HE'S . 8

2.7K 374 3
                                    

[Unicode + Zawgyi]

Clubကိုရောက်တော့သီးသန့်အခန်းကိုယူပြီး JongInပြောသမျှထိုင်နားထောင်နေကြသည်မှာ အထပ်ထပ်ပါနေခဲ့တဲ့ တSam Samနဲ့ Krisနာမည်က နားထဲပြည့်နှက်နေကြပြီ။

JongInက Canadaကိုပညာတော်သင်ပါသွားခြင်းဖြစ်ပြီး ဟိုရောက်တဲ့အခါမှာ တကယ်ကိုနာမည်ကျော်ကြားတဲ့ဆရာDr.Krisလက်အောက်မှာ သင်ကြားရမည်ဖြစ်ကြောင်းကို ပြောလို့ပင်မပြီး..
အရက်ခွက်ကလေးကလည်းတစ်ခွက်ပြီးတစ်ခွက်နဲ့ပင်အတော်အဆင်ပြေနေကြလေသည်။

ဘီး... ဘီး... ဘီး...

JongInအပြောကိုနားထောင်ပြီးနောက် သိချင်တာတွေကိုတစ်ယောက်တစ်ခွန်းမေးနေကြရင်းနဲ့ ဝင်လာတဲ့Chanyeolဖုန်းသံက ပြောလက်စတွေကိုရပ်သွားစေသည်။

"ရတယ်ဆက်ပြောကြ ဒီဖုန်းကမကိုင်လည်းဖြစ်တယ်"

Chanyeol ဖုန်းနံပါပတ်ကိုကြည့်ပြီးအသံပိတ်လိုက်ကာ စကားဝိုင်းထဲပြန်ဝင်လာပြီးမကြာ ထပ်ဝင်လာတဲ့ဖုန်းကြောင့်မျက်မှောင်ကြုတ်သွားရသည်။

"ဘယ်သူလဲ.. အရေးကြီးလို့နေမှာပေါ့ ကိုင်လိုက်လေChanကလည်း"

JongInအပြောကို Chanyeolကမလိုဘူးဆိုတဲ့ပုံနဲ့ ဖုန်းကိုမှောက်ချထားလိုက်သည်။
ဒါကို JunMyeonကတစ်ခုခုကိုသိသွားသည့်ပုံဖြင့် သူငယ်ချင်းတွေစုံတုန်း Chanyeolကိုစနောက်ရန်အကြံရသွားသည်။

"ဟို‌အတော်ဆိုးတဲ့အဆိုးလေးလားChanyeol"

JunMyeonစကားလည်းကြားကော ကျန်၂ယောက်ကသိချင်ဇောနဲ့ Chanyeolကိုအသေအချာစိုက်ကြည့်လာကြတော့သည်။

"ဘာကြည့်တာလဲ.. အခုလိုပျော်စရာအချိန်မှာငါ့ကိုဒေါသထွက်အောင်မလုပ်ပါနဲ့လား"

"ငါတို့ကသိချင်လို့ကို သူကဘယ်သူလဲလို့.. ဘာလို့မင်းဆီဖုန်းတွေခဏခဏဆက်နေရတာလဲ"

အရမ်းကိုမှသိချင်နေတဲ့သူငယ်ချင်းတွေကို Chanyeolလည်းမထိန်ချန်ချင်တာနဲ့ ဖြစ်ကြောင်းကုန်စင်ပြောပြလာတဲ့အခါ YiXingကပြုံးနေသည်။

"Xing! ! ငါပြောတဲ့အထဲရယ်စရာပါနေလို့လား.."

YiXingခေါင်းခါပြကာ

"ဒါဆို သူကမင်းရဲ့အဆိုးလေးပေါ့"

Chanyeolမျက်ခုံးနှစ်ခုထိလုမတက်ပုံကိုကြည်ပြီး YiXingက JunMyeonပုခုံးပေါ်ကနေဖက်လိုက်ပြီး ပါးကိုနမ်းပြလိုက်သည်။

HE'S ✓Where stories live. Discover now