HE'S . 28

2.3K 374 8
                                    

[Unicode + Zawgyi]

ညကဖုန်းထဲမှာ Chanyeolကစကားတစ်လုံးမှမပြောဘဲ မျက်နှာတည်ကြီးနဲ့နေနေတာက နောက်တနေ့ နေ့လယ်ရောက်တဲ့အထိ Baekhyunစိတ်ထဲကထုတ်မရဘူး။
ဘာလို့ဖုန်းမဆက်လဲလို့ မေးတာကိုလည်းပြန်ဖြေမသွားဘူး။
မိုးလင်းကတည်းက အားရင်ဖုန်းဆက်ဖို့Massageပို့ထားတာကိုလည်း ဘာမှပြန်မလာဘူး။

Baekhyunမျက်မှောင်ကြုတ်လာကာ ဖုန်းကိုထုချေတော့မတက်စိုက်ကြည့်နေသည်။

"Baekhyunမင်းအဆင်ပြေရဲ့လား"

"မပြေဘူး.. Hyungသူငယ်ချင်းကအခုထိဖုန်းဆက်မလာဘူး"

JunMyeonမေးတာက တခြားတစ်ခုအတွက်ပေမဲ့ Baekhyunစိတ်ထဲChanyeolပဲရှိနေတာက Baekhyunကိုဘာမှမသိသေးမှန်းသိလိုက်သည်။

"Hyungမေးတာက အဲ့တာမဟုတ်ဘူး"

Baekhyun JunMyeonကိုကြည့်လာကာ မျက်ခုံးများပြေလျော့သွားသည်။

"Hyungကဘာကိုမေးတာလဲ"

"Baekhyunနဲ့ Dr.KimJaeHoတို့အကြောင်း.. Baekhyun မင်းDr.KimJaeHoနဲ့ဝေးဝေးနေတာကောင်းမယ်"

"Jaeနဲ့ကျွန်တော်ကသူငယ်ချင်းတွေပါHyungရဲ့.. Chanyeolကိုတောင်မိတ်ဆက်ပေးဖူးတယ်"

Baekhyunက ခပ်စူစူပြောနေတော့ JunMyeonကိုခေါင်းကိုခါလိုက်သည်။

"သူငယ်ချင်းတွေဆိုလည်း ဒီလိုတွေဖြစ်မလာစေနဲ့လေ
အခု မင်းနဲ့Dr.KimJaeHoကတွဲနေတယ်ဆိုပြီး နာမည်ထွက်နေတာ"

"မဖြစ်နိုင်တာ..??  ကျွန်တော်တို့ကရိုးရိုးသားသားကို"

"မနေ့ကမင်းဆီဖုန်းခေါ်တော့ Dr.KimJaeHoကကိုင်တယ်တဲ့.. ပြီးတော့ ရှက်ရအောင် ဘာတွေများစနောက်နေကြလို့လဲBaekhyun.. Chanyeolနဲ့မင်းကိုလက်ခံပေးခဲ့တာက Chanyeolကိုကစားဖို့မဟုတ်ဘူးနော်"

JunMyeonကြားရတဲ့သတင်းတွေနဲ့ပတ်သက်ပြီး မယုံနိုင်ပေမဲ့လည်း ဒေါသဖြစ်ရသည်။
Chanyeolသွားတာဘယ်လောက်မှမကြာသေးတဲ့အချိန်လေးမှာ ဒီလိုသတင်းထွက်ရအောင်Baekhyunကဘယ်လိုနေလို့လဲ ဆိုတဲ့အတွေးကလည်း ဒေါသကိုအဆ‌တိုးစေသည်။
Chanyeolကဘယ်လိုလူလဲ... ဘာလို့Chanyeolကို Baekhyunနဲ့လက်ခံပေးခဲ့တာလဲဆိုတဲ့စိတ်က Baekhyunကသာအမှားလုပ်ခဲ့ရင် ခွင့်လွှတ်ပေးဖို့ဆိုတာခဲယဉ်းလွန်းသည်။
အချစ်မှာအယုံအကြည်မရှိဘဲနေလာခဲ့တဲ့နှစ်ပေါင်းကမနည်း‌တော့ဘူး။ ဒါကို အခုမှအချစ်အတွက်ခံစားဖူးလာတဲ့ ညီအစ်ကိုလိုဖြစ်‌နေတဲ့Chanyeolရဲ့ရွေးချယ်မှုကို JunMyeonနည်းနည်းမှအမှားမခံနိုင်ဘူး။

HE'S ✓Where stories live. Discover now