🚨

5K 304 3
                                    

[Unicode + Zawgyi]

ကားကိုစက်သတ်လိုက်တာနဲ့ Baekhyunကအရင်ဆင်းသွားပြီး‌အရှေ့ကတက်သွားတာကိုကြည့်ရင်း Chanyeol‌အနောက်ကနေ တထွေထွေနဲ့ပဲလိုက်ခဲ့လိုက်သည်။

"Chanyeol.. မင်းရေသွားချိုးလိုက်နော်"

တိုက်ခန်းထဲရောက်တာနဲ့ နားထဲဝင်လာတဲ့အသံတစ်ခုကို ဘာဆိုလိုသည်စဉ်းစားမနေတော့ဘဲ
Chanyeolခေါင်းညိပ်လိုက်ပြီး Baekhyunစကားအတိုင်းရေချိုးဖို့သွားသည်။

"Chanyeol.. အေးအေးဆေးဆေးချိုးနော်"

Chanyeolအခန်းထဲဝင်သွားတဲ့အခါ Baekhyunမီးဖိုခန်းထဲလိုက်ကြည့်လိုက်ပြီး ဖုန်းဖြင့်ဆက်နေလိုက်သည်။

မှာချင်တာမှာပြီးတဲ့အခါ Chanyeolတိုက်ခန်းထဲ လိုက်ပတ်ကြည့်နေလိုက်သည်။
မှာတာတွေရောက်လာတဲ့အခါလည်း စားသောက်ဖို့အကုန်ပြင်ဆင်လိုက်ပြီး နောက်ဆုံးChanyeolအခန်းထဲဝင်လာတော့ Chanyeolက အိပ်ယာပေါ်လှဲနေလေသည်။

"Ya ... ရေချိုးခိုင်းတာလေ.. ဘာလို့လှဲနေတာလဲ
မင်းရေချိုးနေတယ်ထင်တာကို ဘာမှလုပ်မထားဘူး
ပြီးရင်‌မင်းက အိမ်ပြန်ဦးမှာဆို
ထ.. ရေချိုးလေ
ငါဗိုက်ဆာနေတာ တစ်ခုခုစားကြမယ်"

Baekhyun လှဲနေတဲ့Chanyeolကိုဆွဲထူနေတဲ့အခါ Chanyeolစိတ်ရှုပ်လာသည်။

"ငါစိတ်ရှုပ်နေလို့ မင်းညိမ်ညိမ်နေပေးပါလား.."

Baekhyunဆွဲထူနေတာရပ်သွားခဲ့ပြီး Chanyeolဘေးမှာထိုင်လိုက်သည်။

"ငါ့ကိုပြောပြလို့မရဘူးလား.. မင်းစိတ်ထဲရှုပ်နေတာတွေကို ငါနားထောင်ပေးမယ်လေ ဘာကမင်းကိုစိတ်ရှုပ်စေတာလဲ"

"မင်း"

"ဟမ်..??"

ငါက မင်းကိုစိတ်ရှုပ်စေတာလား

ငါလည်း ဘာမှမလုပ်ဘဲနဲ့ကို

Chanyeol Baekhyunကိုကြည့်တဲ့အခါ တိတ်သွားပြီးညိမ်ညိမ်လေးပဲထိုင်နေတာတွေ့တော့ သက်မချလိုက်ကာ လှဲနေရာကနေထလိုက်ပြီး ရေချိုးခန်းဆီဝင်သွားတာကို Baekhyunကလိုက်ကြည့်နေခဲ့သည်။

ငါဘာလုပ်မိလို့ ငါ့အချစ်လေးစိတ်ရှုပ်နေတာလဲ
သူ့တိုက်ခန်းကိုအတင်းလိုက်လာလို့များလား
ဒါပေမဲ့လည်း သူအိမ်ပြန်မှာကိုလိုက်သွားတာလည်းမဟုတ်ဘဲ
ငါ့ပါ့ငါ သူ့တိုက်ခန်းမှာနေမယ်လို့ပြောတာကို

HE'S ✓Where stories live. Discover now