသတိရပြီး ယောင်နေတဲ့ အမည်က ကျွန်တော်ကိုပါ့လား  ကျွန်တော်လက်ကိုပုတ်ကာ

" ကျွန်တော်ရှီပါတယ် Boss   "

ဒီနှုတ်ခမ်းကယောင်ယမ်းလိုက်တာပဲ ကျွန်တော်နှလုံးခုန်မြန်ပြီး baby နှုတ်ခမ်းကိုနမ်းလိုက်ပြီး baby ကို ကြည့်လိုက်တော့  ကျွန်တော်ကို မျက်လုံးအပြူးသားနဲ့ ပြန်ကြည့်နေတဲ့ baby bossကို
တိတ်လန့်စွာတွေ့ရသည်။

Baby BossWhere stories live. Discover now