[Unicode+ Zawgyi]
မျက်လုံးတွေဖွင့်လာတော့တိတ်ဆိတ်နေမှုနဲ့အတူ အပြာနုရောင်မျက်နှာကြတ်ကိုမြင်တော့ Baekhyunမျက်လုံးတွေပြန်ပိတ်ပစ်လိုက်သည်။
သတိလွတ်မသွားခင်ကChanyeolနဲ့အတူတူရှိနေခဲ့ပေမဲ့လည်း Chanyeolကအမြဲလိုသူ့ကိုရှောင်ဖယ်နေစမြဲမို့ အခုလည်းနေရာတစ်ခုမှာထားခဲ့ပြီး တစ်ယောက်ထဲဖြစ်နေရပြန်တာကိုBaekhyunသဘောမကျဖြစ်နေသည်။
တကယ်ဆို ငါသတိရရချင်းမင်းကိုတွေ့ချင်နေတာကို..
ဘာလို့တစ်ယောက်ထဲဖြစ်နေရတာလဲ
Chanyeolကသာသူ့ကိုသူစိမ်းဆန်ဆန်နေပေမဲ့ စကားသွားပြောကြည့်တဲ့အခါChanyeolရဲ့သူငယ်ချင်းတွေက သူ့ကိုဖော်ဖော်ရွေရွေရှိကြသည်။
Cahnyeolရဲ့သူငယ်ချင်းတွေဆီကChanyeolရဲ့ အကြောင်းအရာတစ်ချို့ကိုBaekhyunသိခွင့်ရခဲ့သည်။
Chanyeolရဲ့သူငယ်ချင်းတွေလိုမျိုး Chanyeolကသာသူ့အပေါ်ဖော်ဖော်ရွေရွေရှိရင်ဘယ်လောက်ကောင်းလိုက်မလဲ..
အခုများတော့ ...တွေးနေရင်း အခန်းတံခါးဖွင့်သံကြားလာရလည်းBaekhyunမျက်လုံးတွေမဖွင့်ကြည့််ဘူး
"Baekhyuneeမြန်မြန်သတိရပါတော့ကွာ"
Baekhyunချက်ချင်းပဲမျက်လုံးတွေဖွင့်ကြည့်လာတဲ့အခါ ဘေးမှာမတ်တပ်ရပ်နေတဲ့Chenကိုတွေ့သည်။
"Chennie"
"ဘာတွေလုပ်နေလို့ အားနည်းသွားရတာလဲ"
Chenရဲ့အမေးကိုBaekhyunကအပြုံးနဲ့တုံ့ပြန်လာခဲ့ပြီးမှ
"ငါ့ကိုပစ်ထားတုန်းကပစ်ထားပြီး ဘာလို့လာမေးနေတာလဲ"
"ပစ်ထားတာကမင်းလေ..
Chanyeol.. Chanyeol.. Chanyeolနေပြီး ငါ့တို့သုံးယောက်ကိုဘေးပို့ထားခဲ့ပြီးတော့များ
ဘာကို အခုမှငါတို့ကပစ်ထားတာလဲ
ငါတို့ဘာတွေဖြစ်နေလဲတောင်မင်းသိလို့လား
လူကဖြင့် အချစ်မွှန် မွှန်နေပြီး"
"ဟီး ဟီး.. အဲ့လိုဖြစ်သွားတာလား.. မင်းတို့ကငါ့သူငယ်ချင်းတွေဆိုတော့ ဘယ်အချိန်တွေ့ချင်ချင်ပြေးလာလို့ရတယ်လေ
Chanyeolကကြ ပြေးသွားလို့မရဘူး သူ့ကိုတွေ့ခွင့်ရတုန်းလေးမှာပဲ ငါကတွေ့ရတာကို"