HE'S . 7

2.8K 388 1
                                    

[Unicode + Zawgyi]

မနက်ဖြန်နားရက်ဖြစ်တာကတစ်ကြောင်း JongInက နိုင်ငံခြားscholarshipပါသွားတာမို့ လုပ်နေကြဆေးရုံကနေနားထားပြီး မသွားရသေးခင်မှာ ခင်ရာခင်မိကြောင်းဒီသူငယ်ချင်းတွေနဲ့တွေ့လို့ရသရွေ့တွေ့ချင်သည်ဟု တတွတ်တွတ်ပူဆာလာတာကတစ်ကြောင်းမို့.. Chanyeolဒီညတော့ စာသင်တာကိုရပ်ကာ ကွန်ဒိုမှာပြန်နေမည်ကို စီနီယာMinSeokဆီပြောခဲ့ပြီးပြီ။

"Chan..ညကွန်ဒိုဆီပြန်ရောက်ရင် ကျွန်တော်လာခေါ်မယ်နော် ဒီညတော့ကျွန်တော်ပဲအကုန်ပတ်ခေါ်ပေးမယ်"

"အေးပါJongရာ အကုန်လုံးလာပါမယ်ဆိုတာကို"

မသွားခင်တွေ့ချင်တာကိုမတွေ့ရမှာစိုးပြီး အစ်ကိုတွေမလာမဖြစ်အောင်ကိုတက်ကြွနေသောJongInကြောင့် Chanyeolပြုံးရသည်။

မအားတတ်တဲ့အစ်ကိုတွေအကြောင်းကို အသိဆုံးလည်းဖြစ်နေတာမို့ JongInရဲ့တပူပူဆူညံနေတာကို ဘယ်သူကမှလည်းအပြစ်မမြင်ကြပါ။

"Chanyeolရေ.. Jongကတော့တကယ်ပဲကွာ Hyungတို့မလာမှာကိုအတော်စိတ်ပူနေတာပဲ ဖုန်းဆက်ပြီးပြောနေတာ သူ့အစားငါမောတယ်"

"Hyungလည်းသူ့အကြောင်းသိရဲ့သားနဲ့ တစ်ခုခုဆိုသူကအရှေ့ကတက်တက်ကြွကြွပဲ..ကျွန်တော့်ဆီကိုလည်း ဖုန်းတဂွမ်ဂွမ်ဆက်နေတာ.. Xingဆီလည်းဆက်နေဦးမှာ"

သူငယ်ချင်း၂ယောက် ညီလေးလိုဖြစ်နေတဲ့အငယ်ဆုံးလေးအကြောင်းပြောရင်းပြုံးနေကြသည်။

ဘီး... ဘီး... ဘီး...

"Jongပဲထပ်ဆက်လာတာနေမယ်"

JunMyeonစကားကိုChanyeolပြုံးကာ ဖုန်းAnswer keyကိုဆွဲလိုက်သည်။

"Chanyeol-ya... ဘာလုပ်နေလဲဟင်.. အလုပ်တွေအရမ်းရှုပ်နေလား.. ငါစာလုပ်နေရင်းအရမ်းပျင်းလာလို့ပါ စာတွေကလေ မင်းရှင်းပြတုန်းကလွယ်ပြီး မင်းမရှိတော့တာနဲ့ခက်လာလိုက်တာများ အိမ်မှာတစ်ယောက်ထဲကျန်ခဲ့ရတဲ့ငါ့ဘဝကြီးလိုပဲ..
စာကလည်းမရတော့ဘူး ငါကလည်းမင်းကိုအများကြီးလွမ်းနေရတယ်..
ငါ့ကိုစကားတစ်လုံးမှပြန်မပြောဘူးလား.. ဟင့် ငါမင်းအသံလေးကြားချင်လို့ဖုန်းဆက်တာကို ဘာလို့အခုလိုကြီးကိုင်ထားရတာလဲ"

HE'S ✓Where stories live. Discover now