HE'S . 16

3.1K 374 8
                                    

[Unicode + Zawgyi]

ဟွားလဲ့ဆေးရုံကနေ တစ်နှစ်၂ကြိမ်လုပ်ပေးနေကြဖြစ်တဲ့ နယ်လှည့်အခမဲ့ဆေးကုပေးခြင်းကို ဒီတစ်ခေါက်မှာတော့ Chanyeolရဲ့ဦးဆောင်မှုနဲ့အတူ ကျောင်းဆင်းခါစဂျူနီယာတွေလည်းပါသည်။

ဒါ့ကြောင့်ဆေးရုံအုပ်ကြီးရဲ့ ခွင့်ပြုလက်မှတ်ကိုစောင့်ယူနေစဉ် Chanyeolက အစ်မဖြစ်တဲ့ParkYooraနဲ့စကားထိုင်ပြောနေသည်။

"မမ နင် ကလေးကိုဂရုစိုက်ပါဦး အလုပ်တွေခဏပစ်ထားလိုက်တော့ဘာဖြစ်မှာမို့လို့လဲ"

"Yeollie-Ya နင်ကလည်းမတွေ့နဲ့တွေ့လိုက်ရင် ငါ့ကိုပြောမယ်ဆိုတာချည်းပဲ.. ငါကသားလေးရဲ့အမေပါနော် ငါ့သားလေးအတွက်ငါလည်းစိတ်ပူပါတယ် ..
တကယ်ပါပဲ အမေထက်ကိုသူကပိုပူနေတယ်
မြန်မြန်အိမ်ထောင်ပြုတော့ ပြီးရင်မြန်မြန်ကလေးယူ ဒါမှမိဘကသားသမီးအပေါ်ဘယ်လောက်ထိချစ်လည်း စိတ်ပူလည်းကို သိမှာ"

"တော်ပါ.. နင့်ကိုမြင်ရတာနဲ့တင် အိမ်ထောင်ပြုချင်စိတ်ကိုမရှိဘူး"

"အေးပါ.. နောက်မှ မမရေ ငါအိမ်ထောင်ပြုတော့မလို့ ကူညီပါဦးဆို တာ့တာပဲသိလား"

Chanyeolခေါင်းတခါခါနဲ့ ကော်ဖီခွက်ကိုသောက်နေတုန်း လက်ကိုဆွဲဖက်လာတဲ့သူကြောင့် ကော်ဖီမဖိတ်ရုံတမယ်..

"Chanyeol-Ya.. ဘာလုပ်နေတာလဲဟင်.. Sehunnieနဲ့Taoနဲ့သွားကြပြီသိလား.. ငါမင်းကိုလွမ်းလာလို့.. မင်းဆီပြေးလာခဲ့တာ"

နှစ်ယောက်မရှိတဲ့အဆိုးလေးဟာဆိုရင်ဖြင့်.. Chanyeolဘာမှပြန်မပြောနိုင်အောင် သူကချည်းစကားတွေပြောနေတော့သည်။

"နေပါဦး.. သူကဘယ်သူလဲYeollie"

"ကျွန်တော့်နာမည်က Baekhyunပါ.. ကျွန်တော်က Chanyeolရဲ့ချစ်သူပါ အစ်မ"

Baekhyun ငါပိုင်တာကိုလာမထိနဲ့ဆိုတဲ့ အပြုံးမျိုးပြုံးကြည့်နေတာကြောင့် Yoora Chanyeolကိုရှင်းဦးဆိုတဲ့ပုံစံနဲ့ကြည့်လာသည်။

"မမ နင်ထင်သလိုမဟုတ်ဘူး.. သူပေါက်ကရ‌တွေပြောနေတာ.. သူကငါ့ချစ်သူမဟုတ်ဘူး"

"ဟွန့်... ဘာမမလဲ.. Chanyeolနော်ငါမရှိတဲ့အချိန်လေးမှာ ဘယ်ကမမကပေါ်လာတာလဲ"

HE'S ✓Where stories live. Discover now