HE'S . 12

2.8K 366 3
                                    

[Unicode + Zawgyi]

မနက်ဖြန်ဖြေရမဲ့စာမေးပွဲအတွက်ကိုစိတ်ပူခြင်းကင်းကွာပြီး Chanyeolကိုသွားတွေ့ရဖို့ကိုသာBaekhyunစိတ်အားထက်သန်နေသည်။

‌ဒီကြားထဲဆေးရုံတက်နေတုန်းမှာChenရဲ့ပူညံပူညံသံကမဆန်းပေမဲ့လည်း Sehunနဲ့Taoရဲ့ တစ်ယောက်ယောက်ကိုပြောင်းကြိုက်ဆိုတဲ့စကားတွေကိုပါအထပ်ထပ်ကြားနေခဲ့ရသည်။

သူငယ်ချင်းတွေဖြစ်တဲ့အပြင်ညီအစ်ကိုတွေလိုနေခဲ့ကြတာမို့ Baekhyunရဲ့စိတ်ကိုနားလည်နေတဲ့သူငယ်ချင်းတွေဟာ ပြောမရနိုင်မှန်းသိနေပေမဲ့လည်း Chanyeolကို Baekhyunအတွက်လုံးဝသဘောမကျကြဘဲ
BaekhyunကိုChanyeolလက်ထဲထည့်ပေးဖို့ကို လုံးဝလက်ခံနိုင်ကြဘူး။

ဒါပေမဲ့လည်း Baekhyunရဲ့မလျှော့သွားသောအချစ်တွေကြားမှာနားများပင်မခံနိုင်တဲ့အထိ တဖွဖွပြောနေသည်ကိုလည်း ဒေါသထွက်ချင်ကြပေမဲ့ Baekhyunဘက်ကတစ်ဖက်သက်အသည်းအသန်ချစ်နေရခြင်းကို သနားမိကြပြန်သည်။

"Hyungရာ.. ဘာလို့ဂနာမညိမ်ဖြစ်နေတာလဲ စာလုပ်လေဗျာ"

မနက်ကတည်းကစာအတူတူလုပ်နေခဲ့ကြပြီး အရင်ကစာဆိုဝေးဝေးရှောင်တက်ကြတဲ့သူတို့တွေဟာ ကြာလာတာနဲ့အမျှပျင်းပျင်းလာကြသည်။
သို့ပေမဲ့ Baekhyunကတော့ ပျင်းတာမပျင်းတာကိုစိတ်မရှိဘဲ Chanyeolဆီသွားတွေ့ရဖို့ကို အပြင်းအထန်းဆန္ဒစောနေတာနဲ့ ဟိုလျှောက်သည်လျှောက်ကအခန်းထဲခေါက်တုံ့ခေါက်ပြန်ဖြစ်နေသည်ကို ကျန်သူများမျက်စိဆံပင်မွှေးဆူးနေလေပြီ။

"ငါခဏသွားလိုက်ဦးမယ်နော်"

"Hyunee!!!" // "Hyung!!!" // "Baekhyun!!!"

သုံးယောက်လုံးတစ်သံထဲထွက်လာလည်းBaekhyunမှာဂရုမစိုက်ဘဲ ‌အောက်ထပ်ပြေးဆင်းသွားလို့ နောက်ကသုံးယောက်ကလည်းလိုက်လာကြရသည်။

"Baekhyunee!! ငါတို့စိတ်မဆိုးချင်ဘူးနော် မနက်ဖြန်စာမေးပွဲရှိနေတာကို
တော်တော်ချစ်ပြနေတယ်ဟုတ်လား အမြင်ကက်အောင်လုပ်မပြနဲ့"

Chenရဲ့စကားများကနားထဲကိုတစ်ဖက်ကဝင်တစ်ဖက်ကပြန်ထွက်သွားခဲ့သလို သက်ရောက်မှုမရှိဘဲ
ကားသော့ဆွဲကာ ကားဆီသွားနေတဲ့Baekhyunနောက်အမြန်လိုက်လာကြပြီးသုံးယောက်လုံးပဲကားတံခါးရှေ့ဦးစွာပိတ်ရပ်ထားလိုက်သည်။

HE'S ✓Where stories live. Discover now