Part 23

2.5K 238 8
                                    

Part 23

Singto

နေ့လည်စာ ထမင်းစားချိန်ရောက်ပြီမို့
Boss အခန်းသို့တံခါးခေါက်ပြီး ဝင်လာလိုက်သည်။

" Boss ဒီနေ့ဘယ်စားသောက်ဆိုင်မှာစားမလဲ
ကျွန်တော်ဘိုကင်လုပ်မလို့ "

" ဂျိုကာ ဒီနေ့ P'Yorch နဲ့ နေ့လည်စာစားဖို့ချိန်းထားတယ် "

" ဟုတ်လား Boss ဘယ်အချိန်လဲ
ကျွန်တော်အဆင့်သင့်...."

" ဂျိုကာလိုက်ပို့စရာမလိုဘူး P'Yorch လာခေါ်မှာ "

" အော်...ဟုတ်ကဲ့ "

ဘာကိစ္စမို့လို့ စာရေးဆရာကိုယ့်တိုင် Boss ကိုလာခေါ်ရတာလဲ အဲ့လောက်တောင် ရင်နှီးသွားပြီလား

" ဂျိကာ ဒီနေ့တော့ ကုမ္ပဏီက
စားသောက်ခန်းမှာပဲ သွားစားလိုက်တော့နော် "

" ကျွန်တော်ကို စိတ်မပူပါနဲ့ Boss ကျွန်တော်မပါလည်း ဘယ်အရာက စားသင့်တယ်
ဘယ်အရာက Boss နဲ့ မတည့်ဘူးဆိုတာကို သတိထားပြီး စားသောက်နော် စာရေးဆရာကျွေးတိုင်းလည်း မစားနဲ့ "

"ဟုတ်ကဲ့ ဂျိုကာစကားကို
ကျွန်တော်နားထောင်ပါမယ် "

🏬

ဒေါက် ဒေါက် ဒေါက်

"ဝင်ခဲ့ပါ "

ဝင်လာသူက P'Yorchဖြစ်သည်။

" အဆင့်သင့်ဖြစ်ပြီလား Kirst "

"ဟုတ်ကဲ့ P "

" ဂျိုကာ ကျွန်တော်ကုမ္ပဏီကို ပြန်မလာတော့ဘူး ဂျိုကာ ကိုယ့်ဘာသာပဲ အလုပ်ဆင်းတော့နော် "

" ဟုတ်ကဲ့ Boss "

Boss က အချိန်အကြာကြီး စာရေးဆရာနဲ့ ဘာလုပ်မှာလဲ Boss နဲ့ စာရေးဆရာ အဆင်ပြေသွားပြီလား

❤️

Krist Pov

P'Yorch က ကျွန်တော်နဲ့  ပထမအကြိမ် date လုပ်မယ်တဲ့ ကျွန်တော် ပျော်ရွှင်စွာပဲ လက်ခံလိုက်သည်။ P'Yorch နဲ့အတူနေ့လည်စာစားရင် ရုပ်ရှင်လည်းကြည့်ခဲ့တယ် P'Yorch က စာရေးဆရာပိပိ Drama ကားကိုသာ ရွေးချယ်ပြီး ကြည့်သည်။ ရုပ်ရှင်ကြည့်ပြီးတော့ P'Yorch က သူနေတဲ့အိမ်သို့ခေါ်သွားသည်။ အိမ်က တိတ်ဆိတ်ငြိမ်သက်နေပြီး ဝရန်တာမှာ အလှစိုက်ထားတဲ့ ပန်း လှဲအိပ်လို့ ရတဲ့ ဆိုဖာခုံရှည် ကြက်ဥပုံစံ ပုခတ်ဒန်း ဒီနေရာက P'Yorch စာရေးတဲနေရာပဲ ဖြစ်ရမယ်။

Baby BossWhere stories live. Discover now