Part 12

2.3K 221 11
                                    

Part 12

" Boss ပြင်လှချည့်လား "

စာရေးဆရာနဲ့ ညစာစားဖို့ချိန်း ထားတာကြောင့် ည၇နာရီကတည်းက မှန်ရှေ့မှာ ပြင်နေတာ မပြီးတော့တဲ့ baby bossလေး

" ငါခန့်လား   "

" မခန့်ပါဘူး  "

kit နှုတ်ခမ်းဆူသွားပြီး ထပ်မေးသည်။

" ငါချောလား  "

" မချောပါဘူး  "

" ဂျိုကာ မင်းမျက်စီမှားနေတာလား  "

Bossအလိုမကျစွာနဲ့ပြောသည်။

" ချစ်စရာကောင်းတယ်  "

" ဟင်  "

" Boss ကချစ်စရာကောင်းတယ်  "

ရှက်သွားတဲ့မျက်နှာလေး ဒီကလေးချစ်ဖို့ကောင်းတာပဲ

" Boss သွားရအောင် ညရှစ်နာရီထိုးတော့မယ် "

" အင်း ဂျိုကာ ငါပြီးတော့မယ်   "

ကျွန်တော် Boss လက်ကို ဆွဲကာ အတင်းကားပေါ်တင်ပြီး ကားမောင်းထွက်ခဲ့ရသည်။

" မင်းကလည်း ဇွတ်ပဲ  "

" အဆင်ပြေပါတယ် Boss ကျွန်တော်ပြောရအုန်းမယ် ဟိုရောက်ရင် ခပ်တည်တည်ပဲနေနော် သူပြောသမျှ ဟုတ်ကဲ့ ကြည့်လုပ်မနေနဲ့. "

" ဘာလို့လဲ   "

" Boss ကို သူကလွယ်တယ်လို့ထင်နေမှာဆိုးလို့ အများသိထားတဲ့အတိုင်းပဲနေ  "

" အများက ဘယ်လိုသိထားလို့ လဲ  "

" မနာကြီးပြီး စည်းကမ်းကြီး  ခပ်တည်တည်နေတက်တဲ့ Baby Boss လေ  "

" ဘာ Baby လဲ နောက်လဆို ငါ ၁၆ နှစ်ပြည့်တော့မှာ "

" ကျွန်တော်တို့  Bossက၁၆နှစ်ကြီးတောင်
ပြည့်တောမှာပဲ  "

" ဂျိုကာ  "

" Yes Boss   "

" အဲ့ဒါဆို ငါဘယ်လိုနေရမှာလဲ   "

" Boss က အရာရာတော်တယ်။
Boss စတိုင်အတိုင်းပဲနေပါ အဲ့ဒါမှ စာရေးဆရာက Bossကိုမျက်စီထဲ မြင်မှာပေါ့ သူပြောသလိုဖြစ်
သူပြောတာနားထောင်လိုက်ရင် သူပရိတ်သတ်တွေလို့ Bossကိုတန်းတူ ထားပစ်မှာပေါ့ 
တန်းဖိုးရှိအောင်နေမှာ တန်ဖိုးထားမှာ သိပြီလား Boss  "

Baby BossWhere stories live. Discover now