Part 5

2.9K 281 1
                                    

Baby Boss

ကုမ္ပဏီ ရုံးခန်းတွင်အလုပ်ရှုပ်နေသော Boss
အရောင်းပြခန်းစင်တာ အသစ်ဖွင့်မှာကို ဘာလို့အဲ့လောက် ကြိုးစားပမ်းစား လုပ်ချင်နေပါ့လိမ့် ဒီမြို့မှာ diamond Royal ကုမ္ပဏီနဲ့ လွတ်ကင်းတဲ့
အရောင်းစင်တာတွေမရှီ Shopping - Centre ဒီလောက်များနေတာကိုး  ဗိုက်တောင်ဆာနေပြီဝင်ပြီး သတိပေးမှဖြစ်တော့မယ် ကျွန်တော်တံခါးခေါက်ပြီး အထဲဝင်တော့ ကျွန်တော်တောင်မော့မကြည့်ပဲ
ကွန်ပျူတာကိုပဲ ကြည့်နေတဲ့ Boss ကို

" နေခင်း တစ်နာရီတောင်ထိုးပြီ
ထမင်းမစားသေးဘူးလား Boss  "

ကျွန်တော်ပြောမှ ရုံးခန်းက တိုင်ကပ်နာရီကို
ကြည့်ကာ

" ဟုတ်သားပဲ ငါ ထမင်း ၁၂နာရီစားတက်တာလေ မင်းဘာလို့ အခုမှ လာပြောတာလဲ "

" ဗျာ  Boss အလုပ်ရှုပ်နေတယ် မှတ်လို့လေ "

" မင်းကြောင့် ငါအစာအိမ်ရောဂါဖြစ်ပြီး
ဆေးရုံတက်ရရင် အဲ့ဆေးရုံစရိတ်မင်းပေးမှာလား "

" ဗျာ! "

ပြဿနာက အဲ့လောက်တောင်ကြီးသွားတာလား

" အူကြောင်ကြောင်နဲ့ ဘယ်လို အတွင်းရေးမှူးလဲ  "

" နောက်ဆို ဆင်ခြင်ပါမယ့် Boss  "

"အင်း မဆင်မခြင်နဲ့ အလုပ်ထုတ်ခံရတော့မယ် "

ကျွန်တော်အမှားလုပ်လား သေချာပြန်စဉ်းစားရင်

(" Boss ပဲ ကျွန်တော်ကို အလုပ်လုပ်နေတဲ့အချိန်
မနှောက်ယှက်နဲ့ ပြောလို့ ကျွန်တော်က အေးဆေးနေပေးတာလေ ပြီးတော့ မနက်ကပြောတယ် ငါအလုပ်လုပ်နေတုန်း နည်းနည်းလေးမှတောင် မနှောက်ယှက်လို့ပြောလို့ ကျွန်တော်လည်း သတိပေးဖို့ မေ့သွားတာ အလုပ်ထုတ်မခံရအောင် ဆင်ခြင်နေမှ အလုပ်ထုတ်မယ် ကြည့်ပဲ ချိန်းခြောက်နေတာ ပြီးတော့ ပိုက်ဆံရှီလို့  Boss ဖြစ်နေပေမဲ့ Boss အသက်က နို့နံတောင်မစင်သေးဘူး စကားပြောရင် အထက်စီးနဲ့ မင်းနဲ့ ငါနဲ့  "  ) 

" သွားမယ်လေ အူကြောင်ကြောင်ဖြစ်နေပြန်ပြီလား "

" ဟင် ! ဟုတ်ကဲ့ "

အော် စိတ်ထဲမှာ ကျွန်တော် Boss ကို ပြောနေတာပဲ  အပြင်မှာပြောတာ မဟုတ်လို့တော်သေး  သည်းခံ သည်းခံ
စားသောက်ဆိုင်မှာ ဘိုကင်လုပ်ထားလို့ တော်သေးတယ်  Boss နဲ့ ကျွန်တော် နေ့ခင်းစာစားပြီး အပြန်မှာ

" Boss  "

"ဘာလဲ ဂျိုကာ "

" ကားမောင်းသမားရှာရရင် ကားမောင်းသမားကို Bossလစာ ဘယ်လောက်ပေးလဲ  "

" ဘတ်နှစ်သောင်းပေးတယ်  "

များလှကြီးလား

" Boss ကျွန်တော်ကားမောင်းတာ ဘယ်လိုနေလဲ "

" အဆင်ပြေပါတယ် ဂျိုကာ "

" အဲ့ဒါဆို ကားမောင်းသမားမရှာတော့ဘူးလေ
Boss ကျွန်တော်ပဲ ကားမောင်းမယ် "

" ဘယ်ဖြစ်မလဲ မင်းကငါ့အတွင်းရေးမှူးလေ driver လုပ်မလို့လား "

" ကျွန်တော် နှစ်ခုလုံး လုပ်ချင်တာ Boss ကားမောင်းတာလည်း မလစ်ဟင်းစေရဘူး အတွင်းရေးမှူး အလုပ်လည်း မလစ်ဟင်းစေရပါဘူး  "

"ကောင်းပြီလေ မင်းကို လစာ ဘတ်လေးသောင်းပေးမယ် "

" မဟုတ်ဘူးလေ  Boss အစောန ပြောတော့ ကားမောင်းသမားက ဘတ်နှစ်သောင်း အတွင်းရေးမှူးက ဘတ်သုံးသောင်း အားလုံး ဘတ်ငါးသောင်းလေ  Boss အတွက်အချက် လွဲနေတယ်  "

" မလွဲပါဘူး ဂျိုကာ အလုပ်နှစ်ခု လုပ်မှတော့ တစ်ခုခုကတော့ လစ်ဟင်းမှာပဲ ဥပမာ ငါက မင်းကို  အတွင်းရေးမှူးရာထူးနဲ့  တစ်နေရာကို စီမံဖို့ လွှတ်မယ် ငါကတစ်နေရာသွားမယ်ဆိုရင် အဲ့မှာ လစ်ဟင်းသွားပြီ   နားလည်ရဲ့လား ဂျိုကာ "

" သြော်..ဟုတ် ဟုတ်ကဲ့  "

တော်တော်ကို တွက်ချက်တက်တဲ့ Bossပဲ 
လူကသာ အရွယ်ငယ်တာ တွက်ချက် ကပ်သတ်တာကတော့ အသက်၈၀အဘိုးကြီးကျနေတာပဲ
 ဘာပဲဖြစ်ဖြစ် တစ်လလေးသောင်းလည်း ကလေးတွေ ကျောင်းစရိတ်အပြင် အမေလည်း အလုပ်လုပ်စရာ မလိုတော့ဘူး အလုပ်မြဲဖို့ပဲလိုတယ်။

Baby BossWhere stories live. Discover now