[Unicode + Zawgyi]
Baekhyunဖျားနေတဲ့ရက်တွေမှာ Chanyeolဆေးရုံကိုနေ့တစ်ပိုင်းပဲသွားဖြစ်သည်။
အချိန်တော်တော်များများကBaekhyunနဲ့နေဖြစ်ပြီး ဂရုစိုက်ပေးသည်။
Baekhyunကရစ်လည်း အလိုက်တသင့်ပဲနေပေးသည်။
၃ရက်ဖျားပြီးနောက်မှာတော့ Chanyeolဂရုစိုက်ပေးတာတွေကြောင့် နေပြန်ကောင်းသွားခဲ့သည်။Chanyeolပြောထားခဲ့တဲ့အတိုင်း နေကောင်းပြီးနောက်ရက်၌ မိဘတွေအိမ်ဆီပြန်တာကိုခေါ်သွားတာကြောင့် Baekhyunမှာကြောက်ကြောက်နဲ့လိုက်သွားခဲ့သည်။
လူကြီးတွေအတွက်ဘာလက်ဆောင်ပြင်ဆင်သွားရမည်မသိတာကြောင့် အစ်ကိုဖြစ်တဲ့Luhanက လိုအပ်မယ်ထင်တာကိုပြင်ဆင်ပေးလိုက်သေးသည်။
Chanyeolမိဘတွေအိမ်ရောက်တဲ့အခါ Baekhyunကားပေါ်ကတောင်မဆင်းရဲဘဲရှိနေတာနဲ့ Chanyeolကအမျိုးမျိုးချော့ခေါ်မှ ဆင်းလာခဲ့သည်။"Chanyeol.. မင်းမိဘတွေ ငါ့ကိုသဘောမကျရင်ဘယ်လိုလုပ်မလဲ
ငါကချောချောမောမောမိန်းကလေးလဲမဟုတ်ဘူး
ပြီးတော့ မင်းကိုကာကွယ်နိုင်ရအောင် ငါ့ခန္တာကိုယ်ကလည်းသေးသေးလေးရယ်
ပြီးတေ့ာ ငါလုပ်နိုင်တာဘာမှမရှိဘူး"အိမ်ထဲဝင်ဖို့နီးလာတော့ ထပ်ဖောက်လာတဲ့Baekhyunကြောင့် Chanyeolလျှောက်နေတဲ့ခြေလှမ်းတွေရပ်လိုက်တဲ့အခါ မျက်နှာငယ်လေးနဲ့ကြည့်နေတာကိုတွေ့ရသည်။
"ငါရှိနေတာပဲ ဘာကိုကြောက်နေမှာလဲ"
"ဟင့်... ငါအခုခံစားနေရတာကိုမင်းမသိပါဘူး
ငါ့ရင်ထဲတော်တော်ကိုပူလောင်နေပြီ
မင်းမိဘတွေသဘောမတူရင် ငါမင်းကိုခိုးပြေးပစ်မှာ"Baekhyunအပြောကြောင့် Chanyeolဟက်ဟက်ပက်ပက်ကိုရယ်နေတာနဲ့ Baekhyunသဘောမကျစွာ မျက်မှောင်ကြုတ်ကြည့်နေခဲ့သည်။
"ငါစိတ်ပူနေပါတာက တော်တော်ရယ်စရာကောင်းနေလား"
"မဟုတ်.. မဟုတ်ပါဘူး.. ဟဟ"
"တော်ပြီမတွေ့တော့ဘူး ပြန်တော့မယ်
အဲ့လက်ဆောင်တွေ မင်းပါ့မင်းဝယ်လာတာဆိုပြီးပေးလိုက်တော့"Chanyeolမှာရယ်ကြောမသတ်နိုင်သေးဘဲ Baekhyunထိုးပေးလာတဲ့လက်ဆောင်ထုပ်တွေကိုကိုင်လိုက်ပြီး Baekhyunလက်တွေကိုပါကိုင်ထားရသည်။