Part 11

2.5K 234 5
                                    

Part 11

Singto

ဒီနေ့ Diamond Royal Company ရဲ့  Shopping Center အသစ်ကို ထပ်မံဖွင့်လှစ်နိုင်ခဲ့ပြီ Boss အရောင်းခန်းမကို ဖဲကြိုးဖြတ်
ဖွင့်လှစ်ပေးပြီး 
ရုံးချုပ်ကို မပြန်သေးပဲ Center က ရုံးခန်းမှာ နားပြီး တစ်အောင့်အကြာ အရောင်းခန်းမကို လိုက်လံစစ်ဆေးဖို့  တက်ကြွနေပြန်သည်။

" Boss မနက်ကပဲ ဖဲကြိုးဖြတ် ဖွင့်လှစ်ပြီး ဆိုင်းပုတ် တင်ပြီးပြီလေ အခု သွားကြည့်စရာလိုသေးလို့လား "

" လိုတာပေါ့ ဂျိုကာကလည်း ဝန်ထမ်းတွေက Customers တွေကို တာဝန်ကျေမကျေ လိုက်ကြည့်ရမယ်လေ "

" အဲ့ဒါ Boss ကြည့်ရမဲ့အလုပ်မဟုတ်ဘူးလေ မန်နေဂျာတွေ ကြည့်ရမဲ့အလုပ် "

Bossက သူနဲ့မဆိုင်တဲ့ အသေးအဖွဲ့အလုပ်တွေကို
ဘာကြောင့်စိတ်ဝင်စားပြီး အပင်ပန်းခံနေပါလိမ့်

" ဂျိုကာ  "

" Yes Boss  "

" သွားကြည့်ရအောင်   "

Bossစာရေးဆရာကိုတွေ့ချင်နေတာပဲ
ငါကလည်းတော်တော်အတာပဲ

" ဟုတ်ကဲ့ Boss ဒီချိန်ဆို စာရေးဆရာလေး သူကိုအားပေးတဲ့ ပရိတ်သတ်တွေကို လက်မှတ်ထိုးပေးလောက်ပါပြီ သွားတွေ့ရအောင်   "

" ဂျိုကာ သိရဲ့သားနဲ့  "

Boss  ကျွန်တော်ကို မျက်စောင်းထိုးပြီး ပြောနေတာကိုးက ချစ်စရာကောင်းတယ် အခုဆို Bossက ကျွန်တော်စရင် ပြန်ရန်စွာတက်ပြီး ကက်ကက်လန်အောင် ပြန်ပြောတက်ပေမဲ့ ကျွန်တော်စတာကို စိတ်ဆိုးလို့ အလုပ်ထုတ်မယ်လို့ ဘယ်တော့မှမပြောတော့ပေ  ကျွန်တော်လည်း Boss အလိုကျ Boss ကိုစောင့်ရှောက်ရတာကို ကျေနပ်နေမိပြီ
Boss  အရောင်းစင်တာကို ပတ်လျှောက်ကြည့်ရင်း  လူတွေတန်းစီးနေပြီး လက်မှတ်ထိုးနေတဲ့ စားရေးဆရာ Yorch ကိုတွေကာ ရပ်ကြည့်နေသည်  

" Boss  ပြန်ရအောင်  "

" နေပါအုန်း ဂျိုကာ  "

" Boss  အကြာကြီးရပ်ကြည့်နေတာ
မသင့်တော်ဘူးလေ  Boss သိက္ခာကျတယ်    "

" သိက္ခာဟုတ်လား..  အချစ်မှာ သိက္ခာရှီလို့ လား ဂျိုကာ "

" အဲ့ဒါဆို Boss က သိက္ခာတရားနဲ့ လဲနိုင်လောက်အောင် Yorch ကိုချစ်တာပေါ့ ဟုတ်လား Boss  "

" အင်း ဂျိုကာ  "

" အဝေးကနေချစ်နေရတာ Boss စိတ်ပင်ပန်းတယ် အချစ်ဆိုတာ ကိုယ့်ကပေးသလောက် ပြန်ရမှလည်း အဓီပ္ပာယ်ရှီတဲ့ ချစ်ခြင်းဖြစ်မှာ အဲ့ဒါမှ ချစ်တဲ့သူ ၂ ဦးပျော်ရွှင်ရမှာ  "

" ချစ်တဲ့သူ ၂ဦး ဟုတ်လား P'Yorch က ကျွန်တော်ကို ချစ်ဖို့နေနေသာသာ သူမျက်စီထဲမှာတောင် မမြင်ဖူး ပြီးတော့ သူက မိန်းကလေးတွေဝိုင်းဝိုင်းလည်နေတဲ့ စာရေးဆရာ မိန်းကလေးတွေကြားမှ ဘယ်လိုလုပ် ကျွန်တော်လို ယောက်ကျားကို မြင်မှာလဲ "

" မြင်အောင်လုပ်ရမှာပေါ့ Boss
ကျွန်တော်ကူညီမယ်  "

" ဘယ်လိုကူညီမှာလဲ  မင်းကရည်းစားထားဖူလို့ လား "

" ထားဖူးတာပေါ့ ကျောင်းတုန်းကအများကြီးပဲ "

" ယောက်ကျားလေးတွေလား မိန်းကလေးတွေလား "

" ၂မျိုးလုံးပဲ ချစ်စရာကောင်းရင် ၂ မျိုးလုံးလက်ခံတယ် "

" တကယ်မလွယ်တဲ့ ဂျိုကာပဲ   "

" အဲ့ဒါကြောင့် ကျွန်တော်ကို အားကိုးလိုက်ပါ စာရေးဆရာလေး Boss ကို စိတ်ဝင်စားလာစေရမယ် "

"  တကယ်လား "

" တကယ်ပါ Boss ယုံကြည့်လိုက်ပါ  "

Boss ကျွန်တော်ကို ဟုတ်ပါ့မလား ဆိုတဲ့ အကြည့်နဲ့ ကြည့်နေသည်။ ကျွန်တော်လည်း ပြန်ရယ်ပြလိုက်သည်။ တကယ်ဆို ကျွန်တော် ရည်းစားဆိုလို့ တစ်ယောက်မှ မထားဖူးပေ  Boss ယုံကြည့်ပြီးအားကိုးချင်လာအောင် ပြောခြင်းဖြစ်သည်။ Boss ကိုလည်း Yorch နဲ့ အဆင်ပြေစေချင်တဲ့ စိတ်ကြောင့်လည်း ပါသည်။ ကျွန်တော်မှ မတိုက်တွန်းရင် ဒီကလေးပေါက်စက စီးပွားရေး မှာသာ တော်ပေမဲ့ အချစ်ရေးမှာတော့  နှံနှံအအနဲ့ တစ်သတ်လုံး စာရေးဆရာကို တိတ်တခိုးကြည့်နေရတဲ့ ဘဝက
လွတ်မှာမဟုတ်ပေ။

Baby BossWhere stories live. Discover now