Part 32

2.6K 267 13
                                    

Part 32

" kit! သားလေး!. "

ကျွန်တော်ဗိုက်နာတဲ့ ကြားက
နွေးထွေးတဲဲ့အသံပိုင်ရှင်ကြောင့်
မော့ကြည့်လိုက်တော့

" ပါပါး!..အား! "

kit ပါပါးကိုဝေဝါးစွာမြင်ရသည်။
ပါပါးကိုလွမ်းလွန်းလို့ လျှောက်မြင်နေတာပဲ။

" Kit! "

ပါပါးခေါ်သံကြားနေရတယ် အသံက နားထဲကို
စွဲနေစွာကြားရသည်။

" ပါး.."

သားလေးကျွန်တော်ကိုခေါ်ပြီး မျက်စိမှိတ်သွားသည်။

မေ့လဲသွားတဲ့ သားလေးကို ရင်ခွင့်ထဲထည့်ပြီး

" ဆရာဝန် မြန်မြန်ခေါ် "

ဆရာဝန်ရောက်လာပြီး သားလေးကိုစမ်းသပ်ပြီး ဆေးထိုးသွားသည် အစာအိမ်ရောဂါရှီနေတာတဲ့လား ရောဂါရှီတဲ့သားလေးကို အကြာကြီး ပစ်ထားမိတာပဲ သားလေးလက်ကို ကိုင်ထားနေစဉ်

"ဒီတစ်ခါတော့ ငါဖုန်းဆက်တာနဲ့
မင်းတန်းလာတာပဲ kade "

သူဌေးကြီးkando သားနားရောက်လာပြီး
ဆိုလိုက်သည်။

" ဖော့ ကျွန်တော်ကို သားလေးနေမကောင်းဘူး
ပြောတာနဲ့ တန်းလာတာပါ. "

" ငါ့မြေးလေးနေမကောင်းတာ ဒီတစ်ခါတည်းမှ မဟုတ်တာ အကြိမ်ကြိမ်ပဲ မင်းအကြိမ်ကြိမ် လျစ်လျူရှုခဲ့တာပဲ "

" ဟုတ်ပါတယ်ဖော့ ကျွန်တော်အမှားကြီး မှားသွားပါတယ် အသိဉာဏ်မကြွယ်သေးတဲ့ သားလေးရဲ့ အမှားကို စိတ်ဆိုးမိတဲ့ ဖခင်မပီသတဲ့သူပါ "

" Kade သားကမြေးလေးကိုစိတ်ဆိုးနေတာမဟုတ်ပဲ ဒီအိမ်ကိုပြန်မလာချင်တာ ဖော့သိပါတယ် ဒါပေမဲ့ မြေးလေးက သူအဖေပစ်သွားတဲ့ဆိုတဲ့ စိတ်ဒဏ်ရာကြီးရနေပြီ. "

"ကျွန်တော်ပြန်ရင် သားလေးကို့ခေါ်သွားမှာပါ
သားလေးနဲ့ အတူတူ နေတော့မှာပေါ့ "

သားလေးလက်ကို ကိုင်ထားပြီး သားလေးနိုးလာတာကို စောင့်နေမိသည် kit သားအရွယ်ရောက်လာပြီ ၁၆နှစ်ပြည့်ပြီပဲ ကျောင်းကို အားမထားတော့ပဲ အပြင်သင်တန်းပေါင်းစုံတက်ရင်း ပါပါးအထင်ကြီးအောင် စီးပွားရေးလောကထဲသို့ ဝင်ခဲ့ပေမဲ့ သားရဲ့မျက်နှာလေးက ကလေးမျက်နှာပဲရှီသေးတယ် ကျွန်တော်သားလေးကို့ ကြည့်တိုင်း အိမ်သူသက်ထားဇနီးကို အရမ်းပဲ လွမ်းနေမိပြန်သည်

Baby BossWhere stories live. Discover now