HE'S . 18

4.1K 355 9
                                    

[Unicode + Zawgyi]

ညပိုင်းရောက်တော့ Chanyeolကရေးစရာရှိတဲ့Reportတွေရေးပြီးတာနဲ့ အိပ်ယာပေါ်လှဲပြီး စာအုပ်ဖတ်နေသည်။ တခြားစီနီယာတွေက အနားယူနေကြပြီး JunMyeonကတော့ ဂျူနီယာတွေကိုလူစုံမစုံလိုက်စစ်နေသည်။
မိုးကကောင်း‌နေတာနဲ့ ဂျူနီယာတွေကလည်းအပြင်မထွက်ဖြစ်ဘဲ ကိုယ့်အိပ်ယာပေါ်မှာကိုယ်စီ ကိုယ်ပိုင်လုပ်ချင်တာများလုပ်နေကြသည်။
ထိုအထဲမှနေရာတစ်ခုကတော့လွတ်နေခဲ့သည်။

"ဒါဘယ်သူ့နေရာလဲ.."

ဂျူနီယာလေးတွေအားလုံး JunMyeonပြရာကိုကြည့်လာကြပြီး Baekhyunနေရာဖြစ်ကြောင်းပြောတော့ JunMyeonမှာမျက်ခုံးများပင့်တက်သွားသည်။

"သူကဘယ်ရောက်နေတာလဲ"

"ဟို... ဟိုလေ.. သူ မိုးရေသွားချိုးနေပါတယ်စီနီယာ..
အတူလိုက်ခဲ့ဖို့ကျွန်တော့်ကိုခေါ်ပေမဲ့ မိုးရေမချိုးချင်တာနဲ့ငြင်းလိုက်တာ တစ်ယောက်ထဲထွက်သွားတယ်"

JunMyeonသူသိပြီဆိုတဲ့ပုံနဲ့လက်ကာပြကာ လုပ်စရာရှိတာတွေလုပ်ပြီးတာနဲ့စောစောအိပ်ကြရန်ပြောပြီး စီနီယာဆရာဝန်တွေနားနေရာဆီ ပြန်လာခဲ့သည်။

JunMyeonလည်း စာဖတ်နေတဲ့Chanyeolကိုပြောပြသည်။ JunMyeonပြောလာတာတွေနားထောင်ပြီးနောက်မှာ Chanyeolမျက်ခုံးနှစ်ဖက်ထိတော့မတက်ကြုတ်ထားပြီး မိုးသည်းထဲပျော်မြူးနေမဲ့Baekhyunကိုခေါ်ဖို့ထီးတစ်ချောင်းနဲ့ထွက်လာခဲ့သည်။

Baekhyunကမိုးရေထဲမှာ တစ်ယောက်ထဲပဲ သူသဘောကျတဲ့တောင်ကမို့လေးမှာထိုင်နေသည်။

"Baekhyun"

Chanyeolအနီးအနားမှာလိုက်ရှာကြည့်တာမတွေ့တာနဲ့ စိတ်ကူးထဲရှိရာနေရာဆီရောက်လာခဲ့ပြီးBaekhyunကိုတွေ့တာနဲ့ လှမ်းအော်ခေါ်တော့ မိုးသည်းနေတာကြောင့်ChanyeolအသံကBaekhyunနားထဲဝင်မသွားဘူး

"Baekhyun မိုးရေထဲဘာထိုင်လုပ်နေတာလဲ"

Chanyeolဆောင်းလာတဲ့ထီးကို စိုနေပြီးဖြစ်တဲ့Baekhyunအပေါ်မိုးလာပေးပြီး အော်သံတစ်ခုနဲ့ပြောလာမှ Chanyeolအနားရောက်လာတာကိုBaekhyunသိသွားသည်။

"Chanyeol-Ya"

Baekhyun Chanyeolကိုတွေ့တာနဲ့ရယ်ပြလာပေမဲ့ မိုး‌ရေထဲနေနေတဲ့ကြာချိန်ကြောင့်တုန်ယင်တာကိုမြင်နေရတဲ့Chanyeolကမျက်နှာတည်နဲ့ကြည့်နေသည်။

HE'S ✓Where stories live. Discover now