Part 14

2.3K 223 4
                                    

Part  14

Krist

အိပ်ရာနိုးနိုးခြင်းခေါင်းကိုက်လာသည်။
အချိန်ကြည့်လိုက်တော့ မနက် ၈ နာရီတောင်ထိုးပြီ  ငါ့တော်တော် အိပ်သွားတာပဲ  ဆိုဖာပေါ်မှာကြည့်လိုက်တော့ ဂျိုကာအိပ်ပျော်နေတာကိုတွေ့ရသည်။ သူက ဘယ်လိုလုပ် ငါအခန်းထဲကို ရောက်နေပြန်ပြီလဲ

" ဂျိုကာ ဂျိုကာ  "

နှိုးသံကြောင့်နိုးလာတော့ Boss  ကိုတွေ့ရသည်။ ဘယ်လိုဖြစ်လို့  Bossကကျွန်တော်အခန်းထဲ ရောက်နေပါလိမ့်

" Boss  ကျွန်တော်နောက်ကျလို့ လာနှိုးတာလား   "

" ဒါငါအခန်းလေ မင်းကဘာလို့ ငါအခန်းထဲမှာ အိပ်နေတာလဲ   "

Singto မျက်လုံးပွတ်ပြီး အခန်းအခြေအနေကို
ကြည့်လိုက်သည်။

"Boss  ညကဖြစ်တာ မမှတ်မိတော့ဘူးလား  "

" ညကဘာဖြစ်လို့လဲ   အား   "

Bossဗိုက်ကိုနှိပ်ရင်း ညီးတွားနေသည်

" ဘာဖြစ်လို့လဲ Boss   "

" ဘာမှမဖြစ်ဘူး    "

" ဟုတ်လို့လားBoss  ကျွန်တော်ဆရာဝန်ခေါ်လိုက်မယ်  "

" ကျွန်တော်ခေါ်လိုက်ပါပြီ  "

တံခါးဖွင့်ပြီး အသံပေးလိုက်တဲ့ Moh သူဘေးနားက ဆရာဝန်ဖြစ်မည်။ ကျွန်တော်လည်း
Boss.ခန္ဓာကိုယ်ကို ပွေ့ချီကာ အိပ်ရာပေါ်
ဖြေးညင်းစွာချလိုက်သည်  ဆရာဝန်ကစမ်းသပ်ပြီးတော့

" Bossဆေးထိုးရမယ် ကိုယ့်မှာ အစာအိမ်ရောဂါရှီတာကို ဘာလို့အရက်သောက်တာလဲ   "

" အတွင်းရေးမှူးမကောင်းလို့ ဖြစ်ရတာ အတွင်းရေးမှူးကို အလုပ်ထုတ်သင့်တယ်   "

Moh စကားကို ကျွန်တော်ဘာမှ မတုန့်ပြန်ပဲ Boss ကိုဆေးထိုးနေတာမို့လို့ Boss လက်ကိုကိုင်ကာ လက်တစ်ဖက်က Boss. မျက်စီကို အုပ်မိုးထားပေးလိုက်သည်။

" ဒါဘာလုပ်တာလဲ Singto  Boss က ဆေးထိုးတာမကြောက်တက်ဘူး မင်းအပိုတွေလုပ်ပေးမနေနဲ့  "

" လူနာနားမှာ မဆူပါနဲ့Moh Boss ကို အစာမာတာတွေ မကျွေးနဲ့ ဆန်ပြုတ်ကျဲကျဲလောက်ပဲ
စွပ်ပြုတ်ဆိုရင်တောင် အဖတ်မပါစေနဲ့   "

" ဟုတ်ကဲ့  ဒေါက်တာ   "

ဆရာဝန်ထွက်သွားတော့ Moh က ကျွန်တော်ကို

"   မင်းရော အပြင်မထွက်သေးဘူးလား  "

" Moh!  "

" Kirst!  "

" ငါနေ့ခင်း ကုမ္ပဏီသွားမှာ
တရုတ်က ဧည့်သည့်နဲ့ချိန်းထားတယ်   "

" မသွားရပါဘူး  "

" Bossနေမကောင်းဘူး ကျွန်တော်ပဲသွားမယ်  "

" တရုတ်စကားတက်လို့ လား ဂျိုကာ  "

" နည်းနည်းပါ New ကိုဘေးမှာထားလိုက်မယ် ကျွန်တော် မသိတာကို New ပြောပြလိမ့်မယ်  "

" အင်း ဂျိုကာ  " 

"  အဲ့ဒါဆို  မင်းသွားတော့လေ  ရေလည်းမချိူးရသေးဘူး မဟုတ်လား   "

" Boss  တစ်ခုခုစားပြီးမှ အိပ်ရမယ် ကျွန်တော်ဘာသွားလုပ်ပေးရမလဲ  "

" ဂျိုကာ မင်းက အတွင်းရေးမှူးလေ စားဖိုးမှူး မှမဟုတ်တာ   Moh ကြည့်စီစဉ်လိမ့်မယ်  "

"  ထွက်သွားပါတော့   "

ကျွန်တော်ကို Moh နှင်ထုတ်နေတာနဲ့
ထွက်သာလာရတယ်။ Bossကို နည်းနည်းလေးမှ
စိတ်မချဘူးဖြစ်နေတယ်။ ကျွန်တော်ဘာကြောင့် အဲ့လိုခံစားနေရပါလိမ့် 

"  Moh ဘာလို့  ဂျိုကာကို ကြည့်မရဖြစ်နေရတာလဲ  "

" Kirst ကမှထူးဆန်းတာ  ဒီလောက်သူကြောင့် အရက်တွေသောက်ပြီး ဗိုက်နာနေတာကိုး သူကို အပြစ်မမြင်ဘူးလား  "

" ဂျိုကာက ငါကိုတားပါတယ်
ငါကဘယ်တုန်းကသူများတားတာရဖူးလို့လဲ "

" မသိဘူး Kirst  အဲ့တစ်ယောက်ကို ပစားပေးလွန်းတယ်   "

" ဂျိုကာက ငါအပေါ် အရမ်းကောင်းတဲ့ အတွင်းရေးမှူး ပါ  Moh  "

"  ကျွန်တော်မပြောတောဘူး ကြည့်မရတာပဲသိတယ် ရဲတင်းလွန်းတယ်    "

ကျွန်တော်စားဖိုမှူးယူလာတဲ့ ဆန်ပြုတ်ကို မှုတ်ပြီး တိုက်လိုက်တော့ Kirst သောက်သည်။ ခါတိုင်းလို
မရစ်တော့ဘူး  ဟိုအတွင်းရေးမှူးကြောင့် ကိုလေး ပြောင်းလဲသွားပြီလား  ကျွန်တော်က ကိုလေးအထီးကျန်တဲ့အချိန်
ကိုလေးငယ်ငယ်တုန်းဆော့လာတဲ့ ကစားဖော်ပါ
 ကိုလေး တခြားသူကို ကျွန်တော်ထက်ပိုအားမကိုးပါနဲ့

Baby BossWhere stories live. Discover now