Part 27

2.4K 242 12
                                    

Part 27

" အား...ကျွတ်...ကျွတ် "

" သတိရလာပြီလား Sing "

ကျွန်တော်မျက်စီဖွင့်ဖွင့်ချင်းရောက်နေတဲ့ အခန်းကို ကြည့်လိုက်တော့ ဆေးရုံမှာထင်တယ် လက်ကလဲ ဆေးပိုက်ချိတ်ထားသည် စဉ်းစားနေရင်း အတွေးပေါ်လာတာက baby လေးကို တန်းသတိရသွားသည်။

" Boss! ...ဦးလေး Boss ဘာဖြစ်သွားလဲ "

" Boss....Bossက "

ဖြေရန်တွန့်ဆုတ်တွန်ဆုတ်ဖြစ်နေတဲ့ ဦးလေးကြောင့် ချက်ခြင်းပဲ ထလိုက်ကာ

" အား "

" အဲ့လို့ ရုတ်တရက်ကြီးထလို့ မဖြစ်ဘူးလေ "

" Boss...Bossဘယ်နားထိခိုက်သွားသေးလဲ "

" ထိခိုက်ဒဏ်ရာကတော့မရှီပါဘူး မင်းကြောင့်သာ "

" ကျွန်တော်ကြောင့်... ကျွန်တော်ကြောင့်
ဘာဖြစ်သွားတာလဲ မြန်မြန်ပြောပါ...ဦးလေး "

" စိတ်ဒဏ်ရာ အနာဟောင်းပြန်ပေါ် လာတာပေါ့ ...အရင်က Boss အမေသေတာက Bossကို
ကာကွယ်ရင်းဖြစ်သွားတာ
Boss ခန္ဓာကိုယ့်ကိုဖက်ရင်းနဲ့ အသက်ထွက်သွားတာ ...အခု... မင်းကလဲ ...."

အဲ့ဒါကြောင့် Bossရဲ့ပါပါးက သူအမျိူးသမီး
သေတာ Bossကြောင့်ဆိုပြီး Bossကို
ပစ်ထားခဲ့တာပဲ
ငယ်ငယ်ရွယ်ရွယ်နဲ့ စိတ်ဒဏ်ရာ အကြီးကြီးရခဲ့တာပဲ Babyလေးကို သနားလိုက်တာ

" ကျွန်တော်သိပြီ .. ကျွန်တော်နားလည်ပြီ ... ကျွန်တော်ကို Bossအခန်းလိုက်ပို့ပေးပါ "

" တူလေး ...မင်း...အနားယူဖို့လို့တယ်. "

" ကျွန်တော်မနားနိုင်ဘူး ဒါတွေအားလုံး ကျွန်တော်ကြောင့် ဖြစ်ရတာ အရမ်းလန့်သွားမှာပဲ .... Boss အရမ်းလန့်သွားမှာပဲ ....ကျွန်တော်ကို မြန်မြန်လေး Bossအခန်းလိုက်ပို့ပေးပါ "

ဦးလေး ကျွန်တော်ကိုတွဲပြီး Boss အခန်းထဲလိုက်ပို့ ပေးသည်။ စာရေးဆရာ Yorch ရောက်နေပြီး Boss လက်ကိုကိုင်ထားပေးနေသည် သူဌေးကြီးက ကျွန်တော်ကိုမြင်တော့

" မင်းဘာလို့ ထလာတာလဲ မင်းအနားယူဖို့
လိုတယ်လေ "

စာရေးဆရာကပါ ကျွန်တေယ်ကိုအနားယူခိုင်းသည်။

" ဟုတ်သားပဲ Sing "

" ကျွန်တော် Bossကိုစိုးရိမ်လို့ပါ
Boss ဘယ်လိုနေသေးလဲ "

"မင်းအဖြစ်ကိုကြည့်ပြီး အရမ်းရှော့ဖြစ်သွားတယ် အခုထိ မနိုးသေးဘူး အဲ့ဒါကြောင့် ငါမြေးလေးကို ကူညီချင်ရင် မင်းသွားနားလိုက်ပါ "

" ဟုတ်သားပဲ Sing ကျွန်တော်လဲရှီနေပါတယ် ခင်ဗျားအေးဆေးအနားယူလိုက်ပါ "

သူဌေးကြီးနဲ့ စာရေးဆရာက သွားနားခိုင်းတဲ့အပြင် ကျွန်တော်ဦးလေးကပါ

" တူလေး သွားနားရအောင် အဲ့ဒါမှ Bossက သူကြောင့်တူလေး ဘာမှမဖြစ်ဘူးဆိုတာယုံမှာ "

" ဟုတ်ကဲ့ပါ "

ကျွန်တော်မနားချင်ပေမဲ့လည်း ကျွန်တော်မြန်မြန်နေကောင်းပြီး အားရှီမှ baby လေးကို စောင့်ရှောက်နိုင်မှာကြောင့် စကားနားထောင်လိုက်ပြီး ပြန်နားလိုက်သည်။

Yorch Pov

Sing ပြန်နားတာနဲ့ အဖိုးကိုပါ ပြန်နားခိုင်းပေမဲ့ အဖိုးကသူမြေးလေး သတိမရမချင်း အိမ်ပြန်မနားချင်ဘူး ပြောတာနဲ့ အခန်းထဲက နှစ်ယောက်ထိုင်ခုံဆိုဖာပေါ်မှာပဲ သက်သောင့်သက်သာ နားစေလိုက်သည်။ ဖြူဖျော့နေတဲ့ kit မျက်နှာကို ကြည့်ရတာ စိတ်မကောင်းဖြစ်မိသည် kit လက်ကိုကိုင်ပြီး စောင့်ကြည့်နေစဉ်

" ဂျိုကာ.....ဂျိုကာ....."

Kit ပါးစပ်က ယောင်ပြီး တမ်းတနေတာက ဂျိုကာတဲ့လား ဒီအတွင်းရေးမှူးကို ဒီကလေး သံယောဇဉ်တော်တော် တွယ်နေပြီလား

" Kirst ....Kit ...P ခေါ်တာကြားလား "

Kit မျက်လုံးဖွင့်လာပြီး

" ဂျိုကာ ....P'Sing "

ရုတ်တရက်ထထိုင်လိုက်လို့  ကျွန်တော်ထိုင်ခုံပေါ်ကနေ ကုတင်ပေါ်ထိုင်ပြီ kit လက်ကိုကိုင်ကာ

" ဘာဖြစ်လို့လဲ Kit "

Kit ကျွန်တော်ကိုဖက်လိုက်ပြီး

" ကျွန်တော် P စကားနားထောင်ပါတော့မယ် မရိုမသေ ဂျိုကာလိုလည်း မခေါ်တော့ပါဘူး အဲ့ဒါကြောင့် ကျွန်တော်ဆီ ပြန်လာပါနော် ....အဟင့်...ဟင့်...ကျွန်တော်ကို ထားမသွားပါနဲ့ ...ကျွန်တော်...လိမ်မာ..."

Kit ပြောပြီး ကျွန်တော်ကျောပေါ်ပြန် အိပ်ပျော်သွားသည် kit ကို ခေါင်းအုံပေါ် ပြန်လှဲစေလိုက်သည် မျက်ရည်ကျနေလို့ မျက်တောင်လေးတွေတောင် စိုစွတ်နေတယ် ဒီကလေး ကျွန်တော်ကို ထင်ယောင်ထင်မှားနဲ့ Sing ထင်နေတာပဲ kit စိတ်ထဲမှာ ကျွန်တော်မှမရှီတာပဲ သူရင်ထဲမှာ နေရာယူနေတာ Singtoပဲ Singကပဲ ကလေးလေးကို ဝမ်းနည်းအောင်ပြုလုပ် နိုင်သလို ပြုံးပျော်အောင်လည်း ပြုလုပ်နိုင်သည်။

Baby BossWhere stories live. Discover now