Part 80

1.8K 196 21
                                    

Part 80

Kirst ကိုယ်ဝန်လရင့်လာတာနဲ့ အမျှ သွားလာရ
ခက်ခဲတာကြောင့် သူဌေးက အောက်ထပ်အခန်းသို့
ပြောင်းရွေ့နေထိုင်ရန်  ပြင်ဆင်ပေးနေသည်။

" ပါပါး! "

" သားလေးအိပ်ရာကနေနိုးပြီလား "

နေ့ခင်းအိပ်ပြီး ထလာတဲ့ သားလေးနဖူးကို
နမ်းလိုက်သည်။

" ဒီအခန်းက "

" သားလေးအတွက် ပါပါးပြင်ပေးနေတာ "

" ကျွန်တော့်အောက်ထပ်မှာမနေချင်ဘူး "

" သားလေးအပေါ်ထပ်ကနေ အောက်ထပ်ဆင်းတာ ပါပါးမြင်ရတာ ရင်နာတယ် မတော်တဆ လျှော်လဲသွားရင် ပါပါးရင်ကျိုးမှာ အဲ့ဒါကြောင့် ကုမ္ပဏီတောင် မသွားပဲ သားလေးအတွက်
ပါပါးကိုယ့်တိုင် အခန်းကို စံမံခန့် ခွဲပြီ ပြင်ပေးနေတာ "

Kirst  သူအတွက်စဥ်းစားပေးလွန်းသော
ပါပါးကိုဖက်လိုက်သည်။

" အရမ်းချစ်တယ် ပါပါး! "

" ကလေးမွေးပြီးမှ အပေါ်ထပ်အခန်းကိုပြန်သုံး အဲ့ဒီအခါကျရင် ဒီအခန်းကို ကလေးအတွက် သုံးလို့ရတယ် "

" ဟုတ်ကဲ့ ပါပါး "

သားလေးကိုကြည့်ရင်း Kade အမြင်အာရုံဝေးဝါးလာပြီး ခေါင်းကိုက်လာသည်။

" အားးး "

သားလေးကျွန်တော့်ကို ထိန်းပေးရင်း
ပျက်ယွင်းသွားသောမျက်နှာဖြင့်မေးသည်။

" ပါပါးဘာဖြစ်လို့လဲ "

" ဘာမှမဖြစ်ဘူး သားလေး ခဏလေးနော်
အပေါ်တက်မလာနဲ့ "

ပါပါးအပေါ်ထပ်သို့ တက်သွားသည်။ ကျွန်တော့်စိတ်ပူပြီး မြန်မြန်အပေါ်ထပ်လိုက်တက်လိုက်သည်။ ပါပါးအခန်းဟထားတာကြောင့် အခန်းထဲဝင်လိုက်တော့ ပါပါးဆေးသောက်နေတာတွေ့သည်။

" ပါပါး!.."

ကျွန်တော့်ဝင်လာတာမြင်တာနဲ့
ပါပါးဆေးကို အံဆွဲထဲ ထည့်လိုက်သည်။

"ဘာဆေးမို့လို အံဆွဲထဲ ဖွတ်လိုက်တာလဲ "

" ဖွက်တာမဟုတ်ပါဘူး သားလေးရဲ့ အားဆေးပါ "

Baby BossWhere stories live. Discover now