HE'S .1

13.4K 677 8
                                    

[Unicode + Zawgyi]

တစ်ရက်ပြီးတစ်ရက် တစ်နှစ်ပြီးတစ်နှစ် အားသွန်ခွန်စိုက်ကြိုးစားခဲ့ရာ နောက်ဆုံးတော့ ပန်းတိုင်ဖြစ်သည့်ဘွဲ့တစ်ခုကို လက်ဝယ်ရယူနိုင်ခဲ့လေသည်။
မိဘသဘောကျရာ အသက်မွေးဝမ်းကျောင်းအတွက် နှလုံးအထူးကုဆရာဝန်တစ်ယောက်ဖြစ်လာခဲ့ပြီး နားရသည့်ရက်တွေ၌ညအချိန်မှာတော့ ဝါသနာပါရာစာပြပေးသည့်အလုပ်အတွက် ရသလောက်အချိန်လေးတွေအကုန်ပေးဖြစ်သည်။

"ဒီညအရေးကြီးDutyချိန်‌တွေမရှိဘူး.. ဆေးရုံအုပ်ကသူ့မြေးငယ်မွေးနေ့ပါတီကိုတက်ရောက်ဖို့ ဆရာဝန်တွေအကုန်ဖိတ်ထားတယ်.. မင်းလာမယ်မလားChanyeol.. ငါကတော့ငါနဲ့တူတူသွားစေချင်တယ်"

"ဒါဆို..တူတူသွားမယ်‌လေJunMyeonHyung"

Chanyeolကဆရာဝန်‌တွေထဲမှာ အသက်ငယ်ပေမဲ့ တိကျတဲ့လုပ်ဆောင်ချက်တွေကြောင့် နှလုံးအထူးကုဆရာဝန်ဖြစ်လာခဲ့ရပြီး ဆရာဝန်ကြီးများနည်းတူ တော်တော်များများကိုသိသည်။

တတ်သည့်ပညာများကြောင့်ဂုဏ်မောက်ခြင်းမျိုးမရှိသည့်အပြင်.. အေးအေးဆေးဆေးနေတတ်သည့်အကျင့်ကြောင့် ဂျူနီယာဆရာဝန်များကChanyeolကိုမြင်လျှင်ရှိန်ကြသည်။

Chanyeolသည် ပြည့်စုံ‌နေတဲ့ဘဝတစ်ခုကလာတာမဟုတ်တာကြောင့် အချိန်ပြည့်တွေးနေသည်က မိဘနှစ်ပါးကိုကောင်းစွာထားနိုင်ဖို့နှင့် အများအတွက်ကောင်းကျိုးကိုလုပ်နိုင်စေဖို့သာဖြစ်သည်။
တခြား..အချစ်ရေးစတဲ့ဘက်ကို နည်းနည်းမျှယောင်လို့ပင်မတွေးမိသည့်အထိ Chanyeolအတွေးတွေအားလုံးဟာ တခြားသူတွေအတွက်သာဖြစ်နေတတ်သည်။

ရုပ်ရည်သွင်ပြင်တွင်အပြစ်ပြောစရာမရှိတာမို့ Dr.ParkChanyeolဆိုသည်နှင့် သဘောကျသည့်အသံတို့ဆုံလင်စွာကြားရပေမဲ့လည်း.. Chanyeolဟာ ထိုအသံတွေပတ်သက်၍ ထူးဆန်းမနေတော့...

Chanyeolက JunMyeonတို့နဲ့သာ အပြင်ထွက်တာများပြီး စာကြည့်တိုက်လိုနေရာမျိုးမှာ အများဆုံးရှိနေတတ်သည်။
ကျောင်းတစ်ကျောင်းထဲ အဆောင်တူ..အခန်းတူ..ဆင်းရသည့်နေရာပါအတူတူဖြစ်ခဲ့ရသည်မို့ တစ်တွဲတွဲရှိနေခဲ့ရသည်က နှစ်ချီကြာမြင့်ခဲ့ပြီမို့ JunMyeonတို့သည်လည်း Chanyeolအကြောင်းကိုအသိဆုံးဖြစ်လေသည်။

HE'S ✓Where stories live. Discover now